ေထာင္ကလြတ္လာတဲ့သူ လူ ၂၀ က စစ္ကိုင္းၿမိဳ႕နယ္ထဲက ရြာ ၂ ရြာကို ဝင္ၿပီး ဓာျပတိုက္ လုယက္

ေထာင္ကလြတ္လာတဲ့သူ လူ ၂၀ က စစ္ကိုင္းၿမိဳ႕နယ္ထဲက ရြာ ၂ ရြာကို ဝင္ၿပီး ဓာျပတိုက္ လုယက္
ဇူလိုင္ ၊ ၂၂ ၊ ၂၀၂၁
ေရႊဘုန္းျမတ္စံ (VOM)

စစ္ကိုင္းတိုင္း ၊ စစ္ကိုင္းၿမိဳ႕နယ္ ၊ တလိုင္းေက်းရြာက ေနအိမ္ ၁ လုံးနဲ႔ ေတာင္ရင္းေက်းရြာက ေနအိမ္ ၁ လုံးမွာ ဇူလိုင္ ၂၂ ရက္ ဒီမနက္ အေစာပိုင္း ၁

နာရီ ဝန္းက်င္ေလာက္က လူ ၂၀ ခန႔္ပါတဲ့ အဖြဲ႕ ၁ ဖြဲ႕က ဓားျပတိုက္ လုယက္သြားတယ္လို႔ လုယက္ခံရတဲ့ ကာယကံရွင္ေတြထံက သိရပါတယ္ ။

တလိုင္းေက်းရြာက လုယက္ခံလိုက္ရတဲ့ ကာယကံရွင္ မိသားစုဝင္ တစ္ေယာက္ေျပာတာက ” မနက္ ၁ နာရီေလာက္မွာ တုတ္ေတြ ၊ ဓားေတြ ကိုင္းထားတဲ့

လူ ၂၀ ေလာက္က အိမ္ထဲဝင္ၿပီး ပစၥည္းေတြလုယူတယ္ ၊ ဆိုင္ကယ္ ၁ စီး ၊ ဖုန္း ၂ လုံး ၊ ပိုက္ဆံ သိန္း ၃၀ ပါသြားတယ္ ” လို႔ ေျပာပါတယ္ ။

ဒါ့အျပင္ အဲ့ဒီ လုယက္ ဓားျပအဖြဲ႕ဟာ ေတာင္ရင္းေက်းရြာဘက္ကို ဆက္လက္သြားေရာက္ၿပီး ဦးသိန္းဝင္းရဲ့ ေနအိမ္က ဖုန္း ၃ လုံးကို ဝင္ေရာက္ လုယက္

ဓားျပတိုက္ခဲ့တယ္လို႔ သိရပါတယ္ ။

” အဲ့ဒီ အဖြဲ႕ထြက္သြားၿပီးေနာက္ ရြာမွာ လူစုၿပီး ဝိုင္လိုက္ၾကတယ္ ၊ ဓားျပအဖြဲ႕က ရြာေတာင္ဘက္နားက လယ္ခင္းေတြထဲမွာ ပုန္းခိုေနတယ္လို႔ သိရေတာ့

မေျပးနိုင္ေအာင္ ဝိုင္းပိတ္ထားၿပီး စခန္းကို အေၾကာင္းၾကားတယ္ ၊ ဒီမနက္ ၆ နာရီနဲ႔ ၇ နာရီအၾကားမွာ လုံျခဳံေရးအဖြဲ႕ေတြ ေရာက္လာၿပီး ဝင္ဖမ္းတယ္ ”

လို႔ တလိုင္းရြာခံ တစ္ေယာက္က ေျပာပါတယ္ ။

အဲ့ဒီလို လုံျခဳံေရးအဖြဲ႕က ပိတ္ဆို႔ရွာေဖြ ဖမ္းဆီးေနတဲ့အခ်ိန္မွာ ညကလုယက္ယူသြားတဲ့ ဟြန္ဒါ ကလစ္ဆိုင္ကယ္ အျဖဴေရာင္ ၁ စီး ၊ ဖုန္း ၂ လုံးနဲ႔ လုယ

က္သူ ၃ ေယာက္ကို ဖမ္းဆီးနိုင္ခဲ့တယ္လို႔ သိရပါတယ္ ။

” အသာတၾကည္ ဖမ္းဆီးခံတာ မဟုတ္ပဲ ဆိုင္ကယ္နဲ႔ ထြက္ေျပးတယ္ ၊ ပစ္ဖမ္း ဖမ္းခဲ့ရတာပါ ၊ မ်ိဳးဝင္းထြန္း အသက္ ၃၃ ႏွစ္ ၊ ဦးလွတင့္ အသက္ ၅၀ ႏွစ္

နဲ႔ ေက်ာ္ဇင္ထြန္း အသက္ ၃၈ ႏွစ္ ၊ ၃ ဦးကို ညက သက္ေသခံ ပစၥည္းေတြနဲ႔အတူမိတယ္ ၊ အဲ့ဒီ ၃ ေယာက္ထဲက မ်ိဳးဝင္းထြန္းရဲ့ ဘယ္ဘက္ေပါင္ က်ည္ေ

ဖာက္ဝင္ ဒဏ္ရာရတယ္ မစိုးရိမ္ရဘူး ” လို႔ စစ္ကိုင္တိုင္းေဒသႀကီး ရဲတပ္ဖြဲ႕႐ုံး တာဝန္က် ရဲဝန္းထမ္း တစ္ေယာက္က ေျပာပါတယ္ ။

ဒါ့အျပင္ ဖမ္းဆီးရမိတဲ့ သူေတြရဲ့ ထြက္ဆိုေျပာၾကားခ်က္အရ ညက လုယက္ဓားျပတိုက္ျဖစ္စဥ္မွာ လူ ၂၀ ဦး ပါဝင္ခဲ့ၿပီး အမ်ားစုဟာ ေထာင္က ျပန္လည္
လြတ္ေျမာက္လာသူေတြျဖစ္ၾကတယ္လို႔ သက္ဆိုင္ရာရဲ့ စစ္ေဆးေပၚေပါက္ခ်က္ေတြအရ သိရပါတယ္ ။

အဲ့ဒါေၾကာင့္ လုံျခဳံေရးအဖြဲ႕ေတြဟာ အဲ့ဒီ လုယက္ ဓားျပေတြ ပုန္းေအာင္းေနတဲ့ ေနရာဝန္းက်င္ကို ပိတ္ဆို႔ၿပီး ရွာေဖြ ဖမ္းဆီးေနဆဲျဖစ္တယ္လို႔ သိရပါတယ္ ။

#voiceofmyanmar #vom #စစ္ကိုင္း #ေထာင္ကလြတ္သူေတြဓါးျပတိုက္

ပုံစာ ၊ လုယက္ ဓားျပေတြကို ဖမ္းဆီးထားစဥ္ ျမင္ေတြ႕ရပုံ

ဓာတိပုံ ၊ စစ္ကိုင္းခရိုင္ရဲ

ထောင်ကလွတ်လာတဲ့သူ လူ ၂၀ က စစ်ကိုင်းမြို့နယ်ထဲက ရွာ ၂ ရွာကို ဝင်ပြီး ဓာပြတိုက် လုယက်
ဇူလိုင် ၊ ၂၂ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊ တလိုင်းကျေးရွာက နေအိမ် ၁ လုံးနဲ့ တောင်ရင်းကျေးရွာက နေအိမ် ၁ လုံးမှာ ဇူလိုင် ၂၂ ရက် ဒီမနက် အစောပိုင်း ၁

နာရီ ဝန်းကျင်လောက်က လူ ၂၀ ခန့်ပါတဲ့ အဖွဲ့ ၁ ဖွဲ့က ဓားပြတိုက် လုယက်သွားတယ်လို့ လုယက်ခံရတဲ့ ကာယကံရှင်တွေထံက သိရပါတယ် ။

တလိုင်းကျေးရွာက လုယက်ခံလိုက်ရတဲ့ ကာယကံရှင် မိသားစုဝင် တစ်ယောက်ပြောတာက ” မနက် ၁ နာရီလောက်မှာ တုတ်တွေ ၊ ဓားတွေ ကိုင်းထားတဲ့

လူ ၂၀ လောက်က အိမ်ထဲဝင်ပြီး ပစ္စည်းတွေလုယူတယ် ၊ ဆိုင်ကယ် ၁ စီး ၊ ဖုန်း ၂ လုံး ၊ ပိုက်ဆံ သိန်း ၃၀ ပါသွားတယ် ” လို့ ပြောပါတယ် ။

ဒါ့အပြင် အဲ့ဒီ လုယက် ဓားပြအဖွဲ့ဟာ တောင်ရင်းကျေးရွာဘက်ကို ဆက်လက်သွားရောက်ပြီး ဦးသိန်းဝင်းရဲ့ နေအိမ်က ဖုန်း ၃ လုံးကို ဝင်ရောက် လုယက်

ဓားပြတိုက်ခဲ့တယ်လို့ သိရပါတယ် ။

” အဲ့ဒီ အဖွဲ့ထွက်သွားပြီးနောက် ရွာမှာ လူစုပြီး ဝိုင်လိုက်ကြတယ် ၊ ဓားပြအဖွဲ့က ရွာတောင်ဘက်နားက လယ်ခင်းတွေထဲမှာ ပုန်းခိုနေတယ်လို့ သိရတော့

မပြေးနိုင်အောင် ဝိုင်းပိတ်ထားပြီး စခန်းကို အကြောင်းကြားတယ် ၊ ဒီမနက် ၆ နာရီနဲ့ ၇ နာရီအကြားမှာ လုံခြုံရေးအဖွဲ့တွေ ရောက်လာပြီး ဝင်ဖမ်းတယ် ”

လို့ တလိုင်းရွာခံ တစ်ယောက်က ပြောပါတယ် ။

အဲ့ဒီလို လုံခြုံရေးအဖွဲ့က ပိတ်ဆို့ရှာဖွေ ဖမ်းဆီးနေတဲ့အချိန်မှာ ညကလုယက်ယူသွားတဲ့ ဟွန်ဒါ ကလစ်ဆိုင်ကယ် အဖြူရောင် ၁ စီး ၊ ဖုန်း ၂ လုံးနဲ့ လုယ

က်သူ ၃ ယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ် ။

” အသာတကြည် ဖမ်းဆီးခံတာ မဟုတ်ပဲ ဆိုင်ကယ်နဲ့ ထွက်ပြေးတယ် ၊ ပစ်ဖမ်း ဖမ်းခဲ့ရတာပါ ၊ မျိုးဝင်းထွန်း အသက် ၃၃ နှစ် ၊ ဦးလှတင့် အသက် ၅၀ နှစ်

နဲ့ ကျော်ဇင်ထွန်း အသက် ၃၈ နှစ် ၊ ၃ ဦးကို ညက သက်သေခံ ပစ္စည်းတွေနဲ့အတူမိတယ် ၊ အဲ့ဒီ ၃ ယောက်ထဲက မျိုးဝင်းထွန်းရဲ့ ဘယ်ဘက်ပေါင် ကျည်ေ

ဖာက်ဝင် ဒဏ်ရာရတယ် မစိုးရိမ်ရဘူး ” လို့ စစ်ကိုင်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံး တာဝန်ကျ ရဲဝန်းထမ်း တစ်ယောက်က ပြောပါတယ် ။

ဒါ့အပြင် ဖမ်းဆီးရမိတဲ့ သူတွေရဲ့ ထွက်ဆိုပြောကြားချက်အရ ညက လုယက်ဓားပြတိုက်ဖြစ်စဉ်မှာ လူ ၂၀ ဦး ပါဝင်ခဲ့ပြီး အများစုဟာ ထောင်က ပြန်လည်
လွတ်မြောက်လာသူတွေဖြစ်ကြတယ်လို့ သက်ဆိုင်ရာရဲ့ စစ်ဆေးပေါ်ပေါက်ချက်တွေအရ သိရပါတယ် ။

အဲ့ဒါကြောင့် လုံခြုံရေးအဖွဲ့တွေဟာ အဲ့ဒီ လုယက် ဓားပြတွေ ပုန်းအောင်းနေတဲ့ နေရာဝန်းကျင်ကို ပိတ်ဆို့ပြီး ရှာဖွေ ဖမ်းဆီးနေဆဲဖြစ်တယ်လို့ သိရပါတယ် ။

#voiceofmyanmar #vom #စစ်ကိုင်း #ထောင်ကလွတ်သူတွေဓါးပြတိုက်

ပုံစာ ၊ လုယက် ဓားပြတွေကို ဖမ်းဆီးထားစဉ် မြင်တွေ့ရပုံ

ဓာတိပုံ ၊ စစ်ကိုင်းခရိုင်ရဲ

Add a Comment

Your email address will not be published. Required fields are marked *