ၿခိမ္းေျခာက္မႈေတြ ရွိေနတယ္လို႔ ဦးေက်ာ္စြာမင္း ၿဗိတိသၽွ အာဏာပိုင္ေတြထံ တိုင္ၾကား
|သံအမတ္ေနအိမ္ေရွ႕ လုံျခဳံေရးကို ၿခိမ္းေျခာက္တဲ့ လႈပ္ရွားမႈေတြ ရွိေနတယ္လို႔ ဦးေက်ာ္စြာမင္း ၿဗိတိသၽွ အာဏာပိုင္ေတြထံ တိုင္ၾကား
လန္ဒန္ၿမိဳ႕ ျမန္မာသံ႐ုံးရဲ့ ဦးေဆာင္သူ ေနရာကို လက္လြတ္ထားရတဲ့ ဦးေက်ာ္စြာမင္းဟာ သူ႔ရဲ့
လုံျခဳံေရးအေပၚ ၿခိမ္းေျခာက္မႈေတြ ရွိေနတယ္ ဆိုၿပီး လန္ဒန္ၿမိဳ႕ေတာ္ ရဲတပ္ဖြဲ႕နဲ႔ ၿဗိတိသၽွ နိုင္ငံျခားေရး၊
ဓနသဟာရနဲ႔ ဖြံ့ၿဖိဳးေရး႐ုံးထံ တရားဝင္ တိုင္ၾကားထားတယ္လို႔ သူ႔ကို ကိုယ္စားျပဳသူေတြက ေျပာပါတယ္။
ၿပီးခဲ့တဲ့ ဩဂုတ္လ ၁၄ ရက္၊ စေန ညေနပိုင္းကတည္းက စၿပီး ဦးေက်ာ္စြာမင္း ဆက္လက္ ေနထိုင္ေနတဲ့
လန္ဒန္ၿမိဳ႕ ေျမာက္ပိုင္းက ျမန္မာသံအမတ္ ေနအိမ္ရဲ့ အျပင္ဘက္မွာ မသကၤာဖြယ္ရာ လႈပ္ရွား သြားလာမႈ၊
ေစာင့္ၾကည့္မႈေတြကို ၿခိမ္းေျခာက္မႈ အသြင္ ေတြ႕လာရတယ္လို႔ ဆိုပါတယ္။
ဒီကိစၥဟာ အာဏာသိမ္း စစ္ေကာင္စီအေပၚ သစၥာခံသူေတြ လက္ရွိ ထိန္းခ်ဳပ္ထားတဲ့ လန္ဒန္ျမန္မာသံ႐ုံးနဲ႔ ဆက္စပ္
ပတ္သက္ေနတယ္ ဆိုၿပီး ရဲတပ္ဖြဲ႕ အပါအဝင္ ယူေက အာဏာပိုင္ေတြထံ တိုင္ၾကားသူေတြဘက္က
စြပ္စြဲမႈေတြ ျပဳလုပ္ထားပါတယ္။
“ယူေကအစိုးရကိုယ္တိုင္ သံတမန္အျဖစ္ အသိအမွတ္ ျပဳထားသူေတြ ပါဝင္ ပတ္သက္ ေနတာေၾကာင့္ စုံစမ္းေပးဖို႔
အာဏာပိုင္ေတြထံ တိုင္ၾကားထားတယ္” ဆိုၿပီး ျမန္မာအေရး တာဝန္ခံမႈ ရွိေစေရး ပေရာဂ်က္ အဖြဲ႕က ေျပာပါတယ္။
အဲဒီအဖြဲ႕ဟာ ျမန္မာ သံအမတ္ေနအိမ္ကို အာဏာသိမ္း စစ္ေကာင္စီ ဘက္က ထိန္းခ်ဳပ္ခြင့္ ရမသြားေအာင္
အဓိက ေဆာ္ဩလုပ္ေဆာင္ေနတဲ့ အဖြဲ႕ ျဖစ္ပါတယ္။
အခုလို စြပ္စြဲမႈေတြ ရွိေနေၾကာင္း ျမန္မာသံ႐ုံး ဘက္ကို ယူေက အာဏာပိုင္ေတြက အေၾကာင္းၾကားထားၿပီလား
ဆိုတာေတာ့ မသိရေသးပါဘူး။ ဘီဘီစီျမန္မာပိုင္း
သံအမတ်နေအိမ်ရှေ့ လုံခြုံရေးကို ခြိမ်းခြောက်တဲ့ လှုပ်ရှားမှုတွေ ရှိနေတယ်လို့ ဦးကျော်စွာမင်း ဗြိတိသျှ အာဏာပိုင်တွေထံ တိုင်ကြား
လန်ဒန်မြို့ မြန်မာသံရုံးရဲ့ ဦးဆောင်သူ နေရာကို လက်လွတ်ထားရတဲ့ ဦးကျော်စွာမင်းဟာ သူ့ရဲ့
လုံခြုံရေးအပေါ် ခြိမ်းခြောက်မှုတွေ ရှိနေတယ် ဆိုပြီး လန်ဒန်မြို့တော် ရဲတပ်ဖွဲ့နဲ့ ဗြိတိသျှ နိုင်ငံခြားရေး၊
ဓနသဟာရနဲ့ ဖွံ့ဖြိုးရေးရုံးထံ တရားဝင် တိုင်ကြားထားတယ်လို့ သူ့ကို ကိုယ်စားပြုသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၄ ရက်၊ စနေ ညနေပိုင်းကတည်းက စပြီး ဦးကျော်စွာမင်း ဆက်လက် နေထိုင်နေတဲ့
လန်ဒန်မြို့ မြောက်ပိုင်းက မြန်မာသံအမတ် နေအိမ်ရဲ့ အပြင်ဘက်မှာ မသင်္ကာဖွယ်ရာ လှုပ်ရှား သွားလာမှု၊
စောင့်ကြည့်မှုတွေကို ခြိမ်းခြောက်မှု အသွင် တွေ့လာရတယ်လို့ ဆိုပါတယ်။
ဒီကိစ္စဟာ အာဏာသိမ်း စစ်ကောင်စီအပေါ် သစ္စာခံသူတွေ လက်ရှိ ထိန်းချုပ်ထားတဲ့ လန်ဒန်မြန်မာသံရုံးနဲ့ ဆက်စပ်
ပတ်သက်နေတယ် ဆိုပြီး ရဲတပ်ဖွဲ့ အပါအဝင် ယူကေ အာဏာပိုင်တွေထံ တိုင်ကြားသူတွေဘက်က
စွပ်စွဲမှုတွေ ပြုလုပ်ထားပါတယ်။
“ယူကေအစိုးရကိုယ်တိုင် သံတမန်အဖြစ် အသိအမှတ် ပြုထားသူတွေ ပါဝင် ပတ်သက် နေတာကြောင့် စုံစမ်းပေးဖို့
အာဏာပိုင်တွေထံ တိုင်ကြားထားတယ်” ဆိုပြီး မြန်မာအရေး တာဝန်ခံမှု ရှိစေရေး ပရောဂျက် အဖွဲ့က ပြောပါတယ်။
အဲဒီအဖွဲ့ဟာ မြန်မာ သံအမတ်နေအိမ်ကို အာဏာသိမ်း စစ်ကောင်စီ ဘက်က ထိန်းချုပ်ခွင့် ရမသွားအောင်
အဓိက ဆော်ဩလုပ်ဆောင်နေတဲ့ အဖွဲ့ ဖြစ်ပါတယ်။
အခုလို စွပ်စွဲမှုတွေ ရှိနေကြောင်း မြန်မာသံရုံး ဘက်ကို ယူကေ အာဏာပိုင်တွေက အကြောင်းကြားထားပြီလား
ဆိုတာတော့ မသိရသေးပါဘူး။ ဘီဘီစီမြန်မာပိုင်း