ျပင္သစ္ဓာတ္ပုံပြဲေတာ္မွာ ျမန္မာသတင္းဓာတ္ပုံသမားတစ္ဦး ထိပ္တန္းဆုရ

ျပင္သစ္ဓာတ္ပုံပြဲေတာ္မွာ ျမန္မာသတင္းဓာတ္ပုံသမားတစ္ဦး ထိပ္တန္းဆုရ

ျပင္သစ္နိုင္ငံေတာင္ပိုင္းမွာက်င္းပတဲ့ Visa Pour L’Image ဓာတ္ပုံပြဲေတာ္မွာ ျမန္မာသတင္းဓာတ္ပုံသမားတစ္ဦး ထိပ္တန္းဆုကို ရရွိသြားတယ္လို႔ ဆုေရြးခ်ယ္ေရးအဖြဲ႕က စက္တင္ဘာလ ၄ ရက္မွာ ေၾကညာပါတယ္။

လုံျခဳံေရးေၾကာင့္ အမည္မေဖာ္လိုတဲ့အဲဒီဓာတ္ပုံသမားဟာ သတင္းဓာတ္ပုံဆုကို ရရွိသြားတာျဖစ္ပါတယ္။အဲဒီဆုကို ဆုရဓာတ္ပုံဆရာအစား နယူေယာ့တိုင္းမ္စ္ သတင္းစာရဲ့ အာရွဓာတ္ပုံအယ္ဒီတာက တက္ယူခဲ့ပါတယ္။

အယ္ဒီတာကေတာ့ ဒီဆုအတြက္ ဆုရွင္က ဝမ္းသာဂုဏ္ယူသလို ဒီဆုဟာ ျမန္မာျပည္တြင္းက အက်ပ္အတည္းေတြၾကားကေန အလုပ္လုပ္ကိုင္ေနတဲ့ဓာတ္ပုံသမားေတြအတြက္လည္း ရည္ရြယ္တယ္ဆိုၿပီး ေျပာထားတယ္လို႔ ဆုယူခ်ိန္မွာ ကိုယ္စားေျပာထားပါတယ္။

ေႏြဦးေတာ္လွန္ေရးေခါင္းစဥ္ေအာက္က အဲဒီဓာတ္ပုံဟာ ဆုေၾကး ယူရိုေငြ ရွစ္ေထာင္ ရရွိမွာျဖစ္ပါတယ္။ ခရက္တစ္-ဘီဘီစီ

—————

ပြင်သစ်ဓာတ်ပုံပွဲတော်မှာ မြန်မာသတင်းဓာတ်ပုံသမားတစ်ဦး ထိပ်တန်းဆုရ

ပြင်သစ်နိုင်ငံတောင်ပိုင်းမှာကျင်းပတဲ့ Visa Pour L’Image ဓာတ်ပုံပွဲတော်မှာ မြန်မာသတင်းဓာတ်ပုံသမားတစ်ဦး ထိပ်တန်းဆုကို ရရှိသွားတယ်လို့ ဆုရွေးချယ်ရေးအဖွဲ့က စက်တင်ဘာလ ၄ ရက်မှာ ကြေညာပါတယ်။

လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့အဲဒီဓာတ်ပုံသမားဟာ သတင်းဓာတ်ပုံဆုကို ရရှိသွားတာဖြစ်ပါတယ်။အဲဒီဆုကို ဆုရဓာတ်ပုံဆရာအစား နယူယော့တိုင်းမ်စ် သတင်းစာရဲ့ အာရှဓာတ်ပုံအယ်ဒီတာက တက်ယူခဲ့ပါတယ်။

အယ်ဒီတာကတော့ ဒီဆုအတွက် ဆုရှင်က ဝမ်းသာဂုဏ်ယူသလို ဒီဆုဟာ မြန်မာပြည်တွင်းက အကျပ်အတည်းတွေကြားကနေ အလုပ်လုပ်ကိုင်နေတဲ့ဓာတ်ပုံသမားတွေအတွက်လည်း ရည်ရွယ်တယ်ဆိုပြီး ပြောထားတယ်လို့ ဆုယူချိန်မှာ ကိုယ်စားပြောထားပါတယ်။

နွေဦးတော်လှန်ရေးခေါင်းစဉ်အောက်က အဲဒီဓာတ်ပုံဟာ ဆုကြေး ယူရိုငွေ ရှစ်ထောင် ရရှိမှာဖြစ်ပါတယ်။ ခရက်တစ်-ဘီဘီစီ

Add a Comment

Your email address will not be published. Required fields are marked *