ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ ၃ ဦးကို တရားစြဲထားသည့္အမႈ ႐ုံးခ်ိန္း ထပ္မံေရႊ႕ဆိုင္းလိုက္ျပန္
|ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ ၃ ဦးကို တရားစြဲထားသည့္အမႈ ႐ုံးခ်ိန္း ထပ္မံေရႊ႕ဆိုင္းလိုက္ျပန္
အာဏာသိမ္းအၾကမ္းဖက္ စစ္ေကာင္စီမွ ဖမ္းဆီးတရားစြဲဆိုခံထားရတဲ့ သမၼတဦး၀င္းျမင့္အပါအဝင္
နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေနျပည္ေတာ္ၿမိဳ႕ေတာ္၀န္ ေဒါက္တာမ်ိဳးေအာင္တို႔
သုံးဦးရဲ့ ႐ုံးခ်ိန္းေတြကို ထပ္မံေရႊ႕ဆိုင္းလိုက္တယ္လို႔ ၎တို႔ရဲ့ေရွ႕ေနက ေျပာပါတယ္။
“႐ုံးခ်ိန္းက ၂၃ ရက္နဲ႔ ၂၄ ရက္ကို ေရႊ႕လိုက္တယ္။ က်န္တာေတာ့ ဘာမွမထူးဘူးရွင့္၊ သူတို႔ ဒါပဲေျပာပါတယ္။
အေမတို႔နဲ႔ကေတာ့ အဆက္အသြယ္မရဘူးေပါ့” လို႔ ေရွ႕ေနျဖစ္သူ ေဒၚမင္းမင္းစိုးက ေျပာပါတယ္။
အခုလို ႐ုံးခ်ိန္းေတြ ေရႊ႕ဆိုင္းတာေၾကာင့္ နိုင္ငံ့ေခါင္းေဆာင္ေတြနဲ႔ ေတြ႕ခြင့္မရေပမယ့္လဲ
ၿပီးခဲ့တဲ့သီတင္းပတ္ေတြတုန္းက ပစၥည္းေတြ ပို႔ေပးထားတယ္လို႔ ေျပာပါတယ္။
“ၾကားထဲမွာေတာ့ ပို႔ထားၿပီးပါၿပီ။ ေရွ႕အပတ္ေတြတုန္းက ပို႔ထားၿပီးပါၿပီ။ လူကေတာ့မေတြ႕ရပါဘူး။
ပစၥည္းေတြကို ဒီအတိုင္း ရဲေတြကတဆင့္ပို႔ရတာပါ ” လို႔ ေဒၚမင္းမင္းစိုးက ေျပာပါတယ္။
နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို သဘာဝေဘးအႏၲရာယ္ဆိုင္ရာ
စီမံခန႔္ခြဲမႈဥပေဒပုဒ္မ ၂၅ နဲ႔ ႏွစ္မႈ၊ ပို႔ကုန္သြင္းကုန္ဥပေဒပုဒ္မ ၈ ၊ ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၇၊ ပုဒ္ မ ၅၀၅(ခ) ၊
နိုင္ငံေတာ္လၽွို႔ဝွက္အက္ဥပေဒပုဒ္မ ၃ ၊ အဂတိလိုက္စား မႈပုဒ္မေတြနဲ႔စစ္ေကာင္စီက တရားစြဲဆို ထားပါတယ္။
နိုင္ငံေတာ္သမၼဦး၀င္းျမင့္ကိုလည္း သဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈဥပေဒပုဒ္မ ၂၅ ၊
ပုဒ္မ ၅၀၅(ခ)တို႔နဲံ စြဲဆိုထားသလို ေနျပည္ေတာ္ၿမိဳ႕ေတာ္၀န္ ေဒါက္တာမ်ိဳးေအာင္ကိုလည္း ပုဒ္ မ ၅၀၅(ခ) နဲ႔
စြဲဆိုထားပါတယ္။
————
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ၃ ဦးကို တရားစွဲထားသည့်အမှု ရုံးချိန်း ထပ်မံရွှေ့ဆိုင်းလိုက်ပြန်
အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီမှ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ သမ္မတဦးဝင်းမြင့်အပါအဝင်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့
သုံးဦးရဲ့ ရုံးချိန်းတွေကို ထပ်မံရွှေ့ဆိုင်းလိုက်တယ်လို့ ၎င်းတို့ရဲ့ရှေ့နေက ပြောပါတယ်။
“ရုံးချိန်းက ၂၃ ရက်နဲ့ ၂၄ ရက်ကို ရွှေ့လိုက်တယ်။ ကျန်တာတော့ ဘာမှမထူးဘူးရှင့်၊ သူတို့ ဒါပဲပြောပါတယ်။
အမေတို့နဲ့ကတော့ အဆက်အသွယ်မရဘူးပေါ့” လို့ ရှေ့နေဖြစ်သူ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။
အခုလို ရုံးချိန်းတွေ ရွှေ့ဆိုင်းတာကြောင့် နိုင်ငံ့ခေါင်းဆောင်တွေနဲ့ တွေ့ခွင့်မရပေမယ့်လဲ
ပြီးခဲ့တဲ့သီတင်းပတ်တွေတုန်းက ပစ္စည်းတွေ ပို့ပေးထားတယ်လို့ ပြောပါတယ်။
“ကြားထဲမှာတော့ ပို့ထားပြီးပါပြီ။ ရှေ့အပတ်တွေတုန်းက ပို့ထားပြီးပါပြီ။ လူကတော့မတွေ့ရပါဘူး။
ပစ္စည်းတွေကို ဒီအတိုင်း ရဲတွေကတဆင့်ပို့ရတာပါ ” လို့ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ
စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နဲ့ နှစ်မှု၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇၊ ပုဒ် မ ၅၀၅(ခ) ၊
နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေပုဒ်မ ၃ ၊ အဂတိလိုက်စား မှုပုဒ်မတွေနဲ့စစ်ကောင်စီက တရားစွဲဆို ထားပါတယ်။
နိုင်ငံတော်သမ္မဦးဝင်းမြင့်ကိုလည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ၊
ပုဒ်မ ၅၀၅(ခ)တို့နဲံ စွဲဆိုထားသလို နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်ကိုလည်း ပုဒ် မ ၅၀၅(ခ) နဲ့
စွဲဆိုထားပါတယ်။
————