၄၄ လမ္း ဒလန္အား လႈိင္သာယာ PDF က်ည္ဆန္ျဖင့္ သတိေပး

ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်းရှိ တိုက်ခန်းတခုအား

ယမန်နေ့က စစ်ကောင်စီမှ ဝင်ရောက်အကြမ်းဖက်စီးနင်းစဉ်အတွင်း အဆိုပါတည်နေရာအား စစ်ကောင်စီထံလမ်းညွှန်ကာ ပါဝင်ပတ်သက်ခဲ့သည်ဆိုသည့် သတင်းပေး (ဒလန်) အား အသက်အန္တရာယ် အာမခံမည်မဟုတ်ကြောင်း လှိုင်သာယာ PDF က သတိပေးစာ ယနေ့ (ဩဂုတ် ၁၁ ရက်) ညနေပိုင်းက ထုတ်ပြန်လိုက်သည်။

လှိုင်သာယာ PDF က သတင်းပေး (ဒလန်) ဆိုသူအား ကျည်ဆန် ၃ တောင့်နှင့်အတူ သတိပေးစာရေးကာ ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်ပြီး ၎င်းစာထဲတွင် “ကောင်းကင်ပေါ်က ကြယ်က နောက်ဖေးလမ်းကြားမှာ တောက်မယ်လို့ မထင်ထားဘူး။ ကျနော်တို့ ကလေးတွေရဲ့ မိဘတွေ ငိုကြွေးသံက မင်းတို့အတွက် ကျည်ဆန် ဖြစ်စေရမယ်။ – ဒလန် လွတ်အောင်ပြေးထား။ မင်းကို စိန်ခေါ်တယ်။ မင်း မိသားစုပါ တွေ့အောင် ရှာပြမယ်။

ကျူပင်ခုတ် ကျူငုတ်မကျန်အောင် လုပ်ပြမယ်” ဟု ပါရှိသည်။ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ် ၄၄ လမ်း တိုက်အမှတ် ၁၆ ၄ လွှာကို စစ်ကောင်စီတပ်ဖွဲ့က လာရောက်စစ်ဆေးနေစဉ် တိုက်ခန်းပေါ်မှ ခုန်ချခဲ့သည့် လူငယ် ၅ ဦးအနက် အမျိုးသမီးတစ်ဦးအပါအဝင် ၃ ဦးမှာ နေရာတွင် သေဆုံးခဲ့ပြီး ၂ နှစ်ဦး ဒဏ်ရာအပြင်းအထန်ရခဲ့ကြောင်း BAP က ကနဦး အတည်ပြုထားနိုင်ခဲ့သည်။

စစ်ကောင်စီက ယနေ့ နေ့လည်ပိုင်းတွင် ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင်မူအမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ပြီး အမျိုးသား ၃ ဦး ဒဏ်ရာရခဲ့သည်ဟုဆိုသည်။ယမန့်နေ့က အွန်လိုင်းပေါ်တွင် ပျံ့နှံ့လာသည့် အသံဖိုင်တွင်မူ ခုန်ချသူ ငါးဦးအနက် သုံးဦးသေဆုံးပြီး ကျန် ၂ ဦး၏ အသက်မှာလည်း ငွေ့ငွေ့သာရှိတော့ကြောင်း ရဲတစ်ဦးက ၎င်း၏အထက်အရာရှိကို စကားပြောစက်ဖြင့် တင်ပြထားသည်ကို တွေ့ရသည်။

တိုက်ခန်းရှိ အမျိုးသား ၄ ဦးနှင့် အမျိုးသမီးတစ်ဦးတို့သည် ရှာဖွေဖမ်းဆီးစစ်ဆေးမှုကိုမခံယူဘဲ တိုက်ခန်း ၃ လွှာ ပြတင်းပေါက်မှ ခုန်ချစဉ် တိုက်ခန်းအောက်ခြေရှိ ကွန်ကရစ်ကြမ်းခင်းပေါ် ပြုတ်ကျပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ သေဆုံးခဲ့ကာ ကျန် အမျိုးသား ၃ ဦးဒဏ်ရာတွေရရှိခဲ့တာကြောင့် တပ်မတော်ဆေးရုံကို ပို့ထားကြောင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

Burma Associated Press

———————–

ဗိုလ္တေထာင္ၿမိဳ႕နယ္၊ ၄၄ လမ္းရွိ တိုက္ခန္းတခုအား ယမန္ေန႔က စစ္ေကာင္စီမွ ဝင္ေရာက္အၾကမ္းဖက္စီးနင္းစဥ္အတြင္း အဆိုပါတည္ေနရာအား စစ္ေကာင္စီထံလမ္းၫႊန္ကာ ပါဝင္ပတ္သက္ခဲ့သည္ဆိုသည့္ သတင္းေပး (ဒလန္) အား အသက္အႏၲရာယ္ အာမခံမည္မဟုတ္ေၾကာင္း လႈိင္သာယာ PDF က သတိေပးစာ ယေန႔ (ဩဂုတ္ ၁၁ ရက္) ညေနပိုင္းက ထုတ္ျပန္လိုက္သည္။

လႈိင္သာယာ PDF က သတင္းေပး (ဒလန္) ဆိုသူအား က်ည္ဆန္ ၃ ေတာင့္ႏွင့္အတူ သတိေပးစာေရးကာ ယခုကဲ့သို႔ ေၾကညာခဲ့ျခင္းျဖစ္ၿပီး ၎စာထဲတြင္ “ေကာင္းကင္ေပၚက ၾကယ္က ေနာက္ေဖးလမ္းၾကားမွာ ေတာက္မယ္လို႔ မထင္ထားဘူး။ က်ေနာ္တို႔ ကေလးေတြရဲ႕ မိဘေတြ ငိုေႂကြးသံက မင္းတို႔အတြက္ က်ည္ဆန္ ျဖစ္ေစရမယ္။ – ဒလန္ လြတ္ေအာင္ေျပးထား။ မင္းကို စိန္ေခၚတယ္။ မင္း မိသားစုပါ ေတြ႕ေအာင္ ရွာျပမယ္။

က်ဴပင္ခုတ္ က်ဴငုတ္မက်န္ေအာင္ လုပ္ျပမယ္” ဟု ပါရွိသည္။ရန္ကုန္တိုင္းေဒသႀကီး၊ ဗိုလ္တေထာင္ၿမိဳ႕နယ္ ၄၄ လမ္း တိုက္အမွတ္ ၁၆ ၄ လႊာကို စစ္ေကာင္စီတပ္ဖြဲ႕က လာေရာက္စစ္ေဆးေနစဥ္ တိုက္ခန္းေပၚမွ ခုန္ခ်ခဲ့သည့္ လူငယ္ ၅ ဦးအနက္ အမ်ိဳးသမီးတစ္ဦးအပါအဝင္ ၃ ဦးမွာ ေနရာတြင္ ေသဆုံးခဲ့ၿပီး ၂ ႏွစ္ဦး ဒဏ္ရာအျပင္းအထန္ရခဲ့ေၾကာင္း BAP က ကနဦး အတည္ျပဳထားႏိုင္ခဲ့သည္။

စစ္ေကာင္စီက ယေန႔ ေန႔လည္ပိုင္းတြင္ ထုတ္ျပန္သည့္ ထုတ္ျပန္ခ်က္တြင္မူအမ်ိဳးသား ၁ ဦးႏွင့္ အမ်ိဳးသမီး ၁ ဦးေသဆုံးခဲ့ၿပီး အမ်ိဳးသား ၃ ဦး ဒဏ္ရာရခဲ့သည္ဟုဆိုသည္။ယမန႔္ေန႔က အြန္လိုင္းေပၚတြင္ ပ်ံ႕ႏွံ႔လာသည့္ အသံဖိုင္တြင္မူ ခုန္ခ်သူ ငါးဦးအနက္ သုံးဦးေသဆုံးၿပီး က်န္ ၂ ဦး၏ အသက္မွာလည္း ေငြ႕ေငြ႕သာရွိေတာ့ေၾကာင္း ရဲတစ္ဦးက ၎၏အထက္အရာရွိကို စကားေျပာစက္ျဖင့္ တင္ျပထားသည္ကို ေတြ႕ရသည္။

တိုက္ခန္းရွိ အမ်ိဳးသား ၄ ဦးႏွင့္ အမ်ိဳးသမီးတစ္ဦးတို႔သည္ ရွာေဖြဖမ္းဆီးစစ္ေဆးမႈကိုမခံယူဘဲ တိုက္ခန္း ၃ လႊာ ျပတင္းေပါက္မွ ခုန္ခ်စဥ္ တိုက္ခန္းေအာက္ေျခရွိ ကြန္ကရစ္ၾကမ္းခင္းေပၚ ျပဳတ္က်ၿပီး အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီး တစ္ဦးတို႔ ေသဆုံးခဲ့ကာ က်န္ အမ်ိဳးသား ၃ ဦးဒဏ္ရာေတြရရွိခဲ့တာေၾကာင့္ တပ္မေတာ္ေဆး႐ုံကို ပို႔ထားေၾကာင္းထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

Burma Associated Press

Add a Comment

Your email address will not be published. Required fields are marked *