ပန်ဆယ်လို
———–
ဉာဏလုပ်အားကနေ ရရှိတဲ့ပိုက်ဆံ သိန်း၅ဝကို ပညာရေးဝန်ကြီးဌာနကို
လှူဒါန်းလိုက်တဲ့ပန်ဆယ်လို
နွေဦးတော်လှန်ရေးကို အခြေတည်ရေးသားထားတဲ့၊ကိုရီးယားနိုင်ငံမှာ မကြာခင်ထုတ်ဝေမယ့်
“အမှောင်ရက်တစ်ရာ၊The 100 Days of Darkness” အမည်ရှိ ကျွန်မရဲ့စာအုပ်ကနေ
ရရှိတဲ့စာမူခအားလုံးကို CDM ဆရာ/မများအား ရည်ရွယ်ပြီးပညာရေးဝန်ကြီးဌာနကို
လှူဒါန်းလိုက်ပါတယ်။
ဉာဏလုပ်အားကနေ ရရှိတဲ့ 100% ဖြူစင်သန့်ရှင်းတဲ့ငွေကြေးမို့ အရမ်းတန်ဖိုးထားသလို
စစ်ကောင်စီရဲ့ရက်စက်ယုတ်မာမှုတွေကို ရေးသားထားတဲ့ စာအုပ်ကနေစစ်ကောင်စီကို
တော်လှန်နေတဲ့ CDM ဆရာ/မများကိုကူညီခွင့်ရခြင်းအပေါ် အရမ်းဝမ်းသာကျေနပ်ပါတယ်။
အရေးတော်ပုံ အောင်ကို အောင်ရမယ်။
ပန်ဆယ်လို
———–