ါ်အောင်ဆန်းစုကြည်ရုံးချိန်းထပ်မံရွှေ့ဆိုင်း၊ကျန်းမာရေးမကောင်းဆိုတဲ့သတင်းတွေထွက်ပေါ်နေတဲ့အပေါ် ရှေ့နေအဖွဲ့ကဘာပြောလဲ။ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရ
တဲ့ အမှု ၅မှုအတွက်ရုံးချိန်းကို မူလက ဇူလိုင် ၂၆ နဲ့ မနက်ဖြန် ၂၇ ရက်ကို ရွှေ့ဆိုင်းထားခဲ့ပေမယ့် စစ်ကောင်စီက သြဂုတ်၁ ရက်နေ့အထိကို အများပြည်သူ ရုံးပိတ်ရက်
အဖြစ်သတ်မှတ်ထားတာကြောင့် လာမယ့် သြဂုတ် ၂ရက်နေ့ နဲ့ ၃ရက်နေ့ကို ရွှေ့ဆိုင်း လိုက်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေ ဒေါ်မင်းမင်းစိုးက ဘီဘီစီကိုပြော
ပါတယ်။ဒါအပြင် ဒေါ်အောင်ဆန်းစုကြည် ကိုဗစ်ကူးစက်ခံထားရတယ်လို့သတင်းတွေထွက်ပေါ်နေတဲ့အပေါ် သူ့ရှေ့နေကို မေးမြန်းရာမှာ ဘယ်လိုတုန့်ပြန်ပါသလဲ။မနေ့က ဇူလိုင်
၂၅ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို သူ့ရှေ့နေ့အဖွဲ့က လိုအပ်တဲ့ပစ္စည်းတွေ ပို့ဆောင်ရာမှာ ဘာတွေပါပါလဲ၊ ဘယ်လိုအမှာစကားပါးတာတွေရှိပါသလဲဆို
တာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေအဖွဲ့က ဒေါ်မင်းမင်းစိုးကို မဝင်းစန္ဒာဦးက ဆက်သွယ်မေးမြန်းထားပါတယ်။