ရွှေ ၂ ပိဿာခွဲနဲ့ ငွေကျပ် သိန်း ၄၉၀ ပါ ယူဆောင်သွားတယ်ဆိုတဲ့ စွပ်စွဲခံထားရတဲ့ CDM ပြုလုပ်လာတဲ့ ရဲတပ်ကြပ်ကြီး မောင်သံ(ခ) ဇော်ဝင်းမင်းရဲ့ ပြောပြဖြေရှင်းချက်
|မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် ရဲဘော်တွေအနေနဲ့ စစ်အာဏာရှင်လက်အောက်ကဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် ထွက်လာခဲ့ကြစေချင်
တယ်လို့ ပြည်သူနဲ့ပူးပေါင်း အာဏာဖီဆန် CDM ပြုလုပ်လာတဲ့ ရဲတပ်ကြပ်ကြီး မောင်သံ(ခ) ဇော်ဝင်းမင်းက
ပြောကြားလိုက်ပါတယ်
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ရဲစခန်းကနေ ထွက်ပြေးလာစဉ် G3 သေနတ်တစ်လက်နဲ့ ကျည်တောင့်၁၂၀ သာယူလာပြီး
သူ့အပေါ်မှာ စွပ်စွဲထားတဲ့ ရွှေ ၂ ပိဿာခွဲနဲ့ ငွေကျပ် သိန်း ၄၉၀ ပါ ယူဆောင်သွားတယ်ဆိုတဲ့ စွပ်စွဲချက်တွေမဟုတ်မှန်ဘူးလို့
လည်းပြောပါတယ်
တပ်ကြပ်ကြီးဇော်ဝင်းမင်း “လိုင်းပေါ်မှာတော့ ကျနော်လည်း တွေ့တယ်။ အဲဒီလောက်များများဆိုရင် တခြားအဆင့်တွေက
သိမ်းဆည်းလို့ မရဘူးဗျ။စခန်းမှူးတွေ ဘာတွေက ကိုယ်တိုင်သိမ်းရတာပေါ့။
ကျနော်တို့ ယင်းမာပင်ရဲစခန်းဝင်းထဲမှာ ခရိုင်ရော၊ မြို့နယ်ရော ပေါင်းနေတာဆိုတော့လိုင်းပေါ်မှာ တင်ထားသလို
ပစ္စည်းတွေကြတော့မြို့နယ်မှူး၊ ခရိုင်မှူးတွေက စခန်းမှူးကို တိုက်ရိုက်သိမ်းခိုင်းတယ်ဗျ။ ကျနော်တို့လို အခြားအဆင့်တွေက
ဘာမှ အသုံးမကျတဲ့သက်သေခံပစ္စည်းတွေလောက်ပဲသိမ်းရတာ။
အဲဒါနဲ့ပတ်သက်ပြီး ကျနော့်အနေနဲ့ကတော့သံသယရှင်းတာပေါ့ဗျာ။ဒါလောက်အများတွေက တပ်ဖွဲ့ဝင်တွေ မသိမ်းရဘူး
ဆိုတာတော့ ရဲတပ်ဖွဲ့ဝင်တွေအကုန်လုံး သိတာပေါ့
ကျနော့်ဆီ ပါလာတာကတော့ G3 သေနတ် ၁ လက်နဲ့ ကျည်တောင့် ၁၂၀ ပဲပါပြီး အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ပဲ
ထွက်လာတာ။
တာဝန်ကျရင်းဆိုတော့ ယူနီဖောင်းလေးနဲ့ပဲ ထွက်လာတာ။ အဝတ်အစားတောင် ဒီလွတ်မြောက်နယ်မြေရောက်မှ
ဒီကညီအစ်ကိုတွေဝယ်ပေးလို့ ဝတ်ရတာ။”
လို့ ပြောပါတယ်သူ့နဲ့ ပတ်သက်ပြီး စစ်အုပ်စုက အခုလို သတင်းလွှင့်နေတာ စိတ်ဓာတ်စစ်ဆင်ရေးလုပ်နေတာ
ဖြစ်တယ်လို့လည်း တပ်ကြပ်ကြီး ဇော်ဝင်းမင်းကပြောပါတယ်
“အခုလို သတင်းတွေ လွှင့်တာကလည်း စိတ်ဓာတ်စစ်ဆင်ရေးနဲ့ တိုက်တာနေမှာပေါ့ဗျာ။
ကျနော်လည်း ဒီဘက် နေမရအောင်ဆိုတဲ့သဘောမျိုးနဲ့။
ဒါမှမဟုတ် ဒီပစ္စည်းတွေ သိမ်းထားပြီးမှ ကျနော် ဒီလိုလစ်မှမြေနိမ့်ရာ လှံစိုက်သဘောမျိုးနဲ့ လှိမ့်ပြီး လုံးထည့်လိုက်တာပေါ့။
ကျနော့်အနေနဲ့ကတော့ ယုံကြည်တဲ့ ခံယူချက်နဲ့ ထွက်လာခဲ့တာမို့ ပြည်သူတွေနဲ့အတူ အောင်မြင်တဲ့အထိ ဆက်လုပ်သွားမှာပါ
ကျနော့်လို ထွက်ချင်နေတဲ့ ရဲဘော်တွေလည်း အများကြီးရှိတယ်။ စိတ်မပါဘဲ နေနေကြရတာ။ ထွက်မယ်ဆိုတော့လည်း
ထွက်ခွင့်ကလည်းမရတော့ ရေလိုက်ငါးလိုက် မှေးနေကြရတာပေါ့၊၊
ကျနော့်အနေနဲ့ သူတို့ကိုလည်း ထွက်နိုင်ရင် ကောင်းတာပေါ့၊ဘယ်လိုနည်းနဲ့ ထွက်ထွက်ပေါ့။
ဒီထဲမှာတော့ မနေစေချင်ဘူးပေါ့ဗျာ”လို့ ပြောပါတယ်။
Crd – ဒီဗွီဘီ