ျမစ္ႀကီးနားေလတပ္စခန္းဌာနခ်ဳပ္အနီး လက္နက္ႀကီးသံမ်ား ထြက္ေပၚ
|ျမစ္ႀကီးနားေလတပ္စခန္းဌာနခ်ဳပ္အနီး လက္နက္ႀကီးသံမ်ား ထြက္ေပၚ
—–
ျမစ္ႀကီးနားၿမိဳ႕အေျခစိုက္ ျမစ္ႀကီးနားေလတပ္စခန္းဌာနခ်ဳပ္အနီးတြင္ လက္နက္ႀကီးသံမ်ားျပန္လည္ ထြက္ေပၚေနသည္။ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕ အဝင္အထြက္ရွိ အထက္ေမာ္ေဖာင္းရပ္ကြက္တြင္ အေျခစိုက္ထားသည့္ ေလတပ္စခန္းအနီးကမွ ယေန႔ စက္တင္ဘာလ ၄ ရက္ ည ၈နာရီေက်ာ္ကစကာ လက္နက္ႀကီး လက္နက္ငယ္ပစ္ခတ္သံမ်ား ၾကားေနေၾကာင္း ေဒသခံမ်ားက ေျပာသည္။
ေလတပ္စခန္းဌာနခ်ဳပ္လုံျခဳံေရးအတြက္ တပ္ေဘးတေလ်ာက္ လုံျခဳံေရးရယူထားသည့္ အေျမႇာက္တပ္မွ ပစ္ခတ္ေနျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားက ဆိုသည္။
ပစ္ခတ္မႈကို ျမစ္ႀကီးနားၿမိဳ႕တြင္း ေနရာအခ်ိဳ႕ကေတာင္ ၾကားသိရၿပီး လက္နက္ႀကီးလက္နက္ငယ္သံ ၁၀ခ်က္ထက္မနည္း ၾကားရေၾကာင္း ေဒသခံမ်ားက ဆိုသည္။ ပစ္ခတ္မႈအတြက္ ထိခိုက္မႈ ရွိမရွိကို စုံစမ္းေနဆဲျဖစ္သည္။
အဆိုပါ ေမာ္ေဖာင္းရပ္ကြက္ရွိ ေလတပ္စခန္းအနီးတြင္ အနီးတဝိုက္တြင္ ဧၿပီလ ၁၇ ရက္ကလည္း လက္နက္ႀကီးက်ည္က်ၿပီး ေန အိမ္ပ်က္စီးကာ အသက္ ၅၀ အရြယ္ အမ်ိဳးသားတစ္ဦး ဒဏ္ရာရရွိခဲ့ဖူးသည္။crd-
=========
မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်အနီး လက်နက်ကြီးသံများ ထွက်ပေါ်
—–
မြစ်ကြီးနားမြို့အခြေစိုက် မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်အနီးတွင် လက်နက်ကြီးသံများပြန်လည် ထွက်ပေါ်နေသည်။ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အဝင်အထွက်ရှိ အထက်မော်ဖောင်းရပ်ကွက်တွင် အခြေစိုက်ထားသည့် လေတပ်စခန်းအနီးကမှ ယနေ့ စက်တင်ဘာလ ၄ ရက် ည ၈နာရီကျော်ကစကာ လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်သံများ ကြားနေကြောင်း ဒေသခံများက ပြောသည်။
လေတပ်စခန်းဌာနချုပ်လုံခြုံရေးအတွက် တပ်ဘေးတလျောက် လုံခြုံရေးရယူထားသည့် အမြှောက်တပ်မှ ပစ်ခတ်နေခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ပစ်ခတ်မှုကို မြစ်ကြီးနားမြို့တွင်း နေရာအချို့ကတောင် ကြားသိရပြီး လက်နက်ကြီးလက်နက်ငယ်သံ ၁ဝချက်ထက်မနည်း ကြားရကြောင်း ဒေသခံများက ဆိုသည်။ ပစ်ခတ်မှုအတွက် ထိခိုက်မှု ရှိမရှိကို စုံစမ်းနေဆဲဖြစ်သည်။
အဆိုပါ မော်ဖောင်းရပ်ကွက်ရှိ လေတပ်စခန်းအနီးတွင် အနီးတဝိုက်တွင် ဧပြီလ ၁၇ ရက်ကလည်း လက်နက်ကြီးကျည်ကျပြီး နေ အိမ်ပျက်စီးကာ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ဖူးသည်။crd-
=========