ဇူလိုင် ၂၅၊ ၂၀၂၁
စ်ဆး ၁၅၈၀ ကီလိုဂရမ်အား တရားခံ ၃ ဦးနှင့်အတူ ဖမ်းမိခဲ့သေးသည်။
မြဝတီပို့မည့် ကျပ်ဘီလီယံ ၅၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများဖမ်းမိ
ဇူလိုင် ၂၅၊ ၂၀၂၁
ရှမ်းပြည်နယ်၊ သီပေါမြို့နယ်ကနေ မြဝတီမြို့သို့ ပို့ဆောင်မည့် ကျပ် ၅၂.၅ ဘီလီယံတန်ဖိုးရှိ မူးယစ် ဆေးများ ဇူလိုင် ၂၁ ရက်နေ့က ဖမ်းမိခဲ့ကြောင်း မူးယစ်ရဲတပ်ဖွဲ့က သတင်းထုတ်
ပြန်လိုက်သည်။
အဆိုပါ ICE မူး ယစ်ဆေး ၁၀၀၀ ကီလိုဂရမ်၊ ကတ်တမင်း ၅၀၀ ကီလိုဂရမ်တို့အား ကျိုက်ထိုမြို့ နယ် မရမ်းချောင်ကျေးရွာအနီး ယာဉ်မောင်းဖြစ်သူ မောင်မောင်လေးနှင့် အေးချမ်းဆိုသူ
တို့ လိုက်ပါလာသည့် ဆီဘောက်ဆာယာဉ်တစီးပေါ်မှ ဖမ်းမိခဲ့ခြင်းဖြစ်သည်။
၎င်းတို့၏ ထွက်ဆိုချက်များအရ မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ် (ဇ) ရပ်ကွက်တွင် နေထိုင်သည့် နိုင်ဝင်းဆိုသူနှင့် လားရှိုးမြို့ အမှတ် ၄ ရပ်ကွက်တွင် နေထိုင်သည့်
ဝင်းနိုင်ဆိုသူတို့လည်း ကွင်းဆက်ဖမ်းမိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့ကလည်း ကျိုက်ထိုမြို့ မရမ်းချောင်ကျေးရွာအနီး စစ်ဆေးရေးဂိတ်တွင် ပင် သီပေါမြို့နယ်မှ မြဝတီမြို့သို့ပို့ဆောင်မည့် ကျပ်၆၃.၂ ဘီလီယံတန်ဖိုးရှိ ICE
မူးယစ်ဆေး ၁၅၈၀ ကီလိုဂရမ်အား တရားခံ ၃ ဦးနှင့်အတူ ဖမ်းမိခဲ့သေးသည်။