ၿမိဳ႕သိမ္းတိုက္ပြဲမ်ား ေဆာင္ရြက္ေတာ့မည္ျဖစ္၍ ပူေပါင္းပါဝင္ၾကရန္ ေဝါ PDF တိုက္တြန္း

ၿမိဳ႕သိမ္းတိုက္ပြဲမ်ား ေဆာင္ရြက္ေတာ့မည္ျဖစ္၍ ပူေပါင္းပါဝင္ၾကရန္
ေဝါ PDF တိုက္တြန္း
ရန္ကုန္၊ ၾသဂုတ္၂၇

မၾကာမီကာလအတြင္း ၿမိဳ႕သိမ္းတိုက္ပြဲမ်ား ေဆာင္ရြက္ေတာ့မည္ျဖစ္၍ ၿမိဳ႕သိမ္းတိုက္ပြဲ မ်ားအတြက္ တိုက္ပြဲဝင္မည့္ ကိုယ့္ၿမိဳ႕နယ္မွ အခ်ိတ္အဆက္မမိေသးေသာ လက္နက္ကိုင္အဖြဲ႕အစည္းမ်ားကိုလည္း မဟာမိတ္ဖြဲ႕ လက္တြဲေဆာင္ရြက္ရန္ ေဝါၿမိဳ႕နယ္ PDF က တိုက္တြန္းထားသည္။

 

လုံျခဳံေရးတာဝန္ယူထားေသာ စစ္သားမ်ားႏွင့္ရဲတပ္ဖြဲ႕ဝင္မ်ား၊ အၾကမ္းဖက္ စစ္ေကာင္စီ လက္ေအာက္တြင္ တာဝန္မထမ္းေဆာင္လိုပါက မိမိတို႔(PDF)အဖြဲ႕မ်ားႏွင့္ လာေရာက္ပူးေပါင္းေပးပါရန္ ဖိတ္ေခၚေၾကာင္းလည္း ၎တို႔၏ ေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။

 

ေဝါ PDFအဖြဲ႕က စစ္အာဏာရွင္စနစ္က်ဆုံးေရးႏွင့္ ျပည္သူမ်ားအေပၚ တရားဥပေဒစိုးမိုးေရးအတြက္ NUGအစိုးရ၊ EAO (တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕) မ်ား၊ တိုင္း/ခရိုင္ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မ်ား၊ အနီးပတ္ဝန္းက်င္ၿမိဳ႕နယ္မ်ားရွိ PDF အဖြဲ႕မ်ားႏွင့္လည္းခ်ိတ္ဆက္ ထားေၾကာင္း သိရသည္။

 

တိုက္ပြဲျဖစ္ပြားပါက ျပည္သူမ်ား၏ လုံျခဳံေရးကို PDF တပ္ဖြဲ႕ဝင္မ်ားက တာဝန္ယူေဆာင္ရြက္ေပးသြားမွာျဖစ္၍ အခ်ိန္တိုအတြင္း ၿမိဳ႕သိမ္းတိုက္ပြဲၿပီးဆုံးနိုင္ေရးအတြက္ အၾကမ္းဖက္ စစ္ေကာင္စီ၏ လႈပ္ရွားမႈ သတင္းမ်ားကို PDF တပ္ဖြဲ႕မ်ားထံသို႔ အခ်ိန္မီသတင္းေပးပို႔ရန္လည္း ေမတၱာ ရပ္ခံထားသည္။

————————-

မြို့သိမ်းတိုက်ပွဲများ ဆောင်ရွက်တော့မည်ဖြစ်၍ ပူပေါင်းပါဝင်ကြရန်
ဝေါ PDF တိုက်တွန်း
ရန်ကုန်၊ သြဂုတ်၂၇

မကြာမီကာလအတွင်း မြို့သိမ်းတိုက်ပွဲများ ဆောင်ရွက်တော့မည်ဖြစ်၍ မြို့သိမ်းတိုက်ပွဲ များအတွက် တိုက်ပွဲဝင်မည့် ကိုယ့်မြို့နယ်မှ အချိတ်အဆက်မမိသေးသော လက်နက်ကိုင်အဖွဲ့အစည်းများကိုလည်း မဟာမိတ်ဖွဲ့ လက်တွဲဆောင်ရွက်ရန် ဝေါမြို့နယ် PDF က တိုက်တွန်းထားသည်။

 

လုံခြုံရေးတာဝန်ယူထားသော စစ်သားများနှင့်ရဲတပ်ဖွဲ့ဝင်များ၊ အကြမ်းဖက် စစ်ကောင်စီ လက်အောက်တွင် တာဝန်မထမ်းဆောင်လိုပါက မိမိတို့(PDF)အဖွဲ့များနှင့် လာရောက်ပူးပေါင်းပေးပါရန် ဖိတ်ခေါ်ကြောင်းလည်း ၎င်းတို့၏ ကြေညာချက်တွင် ဖော်ပြထားသည်။

 

ဝေါ PDFအဖွဲ့က စစ်အာဏာရှင်စနစ်ကျဆုံးရေးနှင့် ပြည်သူများအပေါ် တရားဥပဒေစိုးမိုးရေးအတွက် NUGအစိုးရ၊ EAO (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့) များ၊ တိုင်း/ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ အနီးပတ်ဝန်းကျင်မြို့နယ်များရှိ PDF အဖွဲ့များနှင့်လည်းချိတ်ဆက် ထားကြောင်း သိရသည်။

 

တိုက်ပွဲဖြစ်ပွားပါက ပြည်သူများ၏ လုံခြုံရေးကို PDF တပ်ဖွဲ့ဝင်များက တာဝန်ယူဆောင်ရွက်ပေးသွားမှာဖြစ်၍ အချိန်တိုအတွင်း မြို့သိမ်းတိုက်ပွဲပြီးဆုံးနိုင်ရေးအတွက် အကြမ်းဖက် စစ်ကောင်စီ၏ လှုပ်ရှားမှု သတင်းများကို PDF တပ်ဖွဲ့များထံသို့ အချိန်မီသတင်းပေးပို့ရန်လည်း မေတ္တာ ရပ်ခံထားသည်။

Add a Comment

Your email address will not be published. Required fields are marked *