ဝေမျှထားတာ ဖြစ်ပါတယ်..။
နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ လက်ရှိအခြေအနေတွေအမျိုးမျိုးကြောင့် ပြည်သူတွေမှာ အသက်အိုးအိမ်စည်းစိမ်တွေ အများအပြား
ဆုံးရှုံးနေကြရပြီ ဖြစ်ပါတယ်..။
အကြမ်းဖက်မှုတွေကြောင့် မျိုးဆက်သစ်လူငယ်တွေမှာလည်း ရရာလက်နက်ဆွဲတော်လှန်နေကြပြီး တောထဲမှာ
စစ်ရေးလေ့ကျင့်ပြုတွေနေကြရတာလည်း ဖြစ်ပါတယ်..။
အခက်အခဲတွေမျိုးစုံနဲ့ တောထဲတောင်ထဲ ပင်ပန်းဆင်းရဲမှုတွေကို ရင်ဆိုင်ဖြတ်သန်းနေကြသလို တော်လှန်ရေးအတွက်
ကြိုးစားနေကြတဲ့ သူတို့ရဲ့လှုပ်ရှားမှုတွေကိုလည်း မကြာခဏအသိပေး ဝေမျှကြတာလည်း တွေ့ရပါတယ်..။
အခုတစ်ခါမှာလည်း တော်လှန်ရေးရဲဘော်တချို့ဟာ ရှေ့တန်းအတွက် လွတ်မြောက်နယ်မြေတနေရာမှာ မိုင်းခွဲလေ့ကျင့်မှုတွေ
လက်တွေ့လုပ်ဆောင်နေကြပါတယ်..။
“မိုင်းခွဲလက်တွေ့ သရုပ်ပြခြင်း…🔥💥..” ဆိုပြီး လေ့ကျင့်လှုပ်ရှားနေတဲ့ ဗီဒီယိုဖိုင်ကိုလည်း အများပြည်သူကြည့်ရှု့နိုင်ဖို့အတွက်
ဝေမျှထားတာ ဖြစ်ပါတယ်..။
ပြည်သူတွေအတွက် အသက်စွန့်ကြိုးစားနေကြတဲ့ တော်လှန်ရေးရဲဘော်တွေ အန္တရာယ်ကင်းဘေးရှင်းစေဖို့အတွက်
အားလုံးကလည်း ဆုတောင်းမေတ္တာတွေ ပေးပို့နေကြတာ ဖြစ်ပါတယ်..။
သတင်းအရင်းမြစ်: Than Lin Zaw’s Fb Acc