ျပည္ေထာင္စု စာရင္းစစ္ခ်ဳပ္ေဟာင္း ပါေမာကၡ ဦးေမာ္သန္း ကြယ္လြန္
|ျပည္ေထာင္စု စာရင္းစစ္ခ်ဳပ္ေဟာင္း ပါေမာကၡ ဦးေမာ္သန္း ကြယ္လြန္
ဧရာဝတီ၊ ၾသဂုတ္ ၆၊ ၂၀၂၁
ျပည္ေထာင္စုစာရင္းစစ္ခ်ဳပ္(ၿငိမ္း)၊ ရန္ကုန္ စီးပြားေရးတကၠသိုလ္ ပါေမာကၡခ်ဳပ္(ၿငိမ္း) ဦးေမာ္သန္းသည္ ယေန႔ မြန္းလြဲပိုင္းတြင္ ကြယ္လြန္သြားေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ ဇူလိုင္လအတြင္းမွစၿပီး ကိုဗစ္-၁၉ ေရာဂါေဝဒနာ ျပင္းထန္စြာ ခံစားခဲ့ရေသာ ဦးေမာ္သန္းသည္ ၎ကြယ္လြန္ခ်ိန္တြင္ အသက္ ၈၂ ႏွစ္ ရွိၿပီျဖစ္သည္။
တကၠသိုလ္ေဘာလုံးသမားေဟာင္းမ်ားအသင္း-ရန္ကုန္ (University Old Blues -UOB) ကလည္း ၎တို႔၏ လူမႈကြန္ရက္စာမ်က္ႏွာမွတဆင့္ “UOB ရဲ့ နာယက
ဆရာႀကီး ဦးေမာ္သန္း၊ ျပည္ေထာင္စုစာရင္းစစ္ခ်ဳပ္(ၿငိမ္း) (အသက္ ၈၂ ႏွစ္) သည္ ယေန႔ မြန္းလြဲပိုင္းတြင္ ကြယ္လြန္သြားပါသျဖင့္ မိသားစုနဲ႔ ထပ္တူဝမ္းနည္းရပါေၾ
ကာင္းနဲ႔ ေကာင္းရာဘုံဘဝ ေရာက္ရွိပါေစေၾကာင္း UOB မွ စိတ္ထိခိုက္စြာျဖင့္ ဆုေတာင္းေမတၱာ ပို႔သအပ္ပါသည္” ဟု ေရးသားထားသည္။
အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) အစိုးရလက္ထက္က ခန႔္အပ္ထားသည့္ ျပည္ေထာင္စုစာရင္းစစ္ခ်ဳပ္ ပါေမာကၡခ်ဳပ္ေဟာင္း ဦးေမာ္သန္းကို စစ္တပ္က
အာဏာသိမ္းၿပီးေနာက္ ျဖဳတ္ခ်ခဲ့ၿပီး ဦးသိန္းစိန္ အစိုးရလက္ထက္ အမ်ိဳးသားစီမံကိန္းဝန္ႀကီးဌာန ဝန္ႀကီးအျဖစ္ တာဝန္ယူခဲ့သူ ေဒါက္တာကံေဇာ္ကို ခန႔္အပ္ခဲ့သည္။
စစ္ေကာင္စီက ဦးေမာ္သန္းကို ျဖဳတ္ခ်ခဲ့ေသာ္လည္း ဆရာႀကီး၏ တပည့္မ်ားႏွင့္ CDM ျပဳလုပ္သည့္ စာရင္းစစ္မ်ားက ပါခ်ဳပ္ေဟာင္း ဦးေမာ္သန္းႏွင့္အတူ ရပ္တည္ခဲ့ၾကသည္။
Excellent Choice Institute of Finance and Management ေက်ာင္းႀကီး၏ ပါေမာကၡခ်ဳပ္လည္းျဖစ္သူ ဦးေမာ္သန္း ကြယ္လြန္မႈအေပၚ ဝမ္းနည္းေၾကာင္း၊ ေရာဂါ
သက္သာၿပီဟု ၾကားသိရၿပီးမွ ကြယ္လြန္သြားျခင္းအတြက္ စိတ္မေကာင္းျဖစ္ရေၾကာင္း ၎ႏွင့္ နီးစပ္သူမ်ားက လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေရးသားထားၾကသည္။
ပုံစာ – ျပည္ေထာင္စု စာရင္းစစ္ခ်ဳပ္ေဟာင္း ပါေမာကၡ ဦးေမာ္သန္း (ဓာတ္ပုံ/ဧရာဝတီ)
ပြည်ထောင်စု စာရင်းစစ်ချုပ်ဟောင်း ပါမောက္ခ ဦးမော်သန်း ကွယ်လွန်
ဧရာဝတီ၊ သြဂုတ် ၆၊ ၂၀၂၁
ပြည်ထောင်စုစာရင်းစစ်ချုပ်(ငြိမ်း)၊ ရန်ကုန် စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်(ငြိမ်း) ဦးမော်သန်းသည် ယနေ့ မွန်းလွဲပိုင်းတွင် ကွယ်လွန်သွားကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းမှစပြီး ကိုဗစ်-၁၉ ရောဂါဝေဒနာ ပြင်းထန်စွာ ခံစားခဲ့ရသော ဦးမော်သန်းသည် ၎င်းကွယ်လွန်ချိန်တွင် အသက် ၈၂ နှစ်
ရှိပြီဖြစ်သည်။
တက္ကသိုလ်ဘောလုံးသမားဟောင်းများအသင်း-ရန်ကုန် (University Old Blues -UOB) ကလည်း ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာမှတ
ဆင့် “UOB ရဲ့ နာယက ဆရာကြီး ဦးမော်သန်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်(ငြိမ်း) (အသက် ၈၂ နှစ်) သည် ယနေ့ မွန်းလွဲပိုင်းတွင် ကွယ်လွန်သွားပါသဖြင့်
မိသားစုနဲ့ ထပ်တူဝမ်းနည်းရပါကြောင်းနဲ့ ကောင်းရာဘုံဘဝ ရောက်ရှိပါစေကြောင်း UOB မှ စိတ်ထိခိုက်စွာဖြင့် ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်”
ဟု ရေးသားထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က ခန့်အပ်ထားသည့် ပြည်ထောင်စုစာရင်းစစ်ချုပ် ပါမောက္ခချုပ်ဟောင်း ဦးမော်သန်းကို စစ်တပ်က
အာဏာသိမ်းပြီးနောက် ဖြုတ်ချခဲ့ပြီး ဦးသိန်းစိန် အစိုးရလက်ထက် အမျိုးသားစီမံကိန်းဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဒေါက်တာကံဇော်ကို ခန့်အပ်ခဲ့သည်။
စစ်ကောင်စီက ဦးမော်သန်းကို ဖြုတ်ချခဲ့သော်လည်း ဆရာကြီး၏ တပည့်များနှင့် CDM ပြုလုပ်သည့် စာရင်းစစ်များက ပါချုပ်ဟောင်း ဦးမော်သန်းနှင့်
အတူ ရပ်တည်ခဲ့ကြသည်။
Excellent Choice Institute of Finance and Management ကျောင်းကြီး၏ ပါမောက္ခချုပ်လည်းဖြစ်သူ ဦးမော်သန်း ကွယ်လွန်မှုအပေါ် ဝမ်းနည်း
ကြောင်း၊ ရောဂါသက်သာပြီဟု ကြားသိရပြီးမှ ကွယ်လွန်သွားခြင်းအတွက် စိတ်မကောင်းဖြစ်ရကြောင်း ၎င်းနှင့် နီးစပ်သူများက လူမှုကွန်ရက်
စာမျက်နှာတွင် ရေးသားထားကြသည်။
ပုံစာ – ပြည်ထောင်စု စာရင်းစစ်ချုပ်ဟောင်း ပါမောက္ခ ဦးမော်သန်း (ဓာတ်ပုံ/ဧရာဝတီ)