(၈၈)မျိုးဆက်ဖြစ်တဲ့ ဖခင်ရဲ့သွေးတွေစီးဆင်းနေတဲ့မင်းမော်ကွန်းရဲ့တော်လှန်ရေးစိတ်ဓာတ်ပြင်းထန်ပုံကို ထုတ်ပြောပြလာတဲ့ ပြည်သူတစ်ဦး
|သရုပ်ဆောင် မင်းမော်ကွန်းကတော့ လွတ်မြောက်နယ်မြေတစ်နေရာတွင် ရောက်ရှိနေပြီး
တော်လှန်ရေးတိုက်ပွဲများအတွက် ကျရာအခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။
ပရိသတ်တွေကလည်း စွန့်လွှတ်အနစ်နာခံပြီး ပြည်သူတွေဘက်ကနေ ရပ်တည်ပေးနေတဲ့ မင်းမော်ကွန်းရဲ့
ရဲရင့်တဲ့ စိတ်ဓာတ်ကို လေးစားဂုဏ်ယူနေကြတာ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်က
လူမှုကွန်ယက်စာမျက်နှာတွင် (၈၈)မျိုးဆက်ဖြစ်တဲ့ ဖခင်ရဲ့သွေးတွေစီးဆင်းနေတဲ့မင်းမော်ကွန်းရဲ့ေ
တ်ာလှန်ရေးစိတ်ဓာတ်ပြင်းထန်ပုံကို ပြည်သူတစ်ဦးမှ ဖွင့်ဟပြောပြလာခဲ့တာ ဖြစ်ပါတယ်။
ပြည့်စုံနေတဲ့ မိသားစုဘဝရှိပြီး လက်ရှိမှာလည်း အောင်မြင်ကျော်ကြားမှုတွေ ရရှိပိုင်ဆိုင်နေတဲ့
လူလတ်ပိုင်းအကယ်ဒမီရ မင်းသားတစ်လက် ဖြစ်ပေမယ့်လည်း ဖခင်ရဲ့ (၈၈) တုန်းက သွေးတွေဟာ
သူ့ကိုယ်ထဲမှာ စီးဆင်းနေတာကြောင့် အရေးကြုံတဲ့အခါ ပြည်သူတွေဘက်ကနေ ရပ်တည်ပေးခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံရေးလုပ်ကြသူများထဲတွင် အယောင်ပြလုပ်တဲ့သူနဲ့ တကယ့်လက်တွေ့လုပ်သူဆိုတာ မြေပြင်အခြေအနေမှာ
ကွာသွားကြောင်းရေးသားထားပါတယ်။ သမ္မတရုပ်ရှင်ရုံရှေ့မှာ ဦးဇင်ဝိုင်းတို့ သားအဖနှစ်ယောက်နဲ့
နောက်ဆုံးတွေ့ဆုံခဲ့ချိန်က ” brother ကျွန်တော်တို့ ဒီပွဲကို နိုင်အောင်တိုက်မယ်” လို့ လက်သီးကိုဆုပ်
အံကိုကြိတ်ပြီး မင်းမော်ကွန်းမှ ပြောသွားခဲ့ဖူးကြောင်းကိုလည်း ပြောပြထားပါသေးတယ်။
မင်းမော်ကွန်းဟာ အပြောနဲ့အလုပ် တကယ်ညီအောင်လုပ်ပြသွားတဲ့အတွက် သူ့ရဲ့ လုပ်ရက်များအပေါ်
စာရေးသူမှချီးကျူးနေတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း သူနေထိုင်ရာ လွတ်မြောက်နယ်မြေသို့ မိသားစုကိုပါ
ခေါ်ထားပြီးတော်လှန်ရေးအတွက် အင်တိုက်အားတိုက် ကြိုးစားဆောင်ရွက်ပေးနေတာကိုလည်း လေးစားဖွယ်
မြင်တွေ့ကြရမှာပါ။ တော်လှန်ရေးစိတ်ဓာတ်ပြင်းထန်လွန်းတဲ့ မင်းမော်ကွန်းတို့ တစ်မိသားစုလုံး
ဘေးအန္တရာယ်ကင်းရှင်းပါစေလို့ ဆုတောင်းရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။
crd-