ျမန္မာနိုင္ငံတြင္ ကိုဗစ္-၁၉ ကပ္ေရာဂါ ကာကြယ္ကုသေရးအတြက္ ဥေရာပသမဂၢက ယူရို ၂ သန္း ထပ္မံေထာက္ပံ့
|ျမန္မာနိုင္ငံတြင္ ကိုဗစ္-၁၉ ကပ္ေရာဂါ ကာကြယ္ကုသေရးအတြက္ ဥေရာပသမဂၢက ယူရို ၂ သန္း ထပ္မံေထာက္ပံ့
ဇူလိုင္ ၂၅
ကိုဗစ္-၁၉ ကပ္ေရာဂါ အလၽွင္အျမန္ကူးစက္ျပန႔္ပြားေနမႈမ်ား ျဖစ္ပြားေနေသာ ျမန္မာနိုင္ငံအတြက္ ဥေရာပသမဂၢ EU မွ ယူရို ၂ သန္း ေထာက္ပံ့ကူညီခဲ့သည္ဟု ဇူလိုင္လ ၂၄ ရက္ေန႔က သတင္းထုတ္ျပန္သည္။
ယခုကူညီေထာက္ပံ့မႈသည္ ကိုဗစ္ကုသေရးအတြက္ ေဆးဝါးမ်ား၊ ေအာက္စီဂ်င္ႏွင့္ အျခားအေရးေပၚပစၥည္းမ်ား၊ ကိုဗစ္ကာကြယ္ေရးပစၥည္းမ်ား ဝယ္ယူနိုင္ရန္ လူသားခ်င္းကူညီေထာက္ပံ့မႈ
မ်ားျပဳလုပ္ေနေသာ လြတ္လပ္သည့္ အဖြဲ႕အစည္းမ်ားထံ ေပးအပ္သြားမည္ဟုသိရသည္။
“ဥေရာပသမဂၢဟာ လက္ရွိ အခက္အခဲေတြကို စည္းစည္းလုံးလုံးနဲ႔ ရင္ဆိုင္ေနတဲ့ ျမန္မာျပည္သူေတြနဲ႔ တသားတည္းရပ္တည္တယ္၊ အခုလို အကူအညီကေန ျမန္မာနိုင္ငံရဲ့ မီးက်ိဳးေမာင္းပ်က္
က်န္းမာေရးစနစ္ေအာက္မွာ ကိုဗစ္ ကာကြယ္ကုသေရးအတြက္ အေထာက္အပံ့ျဖစ္ေစမွာပါ၊ စစ္တပ္က မတရားအာဏာသိမ္းၿပီးေနာက္ ျမန္မာနိုင္ငံသားေတြဟာ ဒုကၡပင္လယ္ေဝေနခဲ့တယ္၊
က်န္းမာေရးဝန္ထမ္းေတြကို စစ္ေကာင္စီက ဖိႏွိပ္ေနတာေတြကို EU က ျပင္းျပင္းထန္ထန္ ရႈတ္ခ်တယ္၊ စစ္ေကာင္စီအေနနဲ႔ နိုင္ငံတကာလူသားခ်င္းစာနာမႈဥပေဒကို ေလးစားလိုက္နာၿပီး က်န္း
မာေရးဝန္ထမ္းေတြကို အကာကြယ္ေပးဖို႔ ေတာင္းဆိုတယ္” ဟု ဥေရာပသမဂၢ၏ ပဋိပကၡစီမံခန႔္ခြဲေရး မဟာမင္းႀကီး ဂ်န္နာ လန္နာခ်စ္မွ ေျပာသည္။
ယခု ေထာက္ပံ့သည့္ ယူရို ၂ သန္းအပါအဝင္ ၂၀၂၁ ဥေရာပသမဂၢမွ ျမန္မာနိုင္ငံသို႔ ယူရို ၂၀.၅ သန္း ေထာက္ပံ့ကူညီထားၿပီျဖစ္သည္ဟု သတင္းထုတ္ျပန္ထားသည္။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ကုသရေးအတွက် ဥရောပသမဂ္ဂက ယူရို ၂ သန်း ထပ်မံထောက်ပံ့
ဇူလိုင် ၂၅
ကိုဗစ်-၁၉ ကပ်ရောဂါ အလျှင်အမြန်ကူးစက်ပြန့်ပွားနေမှုများ ဖြစ်ပွားနေသော မြန်မာနိုင်ငံအတွက် ဥရောပသမဂ္ဂ EU မှ ယူရို ၂ သန်း ထောက်ပံ့ကူညီခဲ့သည်ဟု ဇူလိုင်လ ၂၄
ရက်နေ့က သတင်းထုတ်ပြန်သည်။
ယခုကူညီထောက်ပံ့မှုသည် ကိုဗစ်ကုသရေးအတွက် ဆေးဝါးများ၊ အောက်စီဂျင်နှင့် အခြားအရေးပေါ်ပစ္စည်းများ၊ ကိုဗစ်ကာကွယ်ရေးပစ္စည်းများ ဝယ်ယူနိုင်ရန် လူသားချင်း
ကူညီထောက်ပံ့မှုများပြုလုပ်နေသော လွတ်လပ်သည့် အဖွဲ့အစည်းများထံ ပေးအပ်သွားမည်ဟုသိရသည်။
“ဥရောပသမဂ္ဂဟာ လက်ရှိ အခက်အခဲတွေကို စည်းစည်းလုံးလုံးနဲ့ ရင်ဆိုင်နေတဲ့ မြန်မာပြည်သူတွေနဲ့ တသားတည်းရပ်တည်တယ်၊ အခုလို အကူအညီကနေ မြန်မာနိုင်ငံရဲ့
မီးကျိုးမောင်းပျက် ကျန်းမာရေးစနစ်အောက်မှာ ကိုဗစ် ကာကွယ်ကုသရေးအတွက် အထောက်အပံ့ဖြစ်စေမှာပါ၊ စစ်တပ်က မတရားအာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသားတွေ
ဟာ ဒုက္ခပင်လယ်ဝေနေခဲ့တယ်၊ ကျန်းမာရေးဝန်ထမ်းတွေကို စစ်ကောင်စီက ဖိနှိပ်နေတာတွေကို EU က ပြင်းပြင်းထန်ထန် ရှုတ်ချတယ်၊ စစ်ကောင်စီအနေနဲ့ နိုင်ငံတကာ
လူသားချင်းစာနာမှုဥပဒေကို လေးစားလိုက်နာပြီး ကျန်းမာရေးဝန်ထမ်းတွေကို အကာကွယ်ပေးဖို့ တောင်းဆိုတယ်” ဟု ဥရောပသမဂ္ဂ၏ ပဋိပက္ခစီမံခန့်ခွဲရေး မဟာမင်းကြီး ဂျန်နာ
လန်နာချစ်မှ ပြောသည်။
ယခု ထောက်ပံ့သည့် ယူရို ၂ သန်းအပါအဝင် ၂၀၂၁ ဥရောပသမဂ္ဂမှ မြန်မာနိုင်ငံသို့ ယူရို ၂၀.၅ သန်း ထောက်ပံ့ကူညီထားပြီဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။