ဆောနှင့် ကန်ပက်လက်ကြားတွင်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီမှ ပွဲ ၂၀-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ၃ ဦးမဆိုစလောက်လေးဒဏ်ရာရ

ဆောနှင့် ကန်ပက်လက်ကြားတွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီမှ ၂၀ ကျော်သေဆုံး၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ၃ ဦး ဒဏ်ရာရ-ရန်ကုန်၊ စက်တင်ဘာ ၆

မကွေးတိုင်းနှင့် ချင်းပြည်နယ် အစပ် ဆောမြို့နှင့် ကန်ပက်လက်မြို့ကြား နယ်မြေတွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်များကို YDF (ဆော)၊ CDF (ကန်ပက်လက်) ပူးပေါင်းအဖွဲ့မှ ယနေ့ညနေ ၄ နာရီခွဲခန့်တွင် မိုင်းခွဲ တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ ၂ နာရီခန့်ဖြစ်ပွားကာ စစ်ကောင်စီဘက်မှ ၂၀ ကျော်ခန့် သေဆုံး၊ YDF (ဆော) တပ်ဖွဲ့ဘက်မှ ၃ ဦး ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။

“ဒီ‌နေ့ညနေ ၄ နာရီခွဲလောက်မှာ စစ်ကောင်စီက အင်အား ၁၀၀ လောက်နဲ့ ဆောနဲ့ ကန်ပက်လက်ကြားနယ်မြေကို စစ်ကြောင်း ၃ ကြောင်းခွဲပြီး ချီတက်လာတယ်။ အဲဒီမှာ ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့က မိုင်း ၇ လုံး ခွဲပြီး တိုက်ခိုက်တယ်၊ နှစ်ဖက်ပစ်ခတ်မှုက ၂ နာရီလောက်ကြာတယ်။ စစ်ကောင်စီကတော့ ၂၀ ကျော်လောက် သေမယ်၊ ကျနော်တို့ဘက်က ၃ ယောက် ဒဏ်ရာရတယ်၊ မစိုးရိမ်ရဘူး။ အခြားပြည်သူ ၁ ယောက် ဒဏ်ရာရတယ်၊ သူကတော့ စိုးရိမ်ရတယ်” ဟု YDF (ဆော)မှ တာဝန်ရှိသူတစ်ဦးမှ ရန်ကုန်ခေတ်သစ်သို့ အတည်ပြု ပြောဆိုသည်။

စစ်သား ၂၀ ကျော် သေဆုံးပြီးနောက် အထိနာသွားသော စစ်ကောင်စီတပ်မှာ ည ၇ နာရီဝန်းကျင်တွင် ပြန်လည် ဆုတ်ခွာသွားသောကြောင့် တိုက်ပွဲငြိမ်သက်သွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲတွင် YDF (ဆော)အဖွဲ့နဲ့အတူ မဟာမိတ်တပ်ဖွဲ့များဖြစ်သည့် CDF (ကန်ပက်လက်) တပ်ဖွဲ့များမှလည်း ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အဆိုပါ နှစ်ဖွဲ့နှင့် ချိတ်ဆက်ထားသည့် ပြည်ထောင်စုကာကွယ်ရေးနှင့် လွတ်မြောက်ရေးမဟာမိတ်တပ်ပေါင်းစု (UDLA) မြေပြင်တာဝန်ခံမှ ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ယင်းအပြင် အဆိုပါဒေသသို့ စစ်ကူလာသော စစ်ကောင်စီမှ စစ်ကားများအား လမ်းခုလတ်တွင် မဟာမိတ် ဒေသကာကွယ်ရေးတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့သောကြောင့် ပြန်လှည့်သွားကြကြောင်းနှင့် စစ်ကောင်စီတပ်များသည် ကျောက်ထုနှင့် ဆောမြို့တွင် အင်အားတိုးချဲ့လာကြောင်း ‌ဒေသခံကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။ယခုတိုက်ပွဲ သတင်းအချက်အလက်များသည် ရန်ကုန်ခေတ်သစ်မှ ဆက်သွယ်မေးမြန်းမှုများကို UDLA ၏ မြေပြင်တာဝန်ခံမှ အတည်ပြုဖြေကြားထားခြင်းဖြစ်သည်။crd–

Add a Comment

Your email address will not be published. Required fields are marked *