စစ်ကောင်စီမှ မိလ္လာကား အသုံးပြုကာ ကင်းလှည့်နေသည့် သတင်းများထွက်ပေါ်နေပြီး ပြည်သူများ စိုးရိမ်နေ

ပြည်မြို့တွင် စစ်ကောင်စီမှ မိလ္လာကား အသုံးပြုကာ ကင်းလှည့်နေသည့် သတင်းများထွက်ပေါ်နေပြီး ပြည်သူများ စိုးရိမ်နေ

သွင်ထူးဈာန်

(မဇ္ဈိမ)။ ။

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် စစ်ကောင်စီမှ မိလ္လာကား အသုံးပြုကာ ညနက်သန်းခေါင်ယံတွင် ကင်းလှည့်နေသည့် သတင်းများထွက်ပေါ်နေကြောင်း ဒေသခံများထံမှသိရသည်။

ပြီးခဲ့သည့် မေလပိုင်းမှ စတင်ပြီး စက်တင်ဘာလကုန်အထိ ပြည်မြို့တွင် မိလ္လာကားတစ်စီး မြို့တွင်း မြို့ပြင် နေ့စဉ်ဆိုသလို ထူးခြားသည့် အပြုအမှုမျိုးဖြင့် သွားလာလှုပ်ရှားနေခြင်းကြောင့် စစ်ကောင်စီမှ မိလ္လာကားကို အသုံးပြုကာ ကင်းလှည့်နေခြင်းဖြစ်နိုင်ကြောင်း ဒေသခံများမှ ဝေဖန်ပြောဆိုနေကျသည်။

“ အရင် ပြည်မှာ မိလ္လာကားက နေ့တိုင်းမသွားဘူး၊ အဲ့လိုကားက အရှေ့ကဖြတ်သွားရင်လည်း အနံ့က နံဆော်နေရမှာ၊ အခုက ဘာအနံ့မှမရသလို ကားကလည်း ရောင်စုံမီးလုံးတွေနဲ့ ၊ ပြီးတော့ ကားက အသစ်ကြီး၊ ထူးဆန်းတာက မြို့ထဲဝင်ပြီး ၁၅မိနစ် မိနစ်၂၀လောက်ဆို ကားက မြို့ထဲကပြန်ထွက်ပြီး မြို့ပြင် မိချောင်းရဲဘက်ကို ပြန်သွားတယ်၊ မိလ္လာကားက အဲ့လောက်မြန်မြန် ချီးမစုပ်နိုင်ဘူးလေ၊ မိချောင်းရဲမှာက ဒကစ(ဒေသကွပ်ကဲရေးစစ်ဌာနချုပ်)ရှိတယ်”ဟု ပြည်မြို့ဒေသခံတဦးမှပြောသည်။

အဆိုပါ မိလ္လာကားသည် ည ၁၂နာရီမှ စတင်ကာ ပြည်မြို့အတွင်းသို့ ဝင်ရောက်လာပြီး နေ့စဉ် နှစ်ခေါက်မှ ခြောက်ခေါက်အထိ မြို့တွင်း မြို့ပြင် သွားလာလှုပ်ရှားနေကြောင်းသိရသည်။

“ ချီးတစ်ခါစုပ်ရင် နာရီဝက် တစ်နာရီလောက်ကြာတာ၊ နောက်ပြီး ရပ်ကွက်အတွင်းထဲဝင်ရင် အချိန်ပိုကြာတယ်၊ အဲ့လောက်မြန်မြန်ကြီး လုပ်လို့မရဘူး၊ ဘယ်လောက်ကားကောင်းကောင်း အနံ့ကတော့ထွက်တာပဲလေ၊ နောက်ပြီး နေ့တိုင်း မိလ္လာကားက မထွက်ပါဘူး”ဟု စည်ပင်သာယာရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် စစ်ကား၊ ရဲကားများအသုံးပြုကာ ကင်းလှည့်မည်ဆိုပါက တိုက်ခိုက်ခံရမည်ကို စိုးရိမ်သည့်အတွက် ယခုလို မိလ္လာကားကို အသုံးပြုကာ ကင်းလှည့်ခြင်းဖြစ်နိုင်ကြောင်း ပြည်မြို့ဒေသခံများမှ ဝေဖန်ပြောဆိုနေကြသည်။

စာတည်း – သန့်ဇော်(သန်လျင်)

ပုံအဟောင်းအသုံးပြုထားသည်

ျပည္ၿမိဳ႕တြင္ စစ္ေကာင္စီမွ မိလႅာကား အသုံးျပဳကာ ကင္းလွည့္ေနသည့္ သတင္းမ်ားထြက္ေပၚေနၿပီး ျပည္သူမ်ား စိုးရိမ္ေန

သြင္ထူးဈာန္

(မဇၩိမ)။ ။

ပဲခူးတိုင္းေဒသႀကီး၊ ျပည္ၿမိဳ႕နယ္တြင္ စစ္ေကာင္စီမွ မိလႅာကား အသုံးျပဳကာ ညနက္သန္းေခါင္ယံတြင္ ကင္းလွည့္ေနသည့္ သတင္းမ်ားထြက္ေပၚေနေၾကာင္း ေဒသခံမ်ားထံမွသိရသည္။

ၿပီးခဲ့သည့္ ေမလပိုင္းမွ စတင္ၿပီး စက္တင္ဘာလကုန္အထိ ျပည္ၿမိဳ႕တြင္ မိလႅာကားတစ္စီး ၿမိဳ႕တြင္း ၿမိဳ႕ျပင္ ေန႔စဥ္ဆိုသလို ထူးျခားသည့္ အျပဳအမႈမ်ိဳးျဖင့္ သြားလာလႈပ္ရွားေနျခင္းေၾကာင့္ စစ္ေကာင္စီမွ မိလႅာကားကို အသုံးျပဳကာ ကင္းလွည့္ေနျခင္းျဖစ္နိုင္ေၾကာင္း ေဒသခံမ်ားမွ ေဝဖန္ေျပာဆိုေနက်သည္။

“ အရင္ ျပည္မွာ မိလႅာကားက ေန႔တိုင္းမသြားဘူး၊ အဲ့လိုကားက အေရွ႕ကျဖတ္သြားရင္လည္း အနံ့က နံေဆာ္ေနရမွာ၊ အခုက ဘာအနံ့မွမရသလို ကားကလည္း ေရာင္စုံမီးလုံးေတြနဲ႔ ၊ ၿပီးေတာ့ ကားက အသစ္ႀကီး၊ ထူးဆန္းတာက ၿမိဳ႕ထဲဝင္ၿပီး ၁၅မိနစ္ မိနစ္၂၀ေလာက္ဆို ကားက ၿမိဳ႕ထဲကျပန္ထြက္ၿပီး ၿမိဳ႕ျပင္ မိေခ်ာင္းရဲဘက္ကို ျပန္သြားတယ္၊ မိလႅာကားက အဲ့ေလာက္ျမန္ျမန္ ခ်ီးမစုပ္နိုင္ဘူးေလ၊ မိေခ်ာင္းရဲမွာက ဒကစ(ေဒသကြပ္ကဲေရးစစ္ဌာနခ်ဳပ္)ရွိတယ္”ဟု ျပည္ၿမိဳ႕ေဒသခံတဦးမွေျပာသည္။

အဆိုပါ မိလႅာကားသည္ ည ၁၂နာရီမွ စတင္ကာ ျပည္ၿမိဳ႕အတြင္းသို႔ ဝင္ေရာက္လာၿပီး ေန႔စဥ္ ႏွစ္ေခါက္မွ ေျခာက္ေခါက္အထိ ၿမိဳ႕တြင္း ၿမိဳ႕ျပင္ သြားလာလႈပ္ရွားေနေၾကာင္းသိရသည္။

“ ခ်ီးတစ္ခါစုပ္ရင္ နာရီဝက္ တစ္နာရီေလာက္ၾကာတာ၊ ေနာက္ၿပီး ရပ္ကြက္အတြင္းထဲဝင္ရင္ အခ်ိန္ပိုၾကာတယ္၊ အဲ့ေလာက္ျမန္ျမန္ႀကီး လုပ္လို႔မရဘူး၊ ဘယ္ေလာက္ကားေကာင္းေကာင္း အနံ့ကေတာ့ထြက္တာပဲေလ၊ ေနာက္ၿပီး ေန႔တိုင္း မိလႅာကားက မထြက္ပါဘူး”ဟု စည္ပင္သာယာေရးအဖြဲ႕ႏွင့္ နီးစပ္သူတစ္ဦးက ေျပာသည္။

စစ္ေကာင္စီသည္ စစ္ကား၊ ရဲကားမ်ားအသုံးျပဳကာ ကင္းလွည့္မည္ဆိုပါက တိုက္ခိုက္ခံရမည္ကို စိုးရိမ္သည့္အတြက္ ယခုလို မိလႅာကားကို အသုံးျပဳကာ ကင္းလွည့္ျခင္းျဖစ္နိုင္ေၾကာင္း ျပည္ၿမိဳ႕ေဒသခံမ်ားမွ ေဝဖန္ေျပာဆိုေနၾကသည္။

စာတည္း – သန္႔ေဇာ္(သန္လ်င္)

ပုံအေဟာင္းအသုံးျပဳထားသည္

Add a Comment

Your email address will not be published. Required fields are marked *