ေျမာင္ၿမိဳ႕နယ္ ျမစ္စုံ‌ေက်းရြာအနီး စစ္ေကာင္စီတပ္ႏွင့္ PDF တိုက္ပြဲျဖစ္

စစ္ကိုင္းတိုင္း ေျမာင္ၿမိဳ႕နယ္ ျမစ္စုံ‌ေက်းရြာအနီးမွာ စက္တင္ဘာ ၈ ရက္ေန႔ ၁၁ နာရီေက်ာ္ေလာက္က အၾကမ္းဖက္စစ္တပ္နဲ႔ ေျမာင္ၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးတပ္ PDF တို႔ တိုက္ပြဲျဖစ္ပြားခဲ့တယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။

ဧရာဝတီတစ္ဖက္ကမ္း ျမင္းၿခံၿမိဳ႕မွာ တပ္စြဲထားတဲ့ အၾကမ္းဖက္ေရတပ္အင္အား တစ္ရာနီးပါနဲ႔ တိုက္ပြဲျဖစ္ပြားခဲ့တာလို႔ ေျမာင္ျပည္သူေတာ္လွန္ေရးအဖြဲ႕ေခါင္းေဆာင္က DVB ကို ေျပာပါတယ္။

“ဒီ‌ေကာင္ေတြ ေမာ္ေတာ္ေတြ၊ စက္ေလွေတြနဲ႔ က်ေနာ္တို႔ကို အရင္စလာတိုက္တာ။ တိုက္ပြဲအက်ဆုံးကေတာ့ က်ေနာ္တို႔ဘက္က နားရြက္ပြတ္ၿပီးမွန္ထားတာတစ္ေယာက္ရွိတယ္။ မစိုးရိမ္ရပါဘူးဗ်။ ေခြးေတြဘက္ကေတာ့ ၄ ဦး က်ဆုံးတယ္ဗ်။

ဘာလို႔ အဲဒီလို ေျပာနိုင္တာလဲဆိုေတာ့ က်ေနာ္တို႔ တိတိက်က် ပစ္မွတ္ကို ပစ္နိုင္လိုက္တယ္။ အခုေတာ့ က်ေနာ္တို႔ဘက္က လက္နက္မမၽွလို႔ ေနာက္ဆုတ္ေပးလိုက္တယ္။”

ေျမာင္ျမစ္စုံေက်းရြာဟာ ခ်င္းတြင္းျမစ္နဲ႔ ဧရာဝတီျမစ္ေပါင္းစုံတဲ့ ေနရာတစ္ခုျဖစ္ပါတယ္။ေျမာင္‌ၿမိဳ႕နယ္အတြင္း ေျမာင္ၿမိဳ႕ေပၚမွာရွိတဲ့‌ အၾကမ္းဖက္စစ္ေကာင္စီတပ္ေတြကလည္း ကင္းရြာကို ဝင္ေရာက္ရွာေဖြ ဖ်က္ဆီးေနတာေၾကာင့္ ေဒသခံေက်းရြာသားမ်ား ေနရပ္စြန႔္ခြာ ထြက္ေျပးေနရတယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။crd-

————-

စစ်ကိုင်းတိုင်း မြောင်မြို့နယ် မြစ်စုံ‌ကျေးရွာအနီးမှာ စက်တင်ဘာ ၈ ရက်နေ့ ၁၁ နာရီကျော်လောက်က အကြမ်းဖက်စစ်တပ်နဲ့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧရာဝတီတစ်ဖက်ကမ်း မြင်းခြံမြို့မှာ တပ်စွဲထားတဲ့ အကြမ်းဖက်ရေတပ်အင်အား တစ်ရာနီးပါနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ မြောင်ပြည်သူတော်လှန်ရေးအဖွဲ့ခေါင်းဆောင်က DVB ကို ပြောပါတယ်။

“ဒီ‌ကောင်တွေ မော်တော်တွေ၊ စက်လှေတွေနဲ့ ကျနော်တို့ကို အရင်စလာတိုက်တာ။ တိုက်ပွဲအကျဆုံးကတော့ ကျနော်တို့ဘက်က နားရွက်ပွတ်ပြီးမှန်ထားတာတစ်ယောက်ရှိတယ်။ မစိုးရိမ်ရပါဘူးဗျ။ ခွေးတွေဘက်ကတော့ ၄ ဦး ကျဆုံးတယ်ဗျ

။ ဘာလို့ အဲဒီလို ပြောနိုင်တာလဲဆိုတော့ ကျနော်တို့ တိတိကျကျ ပစ်မှတ်ကို ပစ်နိုင်လိုက်တယ်။ အခုတော့ ကျနော်တို့ဘက်က လက်နက်မမျှလို့ နောက်ဆုတ်ပေးလိုက်တယ်။”

မြောင်မြစ်စုံကျေးရွာဟာ ချင်းတွင်းမြစ်နဲ့ ဧရာဝတီမြစ်ပေါင်းစုံတဲ့ နေရာတစ်ခုဖြစ်ပါတယ်မြောင်‌မြို့နယ်အတွင်း မြောင်မြို့ပေါ်မှာရှိတဲ့‌ အကြမ်းဖက်စစ်ကောင်စီတပ်တွေကလည်း ကင်းရွာကို ဝင်ရောက်ရှာဖွေ ဖျက်ဆီးနေတာကြောင့် ဒေသခံကျေးရွာသားများ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။crd-

 

 

Add a Comment

Your email address will not be published. Required fields are marked *