ျပည္သူ႔ကာကြယ္ေရး PDF ေဆးတပ္ကို ဖြဲ႕စည္းလိုက္ၿပီ
|စစ္အာဏာရွင္စနစ္ကို အျမစ္ျဖတ္တိုက္ထုတ္ေနၾကတဲ့ ေႏြဦးေတာ္လွန္ေရးအတြက္ လိုအပ္တဲ့
ျပည္သူ႔ကာကြယ္ေရး PDF ေဆးတပ္ကို ဖြဲ႕စည္းလိုက္ၿပီလို႔ သိရပါတယ္။
“အခက္အခဲေတြၾကားထဲက ျပင္ဆင္မႈေတြ Training ေတြ အၿပီးမွာေတာ့ က်ေနာ္တို႔
ေတာ္လွန္ေရးအတြက္လိုအပ္ေနတဲ့ Medical Team တခုကို တည္ေဆာက္နိုင္ခဲ့ပါၿပီ။
က်န္တဲ့ Team ေတြအတြက္ကိုလည္းက်ေနာ္တို႔ ျပင္ဆင္ေနပါတယ္”လို
႔ PDF ေဆးတပ္ဖြဲ႕က ဆိုပါတယ္။
ဒါ့အျပင္ ေတာ္လွန္ေရးအတြက္ လုပ္ငန္းစဥ္ေတြအတြက္ အလႉရွင္ေတြလည္း လိုအပ္ေနတာ မို႔
ပါဝင္ကူညီခ်င္သူေတြအေနနဲ႔ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာကတဆင့္ ဆက္သြယ္နိုင္ေၾကာင္းလည္း
Hlaing Generations Z ေဖ့စ္ဘြတ္ခ္လူမႈကြန္ရက္ေပၚမွာ ေဖာ္ျပထားပါတယ္။
“D Day ဆိုၿပီး ျမန္ျမန္ေခၚခ်င္ရင္ မ်ားမ်ား ေထာက္ပံ့ေပးၾကပါ။ ခင္ဗ်ားတို႔ ျဖစ္ေစ ခ်င္တဲ့
အရာေတြကိုအသက္နဲ႔ ရင္းၿပီး အေကာင္အထည္ေဖာ္ေပးမယ္ဗ်ာ”
အမ်ိဳးသားညီညြတ္ေရးအစိုးရ(NUG)၊ ကာကြယ္ေရးဝန္ႀကီးဌာနကလည္း ဩဂုတ္ ၁၂ ရက္က
စတင္ကာေတာ္လွန္ေရးအတြက္ အေမရိကန္ ေဒၚလာ ၅ သန္း ပမာဏရွိ Raffle Ticket
အလႉေငြေကာက္ခံေရာင္းခ်ေနပါတယ္။
ျမန္မာနိုင္ငံမွာ ၂၀၂၁ခုႏွစ္၊ ေဖေဖာ္ဝါရီ ၁ ရက္က စတင္ၿပီး အၾကမ္းဖက္စစ္အုပ္စုက မတရား
အာဏာသိမ္းယူခဲ့တာကို ဆန႔္က်င္ဆႏၵျပခဲ့ၾကတဲ့ ေႏြဦးေတာ္လွန္ေရး ကာလဟာ ၆ လခြဲေက်ာ္
ၾကာျမင့္ခဲ့ၿပီ ျဖစ္ပါတယ္။
ဒီကာလေတြအတြင္း အၾကမ္းဖက္ၿဖိဳခြင္းမႈေတြေၾကာင့္ ထိခိုက္က်ဆုံးရသူေတြ၊
ဖမ္းဆီးေထာင္ခ်ခံရသူေတြနဲ႔အတူ နိုင္ငံအဝန္း ေတာေရာၿမိဳ႕ပါမက်န္ ေဒသခံျပည္သူ႔ကာ
ကြယ္ေရးတပ္ေတြနဲ႔စစ္ေကာင္စီတပ္ေတြၾကားတိုက္ပြဲေတြလည္း ျပင္းထန္ေနတာပါ။
နိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း(ေအေအပီပီ)ရဲ့ ထုတ္ျပန္ခ်က္အရ
အာဏာသိမ္းစစ္ေကာင္စီတပ္ရဲ့ ပစ္ခတ္သတ္ျဖတ္မႈေၾကာင့္
အျပစ္မဲ့က်ဆုံးျပည္သူ ၁၀၀၀ ေက်ာ္ထိရွိလာခဲ့ၿပီလို႔ ဆိုပါတယ္။
TAGSPDF ေဆးတပ္
—————–
crd
စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်တိုက်ထုတ်နေကြတဲ့ နွေဦးတော်လှန်ရေးအတွက်
လိုအပ်တဲ့ပြည်သူ့ကာကွယ်ရေး PDF ဆေးတပ်ကို ဖွဲ့စည်းလိုက်ပြီလို့ သိရပါတယ်။
“အခက်အခဲတွေကြားထဲက ပြင်ဆင်မှုတွေ Training တွေ အပြီးမှာတော့ ကျနော်တို့
တော်လှန်ရေးအတွက်လိုအပ်နေတဲ့ Medical Team တခုကို တည်ဆောက်နိုင်ခဲ့ပါပြီ။
ကျန်တဲ့ Teamတွေအတွက်ကိုလည်းကျနော်တို့ ပြင်ဆင်နေပါတယ်”လို့
PDF ဆေးတပ်ဖွဲ့က ဆိုပါတယ်။
ဒါ့အပြင် တော်လှန်ရေးအတွက် လုပ်ငန်းစဉ်တွေအတွက် အလှူရှင်တွေလည်း
လိုအပ်နေတာ မို့ပါဝင်ကူညီချင်သူတွေအနေနဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကတဆင့်
ဆက်သွယ်နိုင်ကြောင်းလည်းHlaing Generations Z ဖေ့စ်ဘွတ်ခ်လူ
မှုကွန်ရက်ပေါ်မှာ ဖော်ပြထားပါတယ်။
“D Day ဆိုပြီး မြန်မြန်ခေါ်ချင်ရင် များများ ထောက်ပံ့ပေးကြပါ။ ခင်ဗျားတို့ ဖြစ်စေ ချင်တဲ့
အရာတွေကိုအသက်နဲ့ ရင်းပြီး အကောင်အထည်ဖော်ပေးမယ်ဗျာ”
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနကလည်း ဩဂုတ် ၁၂ ရက်က
စတင်ကာတော်လှန်ရေးအတွက် အမေရိကန် ဒေါ်လာ ၅ သန်း ပမာဏရှိ Raffle Ticket
အလှူငွေကောက်ခံရောင်းချနေပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က စတင်ပြီး အကြမ်းဖက်စစ်အုပ်စုက
မတရားအာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေး ကာလဟာ
၆ လခွဲကျော်ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။
ဒီကာလတွေအတွင်း အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊
ဖမ်းဆီးထောင်ချခံရသူတွေနဲ့အတူ နိုင်ငံအဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ကာ
ကွယ်ရေးတပ်တွေနဲ့စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့
ထုတ်ပြန်ချက်အရအာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့်
အပြစ်မဲ့ကျဆုံးပြည်သူ ၁၀၀၀ ကျော်ထိရှိလာခဲ့ပြီလို့ ဆိုပါတယ်။
TAGSPDF ဆေးတပ်
—————
crd