ဂြိုဟ်တုဆက်သွယ်ရေးကို စစ်ရေးအတွက်အသုံးပြုခြင်းကို ကာကွယ်ရန် JFM တောင်းဆို
|ဂြိုဟ်တုဆက်သွယ်ရေးကို စစ်ရေးအတွက်အသုံးပြုခြင်းကို ကာကွယ်ရန် JFM တောင်းဆို
ရန်ကုန်၊သြဂုတ် ၅
အမေရိကန်၊ လူဇင်ဘက် ဂြိုဟ်တုကုမ္ပဏီ Intelsat သည် ဗြိတိန်ကုမ္ပဏီခွဲတစ်ခုမှတစ်ဆင့် အကြမ်းဖက်စစ်ကောင်စီထံသို့ စစ်ရေးအတွက် ဂြိုဟ်တုရေဒီယိုထပ်ဆင့်
လွှင့်စက် ငှားရမ်းသုံးခွင့်ပြုထားခြင်းကို ရပ်ဆိုင်းပေးရန် Justice For Myanmar က ထုတ်ပြန်တောင်းဆိုသည်။
မြန်မာနိုင်ငံက Intelsat 39 ဂြိုလ်တုငှားရမ်းသုံးစွဲမှု စာချုပ်ကို ၂၀၁၈ ခုနှစ်တွင် လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ပြီး Maxar Technologies က တည်ဆောက်သည့် ဂြိုလ်
တုကို ၂၀၁၉ ခုနှစ်တွင် လွှင့်တင်သုံးစွဲခဲ့သည်။ အဆိုပါ စာချုပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဦးဆောင် အစိုးရလက်ထက်တွင် ဆက်သွယ်ရေးနှင့် သယ်ယူ
ပို့ဆောင်ရေးဝန်ကြီးဌာနက လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “တရားမဝင် မြန်မာလူသတ် စစ်ကောင်စီက စစ်ရေးရည်ရွယ်ချက်နဲ့ ဂြိုလ်တုဆက်သွယ်ရေးသုံးစြွဲ
ခင်းကို ကာကွယ်ဖို့အတွက် ချက်ချင်း အရေးယူဆောင်ရွက်ဖို့ Intelsat ကို ကျွန်မတို့တောင်းဆိုပါတယ်။ Myanmarsat-2 ဂြိုလ်တု သဘောတူ စာချုပ်ကို အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဦးဆောင်အစိုးရလက်ထက်မှာ လက်မှတ် ရေးထိုးခဲ့တာပါ။ အခုအချိန်မှာ Intelsat အနေနဲ့ မြန်မာနိုင်ငံမှာ ဆက်လက်လုပ်ကိုင်နေတဲ့
၎င်းတို့ စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မဖြစ်မနေ ညှိနှိုင်းဆွေးနွေးရပါမယ်။ တရားမဝင် စစ်ကောင်စီနဲ့ ဆွေးနွေးရမှာမဟုတ်ပါဘူး။
Intelsat အနေနဲ့ အရေးယူပိတ်ဆို့မှု စည်းမျဉ်းများကို လိုက်နာ လုပ်ဆောင်မှုရှိရေး၊ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးအပေါ် ကာကွယ်ပေးရေးတို့ကို လုပ်ဆောင်ေ
စဖို့ ဗြိတိန်၊ လူဇင်ဘက်နှင့် အမေရိကန်ပြည်ထောင်စု အစိုးရများကိုလည်း ကျွန်မတို့ တောင်းဆိုပါတယ်” ဟု ပြောသည်။
အကြမ်းဖက် စစ်ကောင်စီ ထိန်းချုပ်မှုအောက်ရှိ ဂြိုလ်တုဆက်သွယ်ရေးကို မြန်မာပြည်သူများအပေါ် ၎င်းတို့၏ အကြမ်းဖက် တိုက်ခိုက်မှုများအတွက် အထောက်အ
ကူပြုရန် အသုံးချနိုင်သည့်အပေါ် အလေးအနက် စိုးရိမ်ပူပန်မှုများ ရှိနေကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
ဂြိုလ်တုထပ်ဆင့်လွှင့်မှု မည်မျှအသုံးပြုသည်ကိုမူ ၎င်းတို့ အနေဖြင့် သိရှိခြင်းမရှိကြောင်း Intelsat က Justice For Myanmar သို့ အတည်ပြု ပြောကြားပြီး မြန်မာနို
င်ငံသို့ ပြည်တွင်းဖိနှိပ်ရေးလုပ်ငန်းများအတွက် အသုံးပြုနိုင်သည့် နည်းပညာရောင်းချမှုကို ကန့်သတ်ပိတ်ပင်သည့် ဥရောပသမဂ္ဂနှင့် ဗြိတိန်တို့၏ အရေးယူပိတ်ဆို့မှု
အပေါ် ၎င်းတို့၏ လိုက်နာဆောင်ရွက်မှု အခြေအနေနှင့် စပ်လျဉ်းသည့် မေးခွန်းများကိုမူ Intelsat က ဖြေကြားလိမ့်မည် မဟုတ်ကြောင်း JFM က ဆိုသည်။