ပေါက်မြို့နယ်တောင်ပိုင်း ဝန်ခြုံးရွာကို စစ်ကောင်စီတပ်တွေ အကြမ်းဖက်ဝင်ရောက်မီးရှို့

ပေါက်မြို့နယ်ထဲက ရွာတစ်ရွာကို စစ်တပ်၊ရဲနဲ့ ပျုစောထီးပူးပေါင်း ဝင်တိုက်ပြီး အိမ်တွေကို မီးရှို့ဇူလိုင် ၃၁၊ ၂၀၂၁

ဒီနေ့မနက်ပိုင်းက ပေါက်မြို့နယ်တောင်ပိုင်းဝန်ခြုံးရွာမှာ ပေါက်မြို့နယ်တောင်ပိုင်းပျောက်ကြားတပ်ဖွဲ့နဲ့ ပင်ထောင်ရွာက ပျု စောထီးတို့အကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ပျုစောထီးဘက်
မှ ၃ ယောက် သေ ဆုံးခဲ့ပြီးနောက် စစ်တပ်က ရွာတွေထဲအထိ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ တယ်လို့ ပေါက်မြို့နယ် PDF အဖွဲ့ဝင်တစ်ဦးက Burma VJ ကိုပြောပါတယ်။
“ မနက်ခင်း ၈ နာရီလောက်ကနေစဖြစ်တာ၊ အခုအချိန်အထိတော့ တိုက်ပွဲကမရပ်သေးတဲ့အပြင် သူတို့ဘက်က စစ်တပ်ရော၊ ရဲရောရောက်လာပြီး လက်နက်ကြီးနဲ့ ထုနေတာပေါ့၊
ကျွန်တော်တို့ ဘက်ကတော့ အကျအဆုံး မရှိဘူး၊ သူတို့က ဝန်ခြုံးရွာရဲ့ ညာဖက်မှာနေရာယူထားပြီး စစ်တပ်ရယ်၊ ရဲရယ်၊ ပျုစောထီးရယ် ၃ဖွဲ့ပေါင်းပြီးတိုက်တာပါ ” လို့ ပြောပါတယ်။
စစ်တပ်က ရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အပြင် PDF လို့ယူဆထားသူတွေရဲ့ နေအိမ်တွေကို လိုက်လံမီးရှို့နေတာဖြစ်ပါတယ်။“ သူတို့က အိမ်တွေကို
မီးရှို့သွားတာလည်း အိမ် ၃ လုံးလောက်တော့ပါသွားတယ်။ ဘာလို့ ၃ လုံးလောက် ပဲရှို့တာလဲဆိုတော့ PDF လို့ထင်ရတဲ့ သူတွေရဲ့ အိမ်တွေကိုရွေးရှို့တာပေါ့။
အတိအကျသိရတာက တဲ့ ရှို့ခံရတဲ့ တစ်အိမ်က ကိုအောင်ဆန်းလင်းရဲ့ အိမ်ပါ” လို့ဆက်ပြောပါတယ်။ပေါက်မြို့နယ်ထဲကကျေးရွာတစ်ချို့မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအားကောင်း
ပြီး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တွေကို လက်နက်တပ်ဆင်ပြီး ပျုစောထီးအဖြစ်ဖွဲ့စည်းထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။“ ဝန်ခြုံးရွာတို့၊ ပင်ထောင်ရွာတို့က ကြံ့ခိုင်ရေးကို တစ်ရွာလုံး
နီးပါးထောက်ခံတယ်၊ ကြံ့ခိုင်ရေးအားကောင်းရင် ပျူ စောထီးအားကောင်းတယ်၊ ကျွန်မတို့သိရသလောက် ပျုစောထီးဆိုတာ ဘယ်သူတွေတုန်းလို့ ကြည့် လိုက်ရင် ကြံ့ခိုင်ရေးပါတီဝင်တွေ
ချည်းပဲ” လို့လည်း ပြောပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *