န္တလာတက္ကသိုလ်သပိတ်စစ်ကြောင်းကို အိမ်စီးကားဖြင့် တိုက်ဖမ်း၊ ၁ ဦးအဖမ်းခံရ၊ မြတောင်သပိတ်စစ်ကြောင်းမှ လူငယ်များကို စစ်ကောင်စီက ပစ်ခတ်ဖမ်းဆီးရာ ၆ ဦး အဖမ်းခံရပြီး လူငယ် ၁ ဦး သေဆုံးဟု သတင်းထွက်ပေါ်
|မန္တလာတက္ကသိုလ်သပိတ်စစ်ကြောင်းကို အိမ်စီးကားဖြင့် တိုက်ဖမ်း၊ ၁ ဦးအဖမ်းခံရ၊ မြတောင်သပိတ်စစ်ကြောင်းမှ လူငယ်များကို စစ်ကောင်စီက ပစ်ခတ်ဖမ်းဆီးရာ ၆ ဦး အဖမ်းခံရပြီး လူငယ် ၁
ဦး သေဆုံးဟု သတင်းထွက်ပေါ်ရန်ကုန်၊ ဇူလိုင် ၃၁
ယနေ့ မန္တလေးတွင် ဇူလိုင်လ ၃၁ ရက်နေ့ နံနက်ပိုင်း စစ်အာဏာရှင်ဖြုတ်ချရေး ချီတက် ဆန္ဒပြသည့် မန္တလာတက္ကသိုလ် သပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်များက အိမ်စီးကားများဖြင့် တို
က်၍ ဖမ်းဆီးသဖြင့် လူငယ် ၁ ဦး အဖမ်းခံရကြောင်း သပိတ်တွင် ပါဝင်သူများထံမှ သိရှိရသည်။”ဟုတ်တယ်။ မန္တလာတက္ကသိုလ် သပိတ်စစ်ကြောင်း အပြန်မှာ အိမ်စီးကားက တိုက်ဖမ်းတာ။ တ
စ်ယောက်ဖမ်းခံလိုက်ရတယ်။ မြတောင်သပိတ်စစ်ကြောင်းက လူငယ်တွေနေတဲ့ အိမ်ကိုလည်းပစ်ခတ်ဖမ်းဆီးတယ်လို့ကြားရတယ်။ ၁ ဦးကျဆုံးပြီး ၅ ဦးအဖမ်းခံရတယ်လို့လည်းကြားတယ်။ ၁
ဦးသေတာကိုတော့ အတည်မပြုနိုင်သေးပါဘူး” ဟု မန္တလေး သပိတ်ဦးဆောင်သူတစ်ဦးက ပြောသည်။မန္တလာတက္ကသိုလ်သပိတ်စစ်ကြောင်းမှ အဖမ်းခံရသူမှာ မောင်ဇင်မျိုးခန့်ဆိုသော လူငယ်ြ
ဖစ်ကြောင်း မန္တလေး သတင်းရင်းမြစ်များက သတင်းဖော်ပြသည်။စစ်ကောင်စီတပ်များက မန္တလာတက္ကသိုလ်သပိတ်စစ်ကြောင်းကို ဖြိုခွင်းသည့်အပြင် မြတောင် သပိတ်စစ်ကြောင်းမှ လူငယ်
များ နေထိုင်ရာ အိမ်ကို ယနေ့ နက် ၈နာရီကျော်က လက်နက် အပြည့်အစုံဖြင့် ပစ်ခတ် ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ လတ်တလောတော့၆ယောက်ဖမ်းခံရ ၁ဦးကျဆုံးဟု သိရှိရပြီး အခြေအနေ
အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ဓာတ်ပုံ- မြတောင်သပိတ်စစ်ကြောင်းမှ လူငယ်များ၏ နေအိမ်ကို ဝင်ရောက်စီးနင်းနေစဉ်။