ေအာင္လံလႊင့္ခ်ီ ေႏြဦးထီဝယ္ယူမရသည္အထိ ေရာင္းခ်နိုင္ခဲ့သျဖင့္ ေငြလႊဲစရင္းအားလုံးတင္ျပရန္ဘဏ္မ်ားကို စကစညႊန္ျကား

ျပည္သူလူထု တခဲနက္ အားေပးေနသည့္ ေအာင္လံလႊင့္ခ်ီ ေႏြဦးထီ ေရာင္းခ်ရာတြင္ ေငြလႊဲေျပာင္းမႈမ်ားကို

စိစစ္နိုင္ေရး ပူးေပါင္းေဆာင္ရြက္ရန္ ဘဏ္မ်ားႏွင့္ေငြေၾကးဝန္ေဆာင္သူမ်ားကို စစ္ေကာင္စီက ညႊန္ၾကား
ရန္ကုန္၊ ဩဂုတ္ ၁၆

အမ်ိဳးသားညီညြတ္ေရးအစိုးရ NUG က ေရာင္းခ်သည့္ ေအာင္လံလႊင့္ခ်ီ ေႏြဦးထီကို ျပည္သူလူထုက

တခဲနက္ အားေပးလၽွက္ရွိၿပီး ယင္းထီေရာင္းခ်မႈႏွင့္ ပတ္သက္သည့္ ေငြလႊဲေျပာင္းမႈမ်ားကို

စိစစ္ေဖာ္ထုတ္နိုင္ရန္အတြက္ ညႇိႏွိုင္းေဆာင္ရြက္ရန္ ဘဏ္မ်ားအားလုံး၊ ေငြေရးေၾကးေရးကုမၸဏီမ်ားႏွင့္

မိုဘိုင္းေငြေၾကး ဝန္ေဆာင္မႈေပးသူမ်ားကို စစ္ေကာင္စီ၊ ဗဟိုဘဏ္ ညႊန္ၾကားခ်က္ ထုတ္ျပန္ထားေၾကာင္း

ဘဏ္အသိုင္းအဝိုင္းက ရန္ကုန္ေခတ္သစ္သို႔ သတင္းေပးပို႔သည္။


ဩဂုတ္လ ၁၃ ရက္ေန႔ ထုတ္ျပန္ေသာ အဆိုပါ ညႊန္ၾကားခ်က္တြင္ ေအာင္လံလႊင့္ခ်ီ ေႏြဦးထီသည္

အြန္လိုင္းမွတစ္ဆင့္ ထီေရာင္းခ်ျခင္းႏွင့္ ဆုေငြထုတ္ေပးျခင္းတို႔ကို ဘဏ္မ်ား၏ အြန္လိုင္းဘဏ္စနစ္၊

ေငြလႊဲစနစ္မ်ား၊ ဒီဂ်စ္တယ္ Payment မ်ားျဖင့္ ေဆာင္ရြက္လာနိုင္ေၾကာင္း ၊ ထို႔ေၾကာင့္ ဘဏ္မ်ား၊

ေငြေရးေၾကးေရး ဝန္ေဆာင္သူမ်ားအေနျဖင့္ ေန႔စဥ္ ေငြလႊဲေျပာင္းေဆာင္ရြက္မႈမ်ားကို တိက်စြာ တင္ျပရန္

စစ္ေကာင္စီ၏ ညႊန္ၾကားခ်က္တြင္ ေရးသားထားသည္။

ဩဂုတ္လ ၁၅ ရက္ေန႔ တြင္ စတင္ေရာင္းခ်သည့္ NUG အစိုးရ၏ ေအာင္လံလႊင့္ခ်ီ ေႏြဦးထီသည္

ဝယ္ယူမရသည္အထိ ေရာင္းခ်နိုင္ခဲ့ၿပီး ထီေစာင္ေရ ၅၀၀၀၀ ေရာင္းခ်ရသည္ဟု NUG ၏

တရားဝင္ ထုတ္ျပန္ေျပာဆိုခ်က္အရ သိရွိရသည္။

 

ပြည်သူလူထု တခဲနက် အားပေးနေသည့် အောင်လံလွှင့်ချီ နွေဦးထီ ရောင်းချရာတွင် ငွေလွှဲပြောင်းမှုများကို

စိစစ်နိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် ဘဏ်များနှင့်ငွေကြေးဝန်ဆောင်သူများကို စစ်ကောင်စီက ညွှန်ကြား
ရန်ကုန်၊ ဩဂုတ် ၁၆

အမျိုးသားညီညွတ်ရေးအစိုးရ NUG က ရောင်းချသည့် အောင်လံလွှင့်ချီ နွေဦးထီကို ပြည်သူလူထုက

တခဲနက် အားပေးလျှက်ရှိပြီး ယင်းထီရောင်းချမှုနှင့် ပတ်သက်သည့် ငွေလွှဲပြောင်းမှုများကို

စိစစ်ဖော်ထုတ်နိုင်ရန်အတွက် ညှိနှိုင်းဆောင်ရွက်ရန် ဘဏ်များအားလုံး၊ ငွေရေးကြေးရေးကုမ္ပဏီများနှင့်

မိုဘိုင်းငွေကြေး ဝန်ဆောင်မှုပေးသူများကို စစ်ကောင်စီ၊ ဗဟိုဘဏ် ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း

ဘဏ်အသိုင်းအဝိုင်းက ရန်ကုန်ခေတ်သစ်သို့ သတင်းပေးပို့သည်။

ဩဂုတ်လ ၁၃ ရက်နေ့ ထုတ်ပြန်သော အဆိုပါ ညွှန်ကြားချက်တွင် အောင်လံလွှင့်ချီ နွေဦးထီသည်

အွန်လိုင်းမှတစ်ဆင့် ထီရောင်းချခြင်းနှင့် ဆုငွေထုတ်ပေးခြင်းတို့ကို ဘဏ်များ၏ အွန်လိုင်းဘဏ်စနစ်၊

ငွေလွှဲစနစ်များ၊ ဒီဂျစ်တယ် Payment များဖြင့် ဆောင်ရွက်လာနိုင်ကြောင်း ၊ ထို့ကြောင့် ဘဏ်များ၊

ငွေရေးကြေးရေး ဝန်ဆောင်သူများအနေဖြင့် နေ့စဉ် ငွေလွှဲပြောင်းဆောင်ရွက်မှုများကို တိကျစွာ တင်ပြရန်

စစ်ကောင်စီ၏ ညွှန်ကြားချက်တွင် ရေးသားထားသည်။

ဩဂုတ်လ ၁၅ ရက်နေ့ တွင် စတင်ရောင်းချသည့် NUG အစိုးရ၏ အောင်လံလွှင့်ချီ နွေဦးထီသည်

ဝယ်ယူမရသည်အထိ ရောင်းချနိုင်ခဲ့ပြီး ထီစောင်ရေ ၅၀၀၀၀ ရောင်းချရသည်ဟု NUG ၏

တရားဝင် ထုတ်ပြန်ပြောဆိုချက်အရ သိရှိရသည်။

Add a Comment

Your email address will not be published. Required fields are marked *