ဖမ်းဝရမ်းထုတ်ခံထားရလို့ ရှောင်တိမ်းရင်း လွတ်မြောက်နယ်မြေမှာပဲ ရင်သွေးငယ်လေးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့တဲ့ ဒေါက်တာမြဝတ်ရည်
Credit
Credit
unicode
ပရိသတ်ကြီးရေ.. စကားပြောပွင့်လင်းပြီး မဟုတ်မခံတတ်သလို ချစ်စရာစိတ်ထားလေးတွေ
ကြောင့် ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ ဆယ်လီတွေထဲမှာ
ဒေါက်တာမြဝတ်ရည်ကလည်း အပါအဝင်ပါပဲ..။
ဒေါက်တာမြဝတ်ရည်ဟာဆိုရင် ခွဲစိတ်အထူးကု ဆရာဝန်ဘဝမှာ CDMပြုလုပ်ကာ ပြည်သူလူထု
နဲ့အတူတစ်သားတည်းရပ်တည်ပြီး ဆန့်ကျင်တော်လှန်ခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်နော်။
ပြည်သူလူထုနဲ့အတူတစ်သားတည်းရပ်တည်ခဲ့တဲ့ ဒေါက်တာမြဝတ်ရည်ကို ပုဒ်မ ၅၀၅(က)နဲ့တရားဆွဲဆိုခံခဲ့ရတာပဲဖြစ်ပါတယ်။
ကိုယ်ဝန်ကြီးနဲ့ဝရမ်းကြောင့်တိမ်းရှောင်တိမ်းနေရတဲ့ ဒေါက်တာမြဝတ်ရည်ဟာ ရင်သွေးငယ်သမီး
လေးကို အောင်မြင်ဘေးကင်းစွာ မွေးဖွားခဲ့ပြီဖြစ်ပါသည်။မိခင်ရော ရင်သွေးပါ ကျန်းမာဘေး
ကင်းစွာရှိနေသည့်အတွက် ဒေါက်တာ့ ကို စိုးရိမ်၍ ချစ်မြတ်နိုးသူပရိတ်သတ်များ စိတ်ချမ်းသာ
စရာ သတင်းအနေဖြင့် တင်ဆက်ပေးလိုက်ပါတယ်နော်။