၄၄လမ်းမှာ ကျဆုံးသွားပြီဟု ထင်သော ကောင်းမင်းသန့် လွတ်မြောက်နယ်မြေရောက်နေကြောင်း Live လွင့်ပြသခဲ့
|ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ်၊ ၄၄လမ်းဖြစ်စဉ်မှာ သေနတ်မှန် သေဆုံးသွားတယ်လို့
သတင်းတွေထွက်ပေါ်ခဲ့တဲ့ မောင်ကောင်းမင်းသန့်ဟာ သေဆုံးခြင်းမရှိဘဲ လက်ရှိမှာ
လွတ်မြောက်နယ်မြေမှာရောက်ရှိနေပါတယ်
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီက ရုပ်သံမှာ ထုတ်လွှင့်ပြသခဲ့တဲ့ ဝါဒဖြန့်
သတင်းတွေဟာလည်း မဟုတ်မှန်ကြောင်း မောင်ကောင်းမင်းသန့်က ပြောပါတယ်
၄၄ လမ်းမှာ ဩဂုတ် ၁၀ ရက် ညနေက စစ်ကောင်စီတပ်တွေက လိုက်ဖမ်းစဉ်
လူငယ်တွေ တိုက်ပေါ်ကထွက်ပြေးခုန်ချခဲ့တဲ့ဖြစ်စဉ်မှာ
မောင်ကောင်းမင်းသန့်အပါအဝင် သေဆုံးသွားတဲ့ လူငယ် စုစုပေါင်း ၆ ဦးရှိပြီး
၂ ဦးဒဏ်ရာရရှိတယ်လို့ သတင်းထွက်ပေါ်ခဲ့တာဖြစ်ပါတယ် Credit- DVB,