စစ်တပ်က လေယာဉ်ဖြင့် ကိုယ့်လူကိုယ်ပြန်ပ-စ်သဖြင့် စစ်သုံ့ ပန်း ရဲ နှင့်စစ်သားများ ထိခိုက်-‌ေ-သ-ဆုံး ဒဏ်ရာရရှိသူများကို လွှဲပြောင်းယူရန် AA အကြောင်းကြားသော်လည်း စစ်ကောင်စီအကြောင်းမပြန်ဟုဆို

တိုက်လေယာဉ်ဖြင့်ဗုံးကြဲမှုကြောင့် ဒဏ်ရာရရှိသူများကို လွှဲပြောင်းယူရန် AA အကြောင်းကြားသော်လည်း စစ်ကောင်စီအကြောင်းမပြန်ဟုဆို

မောင်တော၊ စက်တင်ဘာ ၂၉

လူငယ်ခေတ်

ရက္ခိုင်ပြည်နယ်ရှိ လက်ပံတောင်ကြောပေါ်သို့ စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် စစ်သုံ့ပန်းများထားရှိရာ AA အကျဉ်းထောင် ၂ ခုကိုထိမှန်ခဲ့ပြီး ဒဏ်ရာပြင်းထန်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို လွှဲပြောင်းယူရန် AA က အကြောင်းကြားခဲ့သော်လည်း စစ်ကောင်စီသည် အကြောင်းမပြန်ကြောင်း ရက္ခိုင့်တပ်တော် AA က စက်တင်ဘာ ၂၈ရက်၌ သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ တတိယပတ်အတွင်း တိုက်လေယာဉ် ၃ စီးဖြင့် နာရီဝက်ကြာဗုံးကြဲတိုက်ခိုက်ခဲ့ခြင်ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များအပြင် အခြားသောအကျဉ်းသား တချို့သေဆုံးမှု၊ ဒဏ်ရာရရှိမှုများလည်ရှိခဲ့ကြောင်း AA ကဆိုသည်။

“ရက္ခိုင့်တပ်တော် AA ကတောင် ကျွန်တော်တို့ကို လူသားချင်းစာနာပြီးတော့ ကမ်းလှမ်းခဲ့တာပါ။ အဲ့ဒါကို မြန်မာ့ တပ်မတော်ဘက်က ကျွန်တော်တို့ကို ဘာဖြစ်လို့လက်မခံရတာလဲခင်ဗျာ။ ကျွန်တော်တို့ဆိုမြန်မာ့တပ်မတော်ထဲ မှာနှစ်ပေါင်း ၁၅ နှစ်လောက် တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့တာ” ဟု AA ထံတွင်ဖမ်းဆီးခံထားရသည့် စစ်ကောင်စီတပ်သားမြင့်ဆွေက ပြောသည်။

ဒဏ်ရာရရှိခဲ့သူများကို AA ကဆေးကုသပေးထားသော်လည်း ဆေးဝါးအခက် အခဲကြောင့် တချို့မှာသေဆုံးသွား ခဲ့ပြီး ဒဏ်ရာရရှိသူများအနက်အချို့မှာလည်း ဒဏ်ရာပြင်းထန်သဖြင့် ထိုဒဏ်ရာပြင်းထန်လူနာများကို အမြန်ဆုံး လာရောက်ခေါ်ယူရန် စစ်ကောင်စီလက်အောက်ရှိ တာဝန်ရှိလူပုဂ္ဂိုလ်များထံ AA ကဆက်သွယ်အကြောင်းကြားခဲ့ သည်။

ထိုသို့အကြောင်းကြားမှုကို စစ်ကောင်စီဘက်က လျစ်လျူရှုထားခဲ့သည်မှာ ၅ ရက်ခန့်ကြာမြင့်နေပြီဖြစ်ပြီး အဆိုပါ ရက်အတွင်း ဒဏ်ရာအပြင်းအထန်ရရှိထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးထပ်မံသေဆုံးခဲ့ကြောင်း AA ကဆို သည်။

“အထက်ကလူကြီးတွေအနေနဲ့ ကျွန်တော်တို့ကို ဆေးကုသခွင့်ပေးပါလို့ တောင်းဆိုချင်ပါတယ်ခင်ဗျာ။ တပ်ထဲမှာ ၁၅ နှစ်လောက်တာဝန်ထမ်းဆောင်ခဲ့တာတောင် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိတဲ့အတွက် ကျွန်တော်တို့ကို သံဝေဂယူကြပါလို့မှာချင်ပါတယ်” ဟု တပ်သားမြင့်ဆွေက စစ်ကောင်စီလက်အောက်တွင်တာဝန်ထမ်းဆောင်နေဆဲဖြစ်သည့် တပ်ဖွဲ့ဝင်များကို အမှာစကားပါးခဲ့သည်။

ရက္ခိုင်ပြည်နယ်နှင့် ပလက်ဝဒေသတို့တွင် AA နှင့် စစ်ကောင်စီတပ်တို့အကြား ယခုလအတွင်း တိုက်ပွဲများပိုမိုပြင်းထန်လာခဲ့ကြောင်း သိရသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်က အထိအခိုက်အကျအဆုံးများပြားခြင်း၊ စခန်းစွန့်ခွာမှုများခြင်းနှင့် အ တူ စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိသဖြင့် တပ်ပြေးမှုများလည်း ပိုမိုများပြားလျက်ရှိ ကြောင်း AA ကဆိုသည်။

ထို့ပြင် AA ထံသို့ နီးစပ်ရာမှတစ်ဆင့် လက်နက်နှင့်အတူ ဝင်ရောက်လာသူများရှိသကဲ့သို့ လက်နက်မပါဘဲ ဝင်ရောက်လာသူများအပါအဝင် ဖမ်းဆီးရမိသော စစ်ကောင်စီတပ်ပြေးအရေအတွက်မှာ လူဦးရေ (၁၅၀) ကျော်အထိရှိခဲ့ကြောင်း သိရသည်။

၎င်းတို့ကို AA က ကောင်မွန်စွာစောင့်လျှောက်ထားပြီး တချို့ကိုလည်း ၎င်းတို့သွားလိုသည့်နေရာသို့ အန္တရာယ်ကင်းစွာပို့ဆောင်ခဲ့ကြောင်း AA ၏ထုတ်ပြန်ချက်တွင် ရေသားထားသည်။

ထို့ကြောင့် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိသော စစ်ကောင်စီလက်အောက်တွင် ဆက်လက် တာဝန်ထမ်းဆောင်လို စိတ်မရှိသည့် စစ်သားများအနေဖြင့်လည်း AA နှင့် အမြန်ဆုံးဆက်သွယ်ကာအလင်းဝင်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

Add a Comment

Your email address will not be published. Required fields are marked *