ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္အျဖစ္ သူ႔ကိုယ္သူေၾကျငာတာနဲ႔ပတ္သက္ပီး ပန္ဆယ္လိုေျပာ
|သူတို႔က အိမ္ေစာင့္အစိုးရ ျဖစ္ခ်င္တာ
ငါတို႔ကျဖင့္ အိမ္ေစာင့္ေခြးအဆင့္ေတာင္ မျမင္တာကို
အိမ္ရွင္က မေစာင့္ခိုင္းဘဲ ဝင္ကိုက္တဲ့ ေခြးပုကမ်ား
ေဝါ့ – ပန္ဆယ္လို
နစကကို အိမ္ေစာင့္အစိုးရအျဖစ္ ျပင္ဆင္ဖြဲ႕စည္းေၾကာင္း အာဏာသိမ္းစစ္ေကာင္စီေၾကညာ
မဇၩိမ၊ ၾသဂုတ္ ၁ ရက္
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ (နစက)၊ စီမံခန႔္ခြဲေရးေကာ္မတီကို
“ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ အိမ္ေစာင့္အစိုးရအဖြဲ႕” အျဖစ္ ျပင္ဆင္ဖြဲ႕စည္းလိုက္ေၾကာင္း အာဏာသိမ္းစစ္ေကာင္စီက ထုတ္ျပန္ေၾကညာလိုက္သည္။
စစ္တပ္က ေ႐ြးေကာက္ခံအရပ္သားအစိုးရထံမွ မတရားအာဏာသိမ္းယူခဲ့မႈ ေျခာက္လျပည့္သည့္ ယေန႔ ၾသဂုတ္လ ၁ ရက္ေန႔တြင္ စစ္ေကာင္စီဘက္က ယခုလို ထုတ္ျပန္လာျခင္းျဖစ္သည္။
ယခုျပင္ဆင္ဖြဲ႕စည္းလိုက္ေသာ အိမ္ေစာင့္အစိုးရအဖြဲ႕တြင္ အာဏာသိမ္းစစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္က ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္အျဖစ္ ဦးေဆာင္ပါဝင္မည္ျဖစ္ၿပီး
ႏိုင္ငံေတာ္တာဝန္မ်ားကို ပိုမိုလြယ္ကူ၊ လ်င္ျမန္၊ ထိေရာက္စြာ ေဆာင္႐ြက္ႏိုင္ရန္ အိမ္ေစာင့္အစိုးရအဖြဲ႕အျဖစ္ ျပင္ဆင္ဖြဲ႕စည္းရျခင္းျဖစ္ေၾကာင္း စစ္ေကာင္စီဘက္က ဆိုသည္။
အာဏာသိမ္းစစ္ေကာင္စီက ဖြဲ႕စည္းထားခဲ့သည့္ တိုင္းေဒသႀကီး၊ ျပည္နယ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီမ်ားကိုလည္း တိုင္းေဒသႀကီး၊ ျပည္နယ္အစိုးရအဖြဲ႕မ်ားအျဖစ္ ျပင္ဆင္ဖြဲ႕စည္းလိုက္ေၾကာင္းလည္း ထုတ္ျပန္ထားသည္။
စစ္အာဏာသိမ္းထားသည္မွာ ေျခာက္လၾကာျမင့္ၿပီျဖစ္ေသာ္လည္း ေနာက္ႏွစ္ႏွစ္ အာဏာဆက္သိမ္းထားမည္ဟု
အၾကမ္းဖက္စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္က ယေန႔နံနက္ပိုင္းတုန္းက စစ္တပ္ပိုင္ ႐ုပ္သံမွတဆင့္ ထည့္သြင္းေျပာဆိုခဲ့ေသးသည္။
unicode
သူတို့က အိမ်စောင့်အစိုးရ ဖြစ်ချင်တာ
ငါတို့ကဖြင့် အိမ်စောင့်ခွေးအဆင့်တောင် မမြင်တာကို
အိမ်ရှင်က မစောင့်ခိုင်းဘဲ ဝင်ကိုက်တဲ့ ခွေးပုကများ
ဝေါ့ – ပန်ဆယ်လို
နစကကို အိမ်စောင့်အစိုးရအဖြစ် ပြင်ဆင်ဖွဲ့စည်းကြောင်း အာဏာသိမ်းစစ်ကောင်စီကြေညာ
မဇ္ဈိမ၊ သြဂုတ် ၁ ရက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက)၊ စီမံခန့်ခွဲရေးကော်မတီကို
“ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့” အဖြစ် ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ကြေညာလိုက်သည်။
စစ်တပ်က ရွေးကောက်ခံအရပ်သားအစိုးရထံမှ မတရားအာဏာသိမ်းယူခဲ့မှု ခြောက်လပြည့်သည့် ယနေ့ သြဂုတ်လ ၁ ရက်နေ့တွင် စစ်ကောင်စီဘက်က ယခုလို ထုတ်ပြန်လာခြင်းဖြစ်သည်။
ယခုပြင်ဆင်ဖွဲ့စည်းလိုက်သော အိမ်စောင့်အစိုးရအဖွဲ့တွင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ဦးဆောင်ပါဝင်မည်ဖြစ်ပြီး
နိုင်ငံတော်တာဝန်များကို ပိုမိုလွယ်ကူ၊ လျင်မြန်၊ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အိမ်စောင့်အစိုးရအဖွဲ့အဖြစ် ပြင်ဆင်ဖွဲ့စည်းရခြင်းဖြစ်ကြောင်း စစ်ကောင်စီဘက်က ဆိုသည်။
အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းထားခဲ့သည့် တိုင်းဒေသကြီး၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီများကိုလည်း တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအဖြစ် ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်းလည်း ထုတ်ပြန်ထားသည်။
စစ်အာဏာသိမ်းထားသည်မှာ ခြောက်လကြာမြင့်ပြီဖြစ်သော်လည်း နောက်နှစ်နှစ် အာဏာဆက်သိမ်းထားမည်ဟု
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတုန်းက စစ်တပ်ပိုင် ရုပ်သံမှတဆင့် ထည့်သွင်းပြောဆိုခဲ့သေးသည်။