ျမန္မာ့စီးပြါးေရးဘဏ္မန္ေနဂ်ာ-ပထမဆုံးက်ည္ဆန္ျဖင့္သတိေပးခံရ

ခ်င္းျပည္နယ္တြင္ ပထမဆုံးက်ည္ဆန္ျဖင့္သတိေပးခံရသည့္ ျမန္မာ့စီးပြါးေရးဘဏ္မန္ေနဂ်ာ– စက္တင္ဘာ ၇
ခ်င္းျပည္နယ္၊ ဖလမ္းၿမိဳ႕ ျမန္မာ့စီးပြားေရးဘဏ္မွ ခရိုင္ဘဏ္မန္ေနဂ်ာ ဦးထြန္းျမေအးကို ခ်င္းအမ်ိဳးသား ကာကြယ္ေရးတပ္ဖြဲ႕ (CNDF) က က်ည္ဆန္ႏွင့္ သတိေပးစာတစ္ေစာင္ကို စက္တင္ဘာ ၆ ရက္ ေန႔စြဲျဖင့္ ေပးပို႔လိုက္သည္ဟုသိရသည္။

” CNDF မွ ေပးပို႔လိုက္သည့္ စာႏွင့္က်ည္ ကို လူႀကီးမင္းကိုယ္တိုင္ ေကာင္းမြန္စြာ လက္ခံရရွိလိမ့္မည္ဟု ေမၽွာ္လင့္ပါတယ္” ဟုလည္း ယင္းစာတြင္ ေရးသားေဖာ္ျပထားသည္။

အဆိုပါ သတိေပးခ်က္ထဲတြင္ ” ဖလမ္းၿမိဳ႕ေနျပည္သူမ်ား ေငြေၾကးထုတ္ယူရာတြင္ ရာခိုင္ႏႈန္းအဆမတန္ ေတာင္းယူမႈမ်ား ျပဳလုပ္ေနသည္ကိုၾကားသိရပါသည္။ ယခုကဲ့သို႔ အမ်ားျပည္သူအခက္အခဲ အက်ပ္အတည္းမ်ားစြာ ၾကဳံေတြ႕ေနခ်ိန္တြင္ မတရားေလာဘျဖင့္ ျပည္သူမ်ားအေပၚေခါင္းပုံျဖတ္ အျမတ္ထုတ္ယူေနမႈအား ရပ္တန္းမွရပ္ရန္ ကၽြန္ုပ္တို႔CNDFမွျပင္းထန္စြာသတိေပးသည္” ဟုပါရွိသည္။

သည့္အျပင္ ျပည္သူမ်ားအေပၚ ေခါင္းပုံျဖတ္မႈအား မရပ္ဘဲ ဆက္လက္လုပ္ေဆာင္ေနမည္ဆိုပါက လူႀကီးမင္း၏ အသက္အႏၲရာယ္အား အာမခံမည္မဟုတ္ေၾကာင္း ထပ္ေလာင္းသတိေပးလိုက္သည္ ဟု ခ်င္းအမ်ိဳးသား ကာကြယ္ေရးတပ္ဖြဲ႕ (CNDF)ေပးပို႔သည့္ သတိေပးစာထဲတြင္ပါရွိသည္။crd-

—————

ချင်းပြည်နယ်တွင် ပထမဆုံးကျည်ဆန်ဖြင့်သတိပေးခံရသည့် မြန်မာ့စီးပွါးရေးဘဏ်မန်နေဂျာ– စက်တင်ဘာ ၇
ချင်းပြည်နယ်၊ ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်မှ ခရိုင်ဘဏ်မန်နေဂျာ ဦးထွန်းမြအေးကို ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNDF) က ကျည်ဆန်နှင့် သတိပေးစာတစ်စောင်ကို စက်တင်ဘာ ၆ ရက် နေ့စွဲဖြင့် ပေးပို့လိုက်သည်ဟုသိရသည်။

” CNDF မှ ပေးပို့လိုက်သည့် စာနှင့်ကျည် ကို လူကြီးမင်းကိုယ်တိုင် ကောင်းမွန်စွာ လက်ခံရရှိလိမ့်မည်ဟု မျှော်လင့်ပါတယ်” ဟုလည်း ယင်းစာတွင် ရေးသားဖော်ပြထားသည်။

အဆိုပါ သတိပေးချက်ထဲတွင် ” ဖလမ်းမြို့နေပြည်သူများ ငွေကြေးထုတ်ယူရာတွင် ရာခိုင်နှုန်းအဆမတန် တောင်းယူမှုများ ပြုလုပ်နေသည်ကိုကြားသိရပါသည်။ ယခုကဲ့သို့ အများပြည်သူအခက်အခဲ အကျပ်အတည်းများစွာ ကြုံတွေ့နေချိန်တွင် မတရားလောဘဖြင့် ပြည်သူများအပေါ်ခေါင်းပုံဖြတ် အမြတ်ထုတ်ယူနေမှုအား ရပ်တန်းမှရပ်ရန် ကျွန်ုပ်တို့CNDFမှပြင်းထန်စွာသတိပေးသည်” ဟုပါရှိသည်။

သည့်အပြင် ပြည်သူများအပေါ် ခေါင်းပုံဖြတ်မှုအား မရပ်ဘဲ ဆက်လက်လုပ်ဆောင်နေမည်ဆိုပါက လူကြီးမင်း၏ အသက်အန္တရာယ်အား အာမခံမည်မဟုတ်ကြောင်း ထပ်လောင်းသတိပေးလိုက်သည် ဟု ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNDF)ပေးပို့သည့် သတိပေးစာထဲတွင်ပါရှိသည်။crd-

Add a Comment

Your email address will not be published. Required fields are marked *