သေဆုံးသွားတဲ့ ခွေးလေး အတွက် စစ်ကောင်စီကို လက်စားချေဖို့ အမှု တခု ထပ်တိုးလာပြီလို့ ဒေါသပေါက်ကွဲစွာ ဆိုတဲ့ မင်းမော်ကွန်း။
မင်းလေးရဲ့မက်ြဝန်းတွေကေ တာက်ပရက်တယ် ဆုံသူတိုင်းက မင်းကိုပဲအရုဏ်စွဲလို့
ကိုပေါက်
၂၂.၈.၂၀၂၁
အကယ်ဒမီ မင်သား :” မင်းမော်ကွန်း”ဟာ စစ်ကောင်စီကို တော်လှန်မှုကြောင့် ယခုအခါ
လွတ်မြောက်နယ်မြေသို့မိသားစု ၃ဦး အတူတကွ တိမ်းရှောင်နေရတာပဲဖြစ်ပါတယ်။
ယခုလို တိမ်းရှောင်ခဲ့ရာမှာ သူ့ရဲ့ အချစ်တော် ခွေးလေးမာယာလည်း ပါဝင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။
မနေ့က သြဂုတ်၂၂ရက်ညမှာ “မင်းမော်ကွန်း”၏ ခွေးကလေး ‘မာယာ’ဟာ ကြမ်းတမ်းလှတဲ့
တောတောင်ထဲမှာ သေဆုံးသွားခဲ့ရပြီ ဖြစ်လို့ ယခုလို ဒေါသပေါက်ကွဲနေခြင်းပဲဖြစ်ပါတယ်။
ဒါရိုက်တာ ကိုပေါက်က လည်း ခွေးလေး မာယာအတွက် ကဗျာလေး တပုဒ် ရေးဖွဲ့ ခဲ့ပါတယ်။
မာယာတေးသွားမြူတွေဝေတဲ့ လပြည့်ဝါခေါင်ရဲ့ဝေလီဝေလင်းမှာမင်းနဲ့ဆုံမယ်မှန်းမသိခဲ့ဘူးလေ၊
ခရီးတွေကမိုင်ချီတော့မင်းကလေးလိုက်နိုင်ပါ့မလားလို့ စိတ်ပူတယ်၊ အန္တရာယ်တွေက
လက်တကမ်းမှာ ကြိုကြိုစောင့်နေတော့ မင်းပန်းမှားလည်းစိုးတယ်၊
မင်းရဲ့ပင့်သက်ရှိုက်သံတွေကြားမောမောပန်းပန်းပြေးကြရတော့မင်းအဆင်ပြေပါ့မလားလဲ စိတ်ပူတယ်၊
တော်လှန်ရေးမှာခဏတွေ့ရပေမယ့်တသက်မမေ့အောင်လုပ်ရက်တယ် မာယာ၊
မင်းလေးရဲ့မကြ်ဝန်းတွေကေ တာက်ပရက်တယ် ဆုံသူတ်ိုင်းက မင်းကိုပဲအရုဏ်စွဲလို့
အခက်အခဲတစ်ချို့ လည်းမင်းမျက်ဝန်းကြောင့်ကျော်ခဲ့တယ်၊
ပန်းတိုင်ရောက်ခါနီးမှထားရက်ခဲ့တာလား မာယာ၊လေပြည်တိုက်တိုင်းဟိုဘက်ကမ်းက ဖားစည်သံတွေ
မင်းလေးကြားပါစေ၊မာယာရေဒေါနတောင်တန်းနဲ့ သံလွင်မြစ်ကြီးကမင်းလေးရဲ့ ပင့်သက်ရှို
က်သံတွေကို မာယာတေးသွားတစ်ပုဒ်လို အကြိမ်ကြိမ်ဆိုညည်းနေအုံးမှာ…..
ကိုပေါက်
၂၂.၈.၂၀၂၁