ဒေါ်အောင်ဆန်းစုကြည် အကြားချင်ဆုံးစကား (သို့) သာကော သာဝ အကြောက်ဆုံးသောစကား

ဒေါ်အောင်ဆန်းစုကြည် အကြားချင်ဆုံးစကား (သို့) သာကော သာဝ အကြောက်ဆုံးသောစကား
[ သူမလိုချင်တဲ့ မျိုးဆက်နဲ့ နိုင်ငံရေး ပင်မခရီး ]

ဒါမျိုး ထပ်ရေးဖို့ အကြောင်းကို မရှိဘူး မဉ္စမနိုင်ငံထူထောင်သူထဲမှာ အလုံးစုံနီးပါး ရေးထားလို့သို့ပေမယ့် မအလက ဒီပွဲကိုမနိုင်တော့ DASSK ကို လွှတ်ပေးပြီး ‌ရွေးကောက်ပြန်လုပ်မယ်တို့ ရှေ့မှာလည်း DASSK နဲ့ ဆွေးနွေးတယ်တို့ ဆိုက်ဝါးဂျင်းတွေနဲ့ လူထုစိတ်ကို သိချင်လို့ သတင်းလွှင့်ပြီး DASSK အဖြေနဲ့ ကမ္ဘာရဲ့ အခြေနေ တုန့်ပြန်မှုကိုလည်း နားစွန့်ကြည့်နေတာပဲ ဖြစ်တယ်

ရလဒ်ကတော့ တတိုင်းပြည်လုံး တနိုင်ငံလုံး ပြည်သူလူထု အသံကတော့” သွေးကြွေးမှာ ဆွေးနွေးရန် မရှိ “” အမေပြန်လာလည်း အဆုံးထိ တိုက်မှာ “ဆိုတဲ့.. အသံတွေပဲ ပလူပျံ စီညံနေတာကို အားလုံး အထင်သား တွေ့မြင်လိုက်ရတဲ့အတွက် ဒီပွဲ မအလ စကစ‌တို့ ဘယ်‌လိုမှ နောက်ဆုတ်မရပဲ အဆုံးထိ အာဏာကိုလက်မလွှတ်အောင် တိုက်မယ်ဆိုပြီး ဆုံးဖြတ် ရှေ့တိုးလာခြင်းပဲ ဖြစ်တယ်

( ဒီအသံမျိုးကိုလည်း လူထုခေါင်းဆောင်တစ်ယောက် သူမလိုချင်တဲ့အဖြေ ဖြစ်တဲ့အတွက် ကျေနပ်ဝမ်းသာနေမှာ အသေချာပါ ယုံကြည်တယ် )ဒီတော့ အခြားနိုင်ငံ အစိုးရဆို ဒီအခြေနေဆို လစ်နေပြီ ဒီတော့ အာဏာရူးပြီး ပေတောင့်ခံနေတာကလွဲလို့ မအလတို့ကျရှုံးနေပြီဆိုတာ လွန်ခဲ့တဲ့လတွေက ကိုမင်းကိုနိုင်တို့ CDM နိုင်ရင် ပြည်သူနိုင်ပြီဆိုပြီး ပြောကတည်းကဖြစ်တယ် ခုတော့ ခိုးထား ရောင်းစားနေတာတွေက ခုထိ ပေရှည်နေတာတွေပဲဖြစ်တယ်

ဒီတော့ လိုတိုဘွင်းရှင်းပြောရရင် မအလငတုံးက DASSK ကို ဖမ်းထားရင် ဒီပွဲ သူနိုင်ပြီမှတ်နေတာ နိုင်ငံရေးနားမလည်သူအချို့ကလည်း အာဏာသိမ်းမှာသိရဲ့ဘာကြောင့် ဒုပလန်မရှိ ကိုယ်လွတ်ရုန်း မရှောင်ထွက်တာလဲဆိုပြီး မေးကြတယ် အမှန်တော့ DASSK ဟာ ဒီပွဲကို အပြတ်ဖြတ်ဖို့ ရှောင်မထွက်ပဲ တမင်ကို စတေးခံပြီး ဘေးဖယ်နေပေးတာပဲဖြစ်တယ် ဒီတော့ဘာဖြစ်သလဲ ယခုဒီပွဲဟာ ပြည့်သူ့ဆန္ဒအရသာဆိုတဲ့ အဖြေကို ကမ္ဘာကြီးကို ပြသပြီး ရှေ့ဆက်ပွဲကိုဆက်ရပြီး အာဏာရှင်ကို အမြစ်ဖြတ်လို့ရပြီ အဆူံးသတ်လို့ ရပြီဆိုတာ ထိုအခွင့်အရေး ရဖို့ကိုလည်း သူမ ခုလို ရှောင်ဖယ်နေတာဖြစ်တယ်

ဒီတော့ ယခုပွဲနိုင်ဖို့ ဒီမြေပေါ်မှာ စစ်အာဏာရှင်အမြစ်ပြတ်ဖို့ DASSK ဟာ ဒီပွဲကို ရင်းလိုက်ပြီး တမင်ကို မရှောင်ပဲ အဖမ်းခံ ပွဲအတွက်သာ ဘေးဖယ် ရှောင်ခွာ နေပေးလိုက်တယ် စစ်ဝါဒီရူးတွေကို သူမစိတ်ချယုံကြည်တဲ့ မျိုးဆက်သစ်ပြည်သူတွေနဲ့ ထိပ်တိုက်တွေ့ပေးလိုက်တယ်ဘာကြောင့်ဆိုတော့ သူပါရင်(၁) ကမ္ဘာက နိုဗယ်ဆုနဲ့ ထိန်းချုပ်ပြီး/အ‌ကြောင်းပြ ‌‌ဆွေးနွေးညှိနှိုင်းမှုပဲ ပြုလုပ်စေမယ်(၂) ထိုအခါ ချီးနားအကြိုက်ဖြစ်ပြီး ချီးနားထောင်ခြောက်ထဲကျရောက်မယ် သဘောက ‌ဆွေးနွေးညှိနှိုင်းမှုဗန်းပြ အချိန်ဆွဲပြီး နိုင်ငံရေးကို အမြတ်ထုတ်မယ်

(၃) ဒါကို DASSK က လက်မခံဘူး အပြတ်ရှင်းလမ်းစဉ်ပဲ သွားမယ်ဆိုရင် နိုဗယ်ဆု အကြောင်းပြ အပုတ်ချမယ် သိက္ခာချမယ်(ICJ အရေးမှာ ထိုကဲ့သို့ လုပ်ခဲ့တာ သတိရပါ)(၄) DASSK ရဲ့ မူဝါဒ လမ်းစဉ်ဖြစ်တဲ့ ငြိမ်းချမ်းရေး လမ်းစဉ်ကြောင့် ယခုပွဲ ယတိပြတ်မဖြစ်ပဲ အရင် နအဖလမ်းစဉ်ခေတ် စနစ် သို့ ယခု ကဲ့သို့ နိုင်ငံရေးမှာ စစ်တပ် မဆုတ်ခွာပဲ ပါဝင်ပတ်သတ်နေအုံးမည်ဆိုတာနဲ့ ဒီမိုကရေစီ ရွှေရည်စိမ်ပဲ ဖြစ်နေမည်ဆိုတာ

ထိုအခါ သူမကို ပြည်သူလူထုကပဲ ညိုငြင်လာပြီး နိုင်ငံရေးသမားများက လက်ညိုးထိုး ဝေဖန် ထိုးနှပ်နေကြအုံးမည်ဆိုတာ သို့ကြောင့် ယခုပွဲကို အပြတ်ဖြတ်ဖို့နဲ့ ပြည်သူ့ဆန္ဒနဲ့အညီ နိုင်ငံရေးလမ်းစဉ်စနစ်ဖြစ်အောင်အတွက်နဲ့ သူမလိုချင် ဖြစ်ချင်သော နိုင်ငံရေးမှာ စစ်တပ်မပါရေး ထိုအတွက် ‌ခြေဥပြင်ဆင်ရေး ဒီမိုကရေစီအစစ်ရရှိဖို့အရေးတို့အတွက် သူမကိုယ်၌ စစ်အာဏာရှင်များနဲ့ အပြတ်ရှင်းလင်းသည့်လမ်းစဉ်ကို ပြည်သူနဲ့အတူ လျောက်လမ်းပြီး ချီတက် ရွက်လွှင့်ခဲ့သည်ဆိုတာ

သို့ကြောင့် ထိုပွဲ အောင်မြင်မှု့ရရှိဖို့အတွက် သူမ စတေးခံပြီး ဝှပ်ဖဲအဖြစ် ဘေးထွက် ရှောင်ခွာပေးနေသည်ဆိုတာ ဒါဟာ သူမ ပြည်သူနဲ့ မျိုးဆက်ကို ဒီမိုကရေစီမျိုးစေ့ချပေးပြီး လမ်းခင်းပေးမှုကို အပြည့်အ၀ယုံကြည်လို့ပဲ ဖြစ်သည်ဆိုတာထိုအတွက် အကယ်၍ ယခုပွဲမှာ သူမပါဝင်ရှိလျှင်စစ်တပ်ကို အပြတ်မရှင်းလင်းနိုင်ပဲ ကန့်လန့်ခံနေမှာဖြစ်သောကြောင့်_မှာကို သိနေ၍ ပြည်သူနဲ့ စစ်အာဏာရှင်ကို ထိပ်တိုက်တွေ့စေပြီး ကမ္ဘာကို ပုံရိပ်အစစ်မှန် ချပြလိုက်သည်ဆိုတာနဲ့

သို့ကြောင့် သူမ ယခုပွဲကို စတေးရင်းပြီး တနည်း စစ်အာဏာရူးတွေကို တဖက်လှည့်နဲ့ အစာတဖက် ထောင်ခြောက်တဖက် ဗျုဟာနဲ့ သတ်ကွင်းကို ‌ဆင်းစေသည်ဆိုတာသို့မှ ကမ္ဘာ့နိုင်ငံတွေနဲ့ ချီးနားလက်တံတွေဟာ သူမကို နိုဗယ်ဆုနဲ့ ထိန်းချုပ်ကိုင်ပေါက် ကစားလို့မရမှာဆိုတာနဲ့ ထိုအချက်ကို သိတဲ့ ချီးနားက မအလကို ကစားခိုင်းသလား သို့ မအလကိုယ်၌ သွေးတိုးစမ်းကြည့်လေသလား မသိ ယခုပွဲ ရှုံးနေသည့်အတွက် သူ့ထွက်ပေါက်အတွက် ရလိုရငြား- DASSK နဲ့ ဆွေးနွေးတယ်/ဆွေးနွေးမယ်ဆိုတဲ့သတင်းတွေ လွှင့်ထုတ်နေပြီး ပြည်သူ့အသံကို နားစွန့်ကြည့်နေသလို-

ချီးနားကိုယ်၌က NLD ပါတီကို ဖျက်သိမ်းဖို့ သဘောမတူကြောင်းနဲ့ တွေ့ဆုံဆွေးနွေးဖို့ လမ်းစဉ်ကိုပဲ စောင်းပေး ခင်းကျင်းလာနေသည်ဆိုတာဒီပွဲအဖြေ ဘယ်သူနိုင်လဲ ရှုံးမလဲဆိုတာ တကမ္ဘာလုံးက ကြိုသိနေသလို ထိုအတွက် အဖြေကလည်း သူမ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကြားချင်နေသော” အမေပြန်လာလည်း အဆုံးထိ တိုက်မယ် “ဆိုတဲ့… စကားအား ကမ္ဘာသိအောင် သူမကိုယ်စား သူမ ယုံကြည် အားကိုးရတဲ့ ပြည်သူတွေက ဖြေကြားပေးနေပြီပဲ ဖြစ်ပါတယ်ဒါဟာ သူမလိုချင်တောင့်တနေသော ” ပြည်သူသာ အဓိက ” ပဲ ဆိုတာ ……. !!
crd-#မင်းကြည်ညိုနေ 🕊️

Add a Comment

Your email address will not be published. Required fields are marked *