ရန်ကုန်မြို့လယ်ခေါင်၊ ပန်းဘဲတန်းမြို့နယ် မဟာသိမ်တော်ကြီးအနီးတွင်
ရန်ကုန်မြို့လယ်ခေါင်၊ ပန်းဘဲတန်းမြို့နယ် မဟာသိမ်တော်ကြီးအနီးတွင် ပစ်ခတ်မှုဖြစ်၊ စစ်တပ်၊ရဲ နှင့်ဆေးရုံကားများ ရောက်လာပြီး ဆူးလေအထိ မဟာဗန္ဓုလ လမ်းမကြီးကို စစ်တပ်က ပိတ်ဆို့
ရန်ကုန်၊ စက်တင်ဘာ ၂၉
ရန်ကုန်မြို့လယ်ခေါင်၊ ပန်းဘဲတန်းမြို့နယ်၊ မဟာသိမ်တော်ကြီးအနီးတွင်ယနေ့ ညနေ ၄ နာရီဝန်းကျင်တွင် ပစ်ခတ်မှုဖြစ်ပြီး လမ်းများပိတ်ဆို့လိုက်ကြောင်း ဒေသခံများက ပြောဆိုသည်။
“ရန်ကုန် ပန်းဘဲတန်း သိမ်တော်ကြီးနားမှာပစ်ခတ်သံကြားရတယ်။ ၄ ချက် ၊ ၅ ချက်လောက်ကြားရတာ။ အခုဆိုအဲ့နားတဝိုက်ကိုပိတ်ထားလိုက်ပြီဗျ။ အသွား အလာလုပ်ခွင့်မပေးတော့ဘူး။
အမျိုးသမီးတစ်ဦး ထိတယ်လည်းပြောတယ်။ ဒလန်ရှင်းတယ်လည်းပြောတယ်။ ဘာမှန်းသေချာမသိရသေးဘူး” ဟု ဒေသခံတစ်ဦးကပြောသည်။
လက်ရှိတွင် မဟာဗန္ဓုလလမ်းမကြီးကို ဆူးလေလမ်းပတ်ဝန်းကျင်အထိ လမ်းပိတ်ထားပြီး ရဲကား၊ စစ်ကားများနှင့်ဆေးရုံကားများ ရောက်ရှိလာကြောင်း ဒေသခံများက ပြောဆိုသည်။
ဓာတ်ပုံ- ပန်းဘဲတန်းအနီးရှိ မဟာသိမ်တော်ကြီး မြင်ကွင်း။(ပုံအဟောင်းဖြစ်သည်)
ရန်ကုန်၊ စက်တင်ဘာ ၂၉
Add a Comment
Your email address will not be published. Required fields are marked *