ယခုည ရန်ကုန်၊ ဗုံ-းများ ဆက်တိုက်ပေါ-က်ကွဲနေ မြောက်ဥက္ကလာနှင့် မင်္ဂလာဒုံ၊ စစ်အင်ဂျင်နီယာတပ်ရှေ့တွင်

မြောက်ဥက္ကလာနှင့် မင်္ဂလာဒုံ၊ စစ်အင်ဂျင်နီယာတပ်ရှေ့တွင် ယခုည ဗုံးများ ဆက်တိုက်ပေါက်ကွဲနေ

ရန်ကုန်၊ စက်တင်ဘာ ၂၈

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်တို့တွင် ယနေ့ညပိုင်း ဗုံးများ ဆက်တိုက်ပေါက်ကွဲနေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၈ ရက်နေ့ ည ၉ နာရီအချိန်တွင် မြောက်ဥက္ကလာတွင် အလွန်ကျယ်လောင်သော ဗုံးပေါက်ကွဲသံကြား ရကြောင်း၊ ယင်းနောက် ယနေ့ ည ၉ နာရီ ၁၅ မိနစ်ဝန်းကျင်အချိန်တွင် ထပ်မံ၍ ဗုံးပေါက်ကွဲကြောင်း ၊ စုစုပေါင်း ၂ ကြိမ် ဆက်တိုက်ပေါက်ကွဲခြင်းဖြစ်ကြောင်း မြောက်ဥက္ကလာပ ဒေသခံတစ်ဦးက ပြောသည်။

“မြောက်ဥက္ကလာမှာပထမပေါက်တာက အသံအရမ်းကျတယ်။ ဆေး ၂ (သို့မ ဟုတ်) ထွေအုပ်ရုံးနားထင်တယ်။ ည ၉ နာရီမှာပေါက်တယ်။ နောက်တစ်လုံးက ည ၉ နာရီ ၁၀ မိနစ်ဝန်းကျင်လောက်မှာပေါက်တယ်။ ဒုတိယဗုံးက ပိုပြီး အသံ ကျယ်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အလားတူ မင်္ဂလာဒုံမြို့နယ်တွင် ယနေ့ ညပိုင်း ဗုံး ၂ လုံးဆင့်ပေါက်ကွဲကြောင်း ဒေသခံများက ပြောသည်။

” ပထမ ဗုံးပေါက်တာက မင်္ဂလာဒုံစျေးနား၊ ခရေပင်လမ်းခွဲနားလောက်ဖြစ်မယ်ထင်တယ်။ ပထမ ဗုံးက အသံတိုးတယ်။ ဒုတိယအလုံးက အသံအရမ်းကျယ်တယ်။ ပေါက်ကွဲသံက ၉ နာရီ ၁၃ မိနစ်မှာ ကြားရတာ။ မင်္ဂလာဒုံမြို့နယ်လေ ယာဥ်ကွင်းနား ရပ်ကွက်ကနေထင်တယ်။ ပေါက်ကွဲသံက။ ဗုံးကွဲတာထက်ပိုတယ်” ဟု မင်္ဂလာဒုံဒေသခံတစ်ဦးက ပြောဆိုသည်။

မင်္ဂလာဒုံ ဒေသခံတချို့ကမူ ယနေ့ ည ၉ နာရီ ၂၀ မိနစ်အချိန် ဗုံးပေါက်ကွဲမှုသည် ခရေပင်လမ်းခွဲအဆင်း စစ်အင်ဂျင်နီယာတပ် ၉၈၁ ရှေ့တွင် ဗုံးကွဲခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်များ တဖွဲဖွဲရောက်လာနေကြောင်း ပြောဆိုသည်။

“ခရေပင်လမ်းခွဲ ဂုံးထိပ်တင် ဒီည ၉နာရီ ၂၀ လောက်က ပေါက်ကွဲမှု တစ်ခု ဖြစ်တယ်။ မီးခိုး ဖြူများမြင်ရတယ်။ လက်နက်ကြီးလို ဒုံးလို ဟာမျိုးနဲ့များ အပစ်ခံရတာလားမသိဘူး” ဟု ခရေပင်လမ်းခွဲ အနီးနေထိုင်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ညပိုင်းရန်ကုန်တွင် ကင်းလှည့်နေသော အကြမ်းဖက်စစ်တပ်။

ေျမာက္ဥကၠလာႏွင့္ မဂၤလာဒုံ၊ စစ္အင္ဂ်င္နီယာတပ္ေရွ႕တြင္ ယခုည ဗုံးမ်ား ဆက္တိုက္ေပါက္ကြဲေန

ရန္ကုန္၊ စက္တင္ဘာ ၂၈

ရန္ကုန္တိုင္း၊ ေျမာက္ဥကၠလာပၿမိဳ႕နယ္ႏွင့္ မဂၤလာဒုံၿမိဳ႕နယ္တို႔တြင္ ယေန႔ညပိုင္း ဗုံးမ်ား ဆက္တိုက္ေပါက္ကြဲေနေၾကာင္း ေဒသခံမ်ားက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။

စက္တင္ဘာလ ၂၈ ရက္ေန႔ ည ၉ နာရီအခ်ိန္တြင္ ေျမာက္ဥကၠလာတြင္ အလြန္က်ယ္ေလာင္ေသာ ဗုံးေပါက္ကြဲသံၾကား ရေၾကာင္း၊ ယင္းေနာက္ ယေန႔ ည ၉ နာရီ ၁၅ မိနစ္ဝန္းက်င္အခ်ိန္တြင္ ထပ္မံ၍ ဗုံးေပါက္ကြဲေၾကာင္း ၊ စုစုေပါင္း ၂ ႀကိမ္ ဆက္တိုက္ေပါက္ကြဲျခင္းျဖစ္ေၾကာင္း ေျမာက္ဥကၠလာပ ေဒသခံတစ္ဦးက ေျပာသည္။

“ေျမာက္ဥကၠလာမွာပထမေပါက္တာက အသံအရမ္းက်တယ္။ ေဆး ၂ (သို႔မ ဟုတ္) ေထြအုပ္႐ုံးနားထင္တယ္။ ည ၉ နာရီမွာေပါက္တယ္။ ေနာက္တစ္လုံးက ည ၉ နာရီ ၁၀ မိနစ္ဝန္းက်င္ေလာက္မွာေပါက္တယ္။ ဒုတိယဗုံးက ပိုၿပီး အသံ က်ယ္တယ္” ဟု ေဒသခံတစ္ဦးက ေျပာသည္။

အလားတူ မဂၤလာဒုံၿမိဳ႕နယ္တြင္ ယေန႔ ညပိုင္း ဗုံး ၂ လုံးဆင့္ေပါက္ကြဲေၾကာင္း ေဒသခံမ်ားက ေျပာသည္။

” ပထမ ဗုံးေပါက္တာက မဂၤလာဒုံေစ်းနား၊ ခေရပင္လမ္းခြဲနားေလာက္ျဖစ္မယ္ထင္တယ္။ ပထမ ဗုံးက အသံတိုးတယ္။ ဒုတိယအလုံးက အသံအရမ္းက်ယ္တယ္။ ေပါက္ကြဲသံက ၉ နာရီ ၁၃ မိနစ္မွာ ၾကားရတာ။ မဂၤလာဒုံၿမိဳ႕နယ္ေလ ယာဥ္ကြင္းနား ရပ္ကြက္ကေနထင္တယ္။ ေပါက္ကြဲသံက။ ဗုံးကြဲတာထက္ပိုတယ္” ဟု မဂၤလာဒုံေဒသခံတစ္ဦးက ေျပာဆိုသည္။

မဂၤလာဒုံ ေဒသခံတခ်ိဳ႕ကမူ ယေန႔ ည ၉ နာရီ ၂၀ မိနစ္အခ်ိန္ ဗုံးေပါက္ကြဲမႈသည္ ခေရပင္လမ္းခြဲအဆင္း စစ္အင္ဂ်င္နီယာတပ္ ၉၈၁ ေရွ႕တြင္ ဗုံးကြဲျခင္းျဖစ္ေၾကာင္း၊ စစ္ေကာင္စီတပ္မ်ား တဖြဲဖြဲေရာက္လာေနေၾကာင္း ေျပာဆိုသည္။

“ခေရပင္လမ္းခြဲ ဂုံးထိပ္တင္ ဒီည ၉နာရီ ၂၀ ေလာက္က ေပါက္ကြဲမႈ တစ္ခု ျဖစ္တယ္။ မီးခိုး ျဖဴမ်ားျမင္ရတယ္။ လက္နက္ႀကီးလို ဒုံးလို ဟာမ်ိဳးနဲ႔မ်ား အပစ္ခံရတာလားမသိဘူး” ဟု ခေရပင္လမ္းခြဲ အနီးေနထိုင္သူတစ္ဦးက ေျပာဆိုသည္။

ဓာတ္ပုံ- ညပိုင္းရန္ကုန္တြင္ ကင္းလွည့္ေနေသာ အၾကမ္းဖက္စစ္တပ္။

Add a Comment

Your email address will not be published. Required fields are marked *