————–
“ဆွေးနွေးပွဲသို့ NLD တက်မည်”
ကွန်မြူနစ်ပါတီ(တရုတ်) နှင့် အရှေ့တောင်အာရှ၊ တောင်အာရှ နိုင်ငံများမှ နိုင်ငံရေးပါတီများ၏
“နိုင်ငံရေးပါတီများ ပေါင်းစည်းစွမ်းအားနှင့်ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဖွံ့ဖြိုးတိုးတက်ရေးဆီသို့”
ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ၂၀၂၁ခုနှစ် စက်တင်ဘာ ၉ ရက်နေ့ တွင် Virtual Meeting ပြုလုပ်ပါမည်။ အဆိုပါအစည်းအဝေးသို့ တက်ရောက်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီလေးခု အား ဖိတ်ကြားထားပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဖိတ်ကြားမှုအားလက်ခံထားပြီး ဆွေးနွေးပွဲသို့တက်ရောက်မည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် စစ်အကြမ်းဖက်ကောင်စီမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အား ဖျက်သိမ်းခြင်းပြုမည်ဟု သတင်းများ ထွက်ပေါ်နေချိန်နှင့်လည်းတိုက်ဆိုင်လျှက်ရှိသည်။crd-