ရန်ကုန်၊ ဩဂုတ် ၅
ရေးမြို့တွင် ပုဒ်မ ၅၀၅ (က) ဖြင့် အဖမ်းခံထားရသူ ကိုပြေသိန်း သေဆုံးမှု နှိပ်စက်မှုကြောင့်ဟု မိသားစုဘက်က ယူဆ
ရန်ကုန်၊ ဩဂုတ် ၅
မွန်ပြည်နယ်၊ ရေးမြို့တွင် ပုဒ်မ ၅၀၅ (က) ဖြင့် အဖမ်းခံထားရသူ ကိုပြေသိန်း အသက် ၂၉ နှစ်သေဆုံးမှုသည် ထောင်တွင်း ညှဉ်းပန်းနှိပ်စက်
မှုကြောင့် ဟု မိသားစုက ယူဆထားကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦး ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ကိုပြေသိန်းသည် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ပြီး မတ်လ ၂၂ ရက်နေ့ တွင် အဖမ်းခံခဲ့ရကြောင်း၊ ကျိုက်မရောအကျဉ်းထောင်တွင်
ဖမ်းဆီးခံထားရစဉ် ဩဂုတ်လ ၄ ရက်နေ့ ဆီးချိုရောဂါဖြင့် သေဆုံးသည်ဟု အကြောင်းကြားလာပြီး ယနေ့ သဂြိုလ်ကြောင်း ၊ မိသားစုကို အသုဘ သဂြိုလ်သည့်
အခြေအနေကို လာရောက် ကြည့်ရှုရန် ခေါ်ဆောင်ခဲ့သော်လည်း သေချာစွာ အလောင်းကို ကြည့်ရှုခွင့်မ​ပြုကြောင်း သိရှိရသည်။
“သူ့မှာ ဆီးချိုရောဂါမရှိပါဘူး။ ဒီနေ့ သဂြိုလ်တာ မျက်နှာပဲ ကြည့်ခွင့်ပေးတယ်။ ဘာမှ ကြည့်ခွင့်မပြုဘူး။ မိသားစုဘက်ကတော့ သေဆုံးမှု
က သွေးရိုးသားရိုးမဟုတ်ဘူး။ နှိပ်စက်လို့ သေတယ်လို့ ယူဆပါတယ်။ အလောင်းကို သေသေချာချာ ကြည့်ခွင့်မရတော့ မိသားစု သံသယက ပိုပြီးတော့
ခိုင်မာပါတယ်။ ဖမ်းသွားတဲ့အချိန်နဲ့ လက်ရှိ နောက်ဆုံးအချိန်မြင်ရတာက အရမ်းကို နှိပ်စက်ခံထားရတာ သိသာပါတယ်” ဟု မိသားစုနှင့်နီးစပ်
သူ မိတ်ဆွေတစ်ဦးက ဆိုသည်။
Add a Comment
Your email address will not be published. Required fields are marked *