ျပည္သူ႔ေတာ္လွန္ေရးစစ္သည္အားလုံး လိုက္နာရမည့္ အခ်က္ ၇ ခ်က္ NUG ထုတ္ျပန္
|ျပည္သူ႔ေတာ္လွန္ေရးစစ္သည္အားလုံး စစ္ေျမျပင္မွာ အထက္အမိန႔္ နာခံဖို႔၊ တပ္ဖြဲ႕အေပၚ သစၥာရွိဖို႔အပါအဝင္ စည္းမ်ဥ္း စည္းကမ္းခ်က္ ၇ ခ်က္ တိက်စြာလိုက္နာၾကဖို႔ အမ်ိဳးသားညီညြတ္ေရးအစိုးရ ကာကြယ္ေရးဝန္ႀကီးဌာနက ဒီေန႔မနက္ ထုတ္ျပန္လိုက္ပါတယ္။
ျပည္သူ႔ေတာ္လွန္ေရးစစ္သည္အားလုံး လိုက္နာရမယ့္အခ်က္ေတြကေတာ့ “အထက္အမိန႔္ကိုနာခံပါ၊ မိမိတပ္ဖြဲ႕အေပၚ သစၥာရွိပါ၊ မိမိလက္နက္ကို မိမိအသက္ကဲ့သို႔ တန္ဖိုးထားပါ၊ အေရးေပၚ လိုအပ္ခ်က္အရ အရပ္သားျပည္သူပိုင္ပစၥည္းမ်ားကို အသုံးျပဳရပါက တန္ရာတန္ဖိုးေပးပါ၊ သုံ႔ပန္းမ်ားကို ညႇဥ္းပန္းျခင္း၊ သတ္ျဖတ္ျခင္း မျပဳရ၊ သင့္ေလ်ာ္ေသာေနရာတြင္ ထိန္းသိမ္းထားရမည္၊ မိမိရဲေမမ်ားအေပၚတြင္ ျဖစ္ေစ၊ အရပ္သူအမ်ိဳးသမီးမ်ားအေပၚတြင္ျဖစ္ေစ လိင္ပိုင္းဆိုင္ရာ ထိပါးေႏွာက္ယွက္ျခင္း မျပဳရ၊ ရန္သူ႔ထံမွ သိမ္းဆည္းရမိသည့္ ေငြ၊ လက္နက္၊ ပစၥည္းမ်ားကို ဆိုင္ရာတပ္မႉးထံ စာရင္းႏွင့္တကြ အပ္ႏွံရမည္” စတဲ့ အခ်က္ေတြ ျဖစ္ပါတယ္။
ျပည္သူ႔ေတာ္လွန္ေရးစစ္သည္အားလုံး အထက္ပါ စည္းမ်ဥ္း စည္းကမ္းေတြကို အစဥ္လိုက္နာေစဖို႔အတြက္ ဆိုင္ရာတပ္မႉးေတြက ႏွိုးေဆာ္ၾကပ္မတ္ရမယ္လို႔ ေဖာ္ျပထားပါတယ္။crd-
———–
ပြည်သူ့တော်လှန်ရေးစစ်သည်အားလုံး စစ်မြေပြင်မှာ အထက်အမိန့် နာခံဖို့၊ တပ်ဖွဲ့အပေါ် သစ္စာရှိဖို့အပါအဝင် စည်းမျဉ်း စည်းကမ်းချက် ၇ ချက် တိကျစွာလိုက်နာကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့မနက် ထုတ်ပြန်လိုက်ပါတယ်။
ပြည်သူ့တော်လှန်ရေးစစ်သည်အားလုံး လိုက်နာရမယ့်အချက်တွေကတော့ “အထက်အမိန့်ကိုနာခံပါ၊ မိမိတပ်ဖွဲ့အပေါ် သစ္စာရှိပါ၊ မိမိလက်နက်ကို မိမိအသက်ကဲ့သို့ တန်ဖိုးထားပါ၊ အရေးပေါ် လိုအပ်ချက်အရ အရပ်သားပြည်သူပိုင်ပစ္စည်းများကို အသုံးပြုရပါက တန်ရာတန်ဖိုးပေးပါ၊ သုံ့ပန်းများကို ညှဉ်းပန်းခြင်း၊ သတ်ဖြတ်ခြင်း မပြုရ၊ သင့်လျော်သောနေရာတွင် ထိန်းသိမ်းထားရမည်၊ မိမိရဲမေများအပေါ်တွင် ဖြစ်စေ၊ အရပ်သူအမျိုးသမီးများအပေါ်တွင်ဖြစ်စေ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခြင်း မပြုရ၊ ရန်သူ့ထံမှ သိမ်းဆည်းရမိသည့် ငွေ၊ လက်နက်၊ ပစ္စည်းများကို ဆိုင်ရာတပ်မှူးထံ စာရင်းနှင့်တကွ အပ်နှံရမည်” စတဲ့ အချက်တွေ ဖြစ်ပါတယ်။
ပြည်သူ့တော်လှန်ရေးစစ်သည်အားလုံး အထက်ပါ စည်းမျဉ်း စည်းကမ်းတွေကို အစဉ်လိုက်နာစေဖို့အတွက် ဆိုင်ရာတပ်မှူးတွေက နှိုးဆော်ကြပ်မတ်ရမယ်လို့ ဖော်ပြထားပါတယ်။crd-