မြိုင်မြို့နယ်PDF ခေါင်းဆောင် ကိုဖိုးဌေး၏ သမီးလေးမှ သူ့ဖခင်နဲ့ပတ်သက်ပီးခုလိုရေးသားထားပါ တယ်.(မျက်ရေခိုင်မှဖတ်ပါ).
|မြိုင်မြို့နယ် ဗဟင်းကျေးရွာတိုက်ပွဲတွင် (1.8.21)နေ့ ညနေ 6.00 ခန့်မှာကြဆုံးသွားသော မြိုင် PDF ခေါင်းဆောင် ကိုဖိုးဌေး၏ သမီးလေးမှ သူ့ဖခင်နဲ့ပတ်သက်ပီး
သူမရဲ့ အကောင့်မှာ ခုလိုရေးသားထားပါ တယ်…အော် ဦးဖိုးဌေးတဲ့နော်၂၀၁၂ NLD ပါတီထဲစဝင်ကထဲက လုပ်လိုက်တဲ့ပါတီနိုင်ငံရေး ၂၀၁၅ ကိုယ့်အစိုးရလက်ထပ်
မှာလဲ လုပ်လိုက်တဲ့ ဖွံြ့
ဖိုးရေးလုပ်ငန်းတွေ ရပ်ကွက်အတွက်ရော မြို့နယ်အတွက်ပါ ဖွံ့ဖြိုးဖို့လုပ်လိုက်တာကိုယ့်အိမ်ကိုယ့်စီးပွားတောင် အဲ့လောက်စိတ်ဝင်တစားမလုပ်ဖူးတဲ့ ငါ့ဖေဖေ သူ့အိ
တ်ထဲကနေတောင်ထုပ်ထုပ်ပြီး လုပ်တာ အတိုက်အခံတွေကလဲများလိုက်တာ ခိုင်းကောင်းလို့ခိုင်းနေတာကိုအဟုတ်ကြီးထင်နေတယ်ပြောတဲ့သူနဲ့ လူမိုက်ငှားထား
တာလို့ ပြောတဲ့သူတွေနဲ့ ငါ့ဖေဖေလေးပင်ပန်းခဲ့ပါတယ် အများအကျိုးအတွက်ဖေဖေလုပ်ခဲ့တဲ့အရာတွေ မနည်းပါဘူး အာဏာစသိမ်းတဲ့ Feb 1 ရက်နေ့ကထဲက ပြော
သွားတဲ့စကားလေး ” သမီးရေ ဖေဖေကအခုမှ တကယ့်နိုင်ငံရေးကိုလုပ်တာ တကယ့်နိုင်ငံ့အရေးကိုလုပ်တော့မှာ သမီးတို့အဆိုးဆုံးထိတွေးထားကြ “တဲ့နဖူးလေးကို
နမ်းပြီးပြောတဲ့စကား အဲ့အချိန်ကထဲက အိမ်မှာမနေပဲဟိုပြေးဒီပြေးနဲ့နေခဲ့ရတာ သပိတ်တွေမှောက် ဆန္ဒတွေပြတော့လဲ ရှေးဆုံးကနေမားမားမတ်မတ်ရပ်တည်ပြီး
အားတက်သရေနဲ့ ဘသူတွေဘလိုတိုက်ခိုက်တိုက်ခိုက် ကိုယ်ကခံပြင်းရင်တောင် ဂရုမစိုက်နဲ့ ကိုယ့်ဦးတည်ချက်ကိုရောက်အောင်သွားရမှာတဲ့ မိသားစုတစ်ကွဲတစ်ြ
ပားနဲ့နေရတော့လဲ အရမ်းသံယောဇဉ်ကြီးတဲ့ငါ့အဖေ ဘလောက်ခံစားလိုက်ရမလဲ ဒီကြားထဲ သူ့ညီအရင်းသေတယ် သူတော်တော်ခံစားသွားရတယ် နောက်ထပ်
သူ့ညီလိုအားကိုးရတဲ့ညီတစ်ယောက်ထပ်သေတော့ ဖုန်းပြောတာတောင်ဆုံးအောင်မပြောနိုင်ဘူး အသံတွေဝင်အောင် ငိုလိုက်တာ အဲ့လောက်သံယောဇဉ်ကြီးရသ
လားငါ့အဖေရယ် အမြဲပြောနေကျစကားလေး “ဖေဖေက ဖေဖေ့ကိုယ်ကို သရဏဂုံ တည်ထားတာ ဖေဖေအဆုံးထိတိုက်မှာတဲ့ ဖေဖေအဖမ်းခံရရင်တောင်သူ့မှာဒု
က္ခမပေးဘူး ကိုယ့်ကိုကို သက်သေလိုက်မှာတဲ့ ခေါင်းဆောင်လုပ်နေပြီး ရှေ့ကမထွက်ပဲ ဖေဖေမနေနိုင်ဘူးတဲ့ လိပ်ပြာမလုံဘူးတဲ့ ဖေဖေ့ရဲဘော်တွေကိုဖေဖေအထိခို
က်မခံဘူးတဲ့”အပြောနဲ့အလုပ်နဲ့တစ်ထပ်ထဲပါပဲ ဖေဖေရယ် မနေ့ကကြားရတဲ့သတင်းကတော့သူမကျခင်လေးမှာ “မင်းတို့နောက်ဆုတ်တော့”တဲ့ သူ့ရဲဘော်တွေက
လဲနောက်မဆုတ်တော့ “ငါအမိန့်ပေးတာ အခုချက်ချင်းနောက်ဆုတ်”ဆိုပြီးတစ်ယောက်ထဲကာပစ်ပေးရင်းနဲ့ ရင်ဘက်ကိုထိသွားတယ်တဲ့ ကျဆုံးသွားတာတောင်ေ
သနတ်လေးကို ရင်ဘက်မှာပိုက်သွားရှာတာတဲ့ ရင်တွေနာရပါတယ် ဖေဖေရယ် တစ်မျိုးလုံးကဖေဖေ့ကိုအားကိုးနေရတာလေ အခုသမီးတို့ဘလိုရှေ့ဆက်ကြရတော့
မှာလဲ ဖဖေကျဆုံးသွားတာနဲ့တင် ဒီတော်လှန်ရေးကြီးကိုအဆုံးထိတိုက်ပေးကြမယ် အပျော်အပါးတွေလျော့ပြီး တော်လှန်ရေးကိုပဲတစ်စိုက်မတ်မတ် လုပ်ဆောင်ေ
ပးကြမယ်ဆိုရင် ကျွန်မ အဖေအသက်ကိုပေးလိုက်ရတာ ကျေနပ်ပါတယ် ဖဖေ့အတွက်အမြဲ ဂုဏ်ယူနေမှာပါ စိတ်ချလက်ချသာ အေးချမ်းတဲ့နေရာမှာရှိနေပေးပါေ
ဖဖေရယ် သမီးဘဝရဲ့ အကြီးမားဆုံး ဆုံးရှုံးမှုကြီးပါပဲ ဖေဖေ့ရဲဘော်ရဲဘက်တွေကို မသိပေမယ့် ဖေဖေ့အတွက်ပိုပြီးတိုက်ပွဲဝင်ပေးကြပါလို့ တောင်းဆိုပါတယ်