ျမန္မာအၾကမ္းဖက္စစ္တပ္ႏွင့္ စီးပြားေရးလုပ္ငန္းမ်ား ဆက္လက္ပူးေပါင္းေဆာင္ရြက္ေနသည့္ ကုမၸဏီမ်ားကို တိုက်ိဳအိုလံပစ္‌ၿပိဳင္ပြဲ စပြန္ဆာအျဖစ္မွ ႐ုပ္သိမ္းေပးရန္ေတာင္းဆို

ျမန္မာအၾကမ္းဖက္စစ္တပ္ႏွင့္ စီးပြားေရးလုပ္ငန္းမ်ား ဆက္လက္ပူးေပါင္းေဆာင္ရြက္ေနသည့္ ကုမၸဏီမ်ားကို တိုက်ိဳအိုလံပစ္‌ၿပိဳင္ပြဲ စပြန္ဆာအျဖစ္မွ ႐ုပ္သိမ္းေပးရန္ေတာင္းဆို
ရန္ကုန္၊ ဇူလိုင္ ၂၂

၂၀၂၀ တိုက်ိဳ အိုလံပစ္အားကစားၿပိဳင္ပြဲအတြက္ စပြန္ဆာေပးထားတဲ့ ကုမၸဏီလုပ္ငန္းစုေတြထဲက ျမန္မာအၾကမ္းဖက္စစ္တပ္နဲ႔ စီးပြားေရးလုပ္ငန္းမ်ား ဆ

က္လက္ပူးေပါင္းေဆာင္ရြက္ေနတဲ့ ကုမၸဏီေတြကို အိုလံပစ္စပြန္ဆာအျဖစ္ကေန ႐ုပ္သိမ္းေပးဖို႔အတြက္ Justice For Myanmar အဖြဲ႕ကေတာင္းဆိုလိုက္ပါတယ္။

အခုက်င္းပမယ့္ ၂၀၂၀တိုက်ိဳအိုလံပစ္ အားကစားၿပိဳင္ပြဲအတြက္ အဓိကေထာက္ပံ့သူ စပြန္ဆာေတြထဲမွာ ဂ်ပန္လုပ္ငန္းစုေတြျဖစ္တဲ့ Mizuho Financial

Group နဲ႔ Sumitomo Mitsui Banking Corporation တို႔က ေရႊအဆင့္ ကူညီေထာက္ပံ့သူ စပြန္ဆာေတြအျဖစ္ပါဝင္ေနပါတယ္။

ဒါ့အျပင္ Daiwa House Industry ကလည္း တိုက်ိဳအိုလံပစ္ၿပိဳင္ပြဲမွာ တရားဝင္မိတ္ဖက္အျဖစ္ ပါဝင္ေနပါတယ္။

ဒီဂ်ပန္စီးပြားေရးလုပ္ငန္းႀကီး ၃ခုဟာ လက္ရွိအာဏာသိမ္းယူထားတဲ့ ျမန္မာစစ္တပ္နဲ႔ စီးပြားေရးလုပ္ငန္းေတြ ပူးေပါင္းေဆာင္ရြက္ေနတယ္ လို႔ Justice
For Myanmar ကဆိုပါတယ္။

“တိုက်ိဳစီစဥ္က်င္းပေရးေကာ္မတီက ေဖေဖာ္ဝါရီ ၁ ရက္ေန႔ တရားမဝင္ အာဏာသိမ္း ႀကိဳးပမ္းမႈေနာက္ပိုင္း ျပည္သူ ၉၀၀ ကို သတ္ျဖတ္ခဲ့တဲ့ ျမန္မာစစ္တ

ပ္ရဲ့ အၾကမ္းဖက္ စစ္ဆင္ေရးေတြမွာ ႀကံရာပါျဖစ္ေနၿပီျဖစ္တဲ့ ကုမၸဏီေတြနဲ႔ မိတ္ဖက္ လုပ္ကိုင္ေနျခင္းကို ကၽြန္မတို႔ လြန္စြာစိတ္ပ်က္ရြံရွာမိပါတယ္။ ရာဇဝ

တ္မႈ က်ဴးလြန္ဖို႔ရာအတြက္ စစ္တပ္ကို တိုက္ရိုက္အခြန္ေငြေတြ ေပးအပ္ေနတဲ့ Daiwa House Industry, Mizuho ႏွင့္ SMBC တို႔လို ကုမၸဏီေတြက

အားေပးအားေျမာက္ ျပဳေနတာပါ။ အဲ့ဒီကုမၸဏီေတြအေနနဲ႔ သူတို႔ရဲ့ လူ႔အခြင့္အေရးဆိုင္ရာ တာဝန္ေတြကို လိုက္နာလုပ္ေဆာင္ဖို႔ ပ်က္ကြက္ခဲ့ပါတယ္။ တို

က်ိဳအိုလံပစ္ အားကစားပြဲေတာ္က တဆင့္ အဲ့ဒီကုမၸဏီေတြကို အားေပးျမႇင့္တင္ေပးျခင္းက အား ကစားပြဲေတြကို ညစ္ေထးအမဲစက္ထင္ေစၿပီး အိုလံပစ္

အားကစားပြဲေတာ္ရဲ့ အဓိကအေျခခံမူေတြကို ဆန႔္က်င္ေနပါတယ္” လို႔ Justice For Myanmar အဖြဲ႕ရဲ့ ေျပာေရးဆိုခြင့္ရွိသူ မရတနာေမာင္က ေျပာပါတယ္။

တိုက်ိဳစီစဥ္က်င္းပေရးေကာ္မတီကိုလည္း အိုလံပစ္အားကစားၿပိဳင္ပြဲမွာ ဒီကုမၸဏီေတြရဲ့ စပြန္ဆာေထာက္ပံ့မႈေတြကို ႐ုပ္သိမ္းျငင္းဆန္ဖို႔ကိုလည္း ေတာင္း

ဆိုတယ္လို႔ သူက ထပ္ေလာင္းေျပာဆိုပါတယ္။

အခုလို စပြန္ဆာ ႐ုပ္သိမ္းေပးဖို႔ေတာင္းဆိုခံရတဲ့ ဂ်ပန္လုပ္ငန္းစု ၃ခုဟာ ျမန္မာစစ္တပ္အတြက္ လက္နက္ဝယ္ယူေပးေနတဲ့ စစ္ေထာက္ခ်ဳပ္႐ုံးပိုင္ ေျမေန

ရာေပၚမွာ ငွားရမ္းတည္ေဆာက္ေနတဲ့ Y Complex အိမ္ၿခံေၿမ စီမံကိန္းမွာ ပါဝင္လုပ္ကိုင္ေနၾကတဲ့ ကုမၸဏီေတြျဖစ္တယ္လို႔ Justice For Myanmar ရဲ့ ထု

တ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ရန္ကုန္မွာ တည္ေဆာက္ေနတဲ့ Y Complex စီမံကိန္းကို ျမန္မာစစ္တပ္နဲ႔ ဘီအိုတီ သေဘာတူ စာခ်ဳပ္အရ Daiwa House Industry နဲ႔ Tokyo

Tatemono တို႔က အေကာင္အထည္ေဖာ္ တည္ေဆာက္‌ေနၿပီး Mizuho နဲ႔ SMBC တို႔က ပူးတြဲေငြေၾကးထည့္ဝင္ထားၾကပါတယ္။ ဒီစီမံကိန္းအတြက္ ေျမငွား

ရမ္းခ ႏွစ္စဥ္ေပးေခ်ေငြ အေမရိကန္ေဒၚလာ ၂ ဒသမ ၁၆၃ မီလီယံအျပင္ ငွါးရမ္းမႈကာလၿပီးဆုံးတဲ့အခါမွာ အဲ့ဒီအေဆာက္အအုံပိုင္ဆိုင္မႈေတြကို စစ္တပ္က ရရွိမွာျဖစ္ပါတယ္။

ဒါဟာ ျမန္မာစစ္တပ္ရဲ့ စစ္ရာဇဝတ္မႈေတြနဲ႔ လူသားမ်ိဳးႏြယ္အေပၚ က်ဴးလြန္တဲ့ ရာဇဝတ္မႈေတြအတြက္ အသုံးျပဳနိုင္ဖို႔ အခြန္ဘ႑ာရင္းျမစ္တစ္ရပ္အျဖစ္

ဆက္လက္ရရွိေနမယ္လို႔ Justice For Myanmar အဖြဲ႕က ေထာက္ျပေျပာဆိုထားပါတယ္။

Y Complex စီမံကိန္းမွာ နာမည္ႀကီး ေငြေၾကးပံ့ပိုးသူ အဖြဲ႕ႀကီးႏွစ္ဖြဲ႕ျဖစ္တဲ့ Japan Bank for International Cooperation (JBIC) နဲ႔ Japan Overseas

Infrastructure Investment Corporation for Transport and Urban Development (JOIN) တို႔လည္းပါဝင္ေနၾကပါတယ္။

အိုလံပစ္အားကစားပြဲေတာ္ပဋိဉာဥ္အရ “တစ္ကမၻာလုံး ဆိုင္ရာ က်င့္ဝတ္အေျခခံမူမ်ားကို ေလးစားရမည္”၊ အားကစားမွတဆင့္ “လူသား ဂုဏ္သိကၡာကို

အေလး ထား ထိန္းသိမ္းသည့္ ၿငိမ္းခ်မ္းေသာ လူ႔အသိုင္းအဝိုင္းတစ္ရပ္ ျဖစ္ထြန္းေအာင္ ျမႇင့္တင္လုပ္ေဆာင္ရမည္” လို႔ ပါရွိပါတယ္။

မြန်မာအကြမ်းဖက်စစ်တပ်နှင့် စီးပွားရေးလုပ်ငန်းများ ဆက်လက်ပူးပေါင်းဆောင်ရွက်နေသည့် ကုမ္ပဏီများကို တိုကျိုအိုလံပစ်‌ပြိုင်ပွဲ စပွန်ဆာအဖြစ်မှ ရုပ်သိမ်းပေးရန်တောင်းဆို
ရန်ကုန်၊ ဇူလိုင် ၂၂

၂၀၂၀ တိုကျို အိုလံပစ်အားကစားပြိုင်ပွဲအတွက် စပွန်ဆာပေးထားတဲ့ ကုမ္ပဏီလုပ်ငန်းစုတွေထဲက မြန်မာအကြမ်းဖက်စစ်တပ်နဲ့ စီးပွားရေးလုပ်ငန်းများ ဆ

က်လက်ပူးပေါင်းဆောင်ရွက်နေတဲ့ ကုမ္ပဏီတွေကို အိုလံပစ်စပွန်ဆာအဖြစ်ကနေ ရုပ်သိမ်းပေးဖို့အတွက် Justice For Myanmar အဖွဲ့ကတောင်းဆိုလိုက်ပါတယ်။

အခုကျင်းပမယ့် ၂၀၂ဝတိုကျိုအိုလံပစ် အားကစားပြိုင်ပွဲအတွက် အဓိကထောက်ပံ့သူ စပွန်ဆာတွေထဲမှာ ဂျပန်လုပ်ငန်းစုတွေဖြစ်တဲ့ Mizuho Financial

Group နဲ့ Sumitomo Mitsui Banking Corporation တို့က ရွှေအဆင့် ကူညီထောက်ပံ့သူ စပွန်ဆာတွေအဖြစ်ပါဝင်နေပါတယ်။

ဒါ့အပြင် Daiwa House Industry ကလည်း တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ တရားဝင်မိတ်ဖက်အဖြစ် ပါဝင်နေပါတယ်။

ဒီဂျပန်စီးပွားရေးလုပ်ငန်းကြီး ၃ခုဟာ လက်ရှိအာဏာသိမ်းယူထားတဲ့ မြန်မာစစ်တပ်နဲ့ စီးပွားရေးလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်နေတယ် လို့ Justice
For Myanmar ကဆိုပါတယ်။

“တိုကျိုစီစဉ်ကျင်းပရေးကော်မတီက ဖေဖော်ဝါရီ ၁ ရက်နေ့ တရားမဝင် အာဏာသိမ်း ကြိုးပမ်းမှုနောက်ပိုင်း ပြည်သူ ၉၀၀ ကို သတ်ဖြတ်ခဲ့တဲ့ မြန်မာစစ်တ

ပ်ရဲ့ အကြမ်းဖက် စစ်ဆင်ရေးတွေမှာ ကြံရာပါဖြစ်နေပြီဖြစ်တဲ့ ကုမ္ပဏီတွေနဲ့ မိတ်ဖက် လုပ်ကိုင်နေခြင်းကို ကျွန်မတို့ လွန်စွာစိတ်ပျက်ရွံရှာမိပါတယ်။ ရာဇဝ

တ်မှု ကျူးလွန်ဖို့ရာအတွက် စစ်တပ်ကို တိုက်ရိုက်အခွန်ငွေတွေ ပေးအပ်နေတဲ့ Daiwa House Industry, Mizuho နှင့် SMBC တို့လို ကုမ္ပဏီတွေက

အားပေးအားမြောက် ပြုနေတာပါ။ အဲ့ဒီကုမ္ပဏီတွေအနေနဲ့ သူတို့ရဲ့ လူ့အခွင့်အရေးဆိုင်ရာ တာဝန်တွေကို လိုက်နာလုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့ပါတယ်။ တို

ကျိုအိုလံပစ် အားကစားပွဲတော်က တဆင့် အဲ့ဒီကုမ္ပဏီတွေကို အားပေးမြှင့်တင်ပေးခြင်းက အား ကစားပွဲတွေကို ညစ်ထေးအမဲစက်ထင်စေပြီး အိုလံပစ်

အားကစားပွဲတော်ရဲ့ အဓိကအခြေခံမူတွေကို ဆန့်ကျင်နေပါတယ်” လို့ Justice For Myanmar အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။

တိုကျိုစီစဉ်ကျင်းပရေးကော်မတီကိုလည်း အိုလံပစ်အားကစားပြိုင်ပွဲမှာ ဒီကုမ္ပဏီတွေရဲ့ စပွန်ဆာထောက်ပံ့မှုတွေကို ရုပ်သိမ်းငြင်းဆန်ဖို့ကိုလည်း တောင်း

ဆိုတယ်လို့ သူက ထပ်လောင်းပြောဆိုပါတယ်။

အခုလို စပွန်ဆာ ရုပ်သိမ်းပေးဖို့တောင်းဆိုခံရတဲ့ ဂျပန်လုပ်ငန်းစု ၃ခုဟာ မြန်မာစစ်တပ်အတွက် လက်နက်ဝယ်ယူပေးနေတဲ့ စစ်ထောက်ချုပ်ရုံးပိုင် မြေနေ

ရာပေါ်မှာ ငှားရမ်းတည်ဆောက်နေတဲ့ Y Complex အိမ်ခြံမြေ စီမံကိန်းမှာ ပါဝင်လုပ်ကိုင်နေကြတဲ့ ကုမ္ပဏီတွေဖြစ်တယ်လို့ Justice For Myanmar ရဲ့ ထု

တ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရန်ကုန်မှာ တည်ဆောက်နေတဲ့ Y Complex စီမံကိန်းကို မြန်မာစစ်တပ်နဲ့ ဘီအိုတီ သဘောတူ စာချုပ်အရ Daiwa House Industry နဲ့ Tokyo

Tatemono တို့က အကောင်အထည်ဖော် တည်ဆောက်‌နေပြီး Mizuho နဲ့ SMBC တို့က ပူးတွဲငွေကြေးထည့်ဝင်ထားကြပါတယ်။ ဒီစီမံကိန်းအတွက် မြေငှား

ရမ်းခ နှစ်စဉ်ပေးချေငွေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၆၃ မီလီယံအပြင် ငှါးရမ်းမှုကာလပြီးဆုံးတဲ့အခါမှာ အဲ့ဒီအဆောက်အအုံပိုင်ဆိုင်မှုတွေကို စစ်တပ်က ရရှိမှာဖြစ်ပါတယ်။

ဒါဟာ မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် အသုံးပြုနိုင်ဖို့ အခွန်ဘဏ္ဍာရင်းမြစ်တစ်ရပ်အဖြစ်

ဆက်လက်ရရှိနေမယ်လို့ Justice For Myanmar အဖွဲ့က ထောက်ပြပြောဆိုထားပါတယ်။

Y Complex စီမံကိန်းမှာ နာမည်ကြီး ငွေကြေးပံ့ပိုးသူ အဖွဲ့ကြီးနှစ်ဖွဲ့ဖြစ်တဲ့ Japan Bank for International Cooperation (JBIC) နဲ့ Japan Overseas

Infrastructure Investment Corporation for Transport and Urban Development (JOIN) တို့လည်းပါဝင်နေကြပါတယ်။

အိုလံပစ်အားကစားပွဲတော်ပဋိဉာဉ်အရ “တစ်ကမ္ဘာလုံး ဆိုင်ရာ ကျင့်ဝတ်အခြေခံမူများကို လေးစားရမည်”၊ အားကစားမှတဆင့် “လူသား ဂုဏ်သိက္ခာကို

အလေး ထား ထိန်းသိမ်းသည့် ငြိမ်းချမ်းသော လူ့အသိုင်းအဝိုင်းတစ်ရပ် ဖြစ်ထွန်းအောင် မြှင့်တင်လုပ်ဆောင်ရမည်” လို့ ပါရှိပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *