ျမန္မာစစ္တပ္ရဲ့က်ဴးလြန္မႈေတြ တရားစြဲဆိုဖို႔ ICC လက္ခံလိုက္ပါၿပီ
|ျမန္မာနိုင္ငံမွာ အာဏာသိမ္းစစ္တပ္ရဲ့ စစ္ရာဇဝတ္မႈေတြ က်ဴးလြန္ခဲ့တဲ့အေပၚ
နိုင္ငံတကာ ရာဇဝတ္ခုံ႐ုံး ICC က တရားစြဲဆိုဖို႔ သေဘာတူလက္ခံေၾကာင္း
တရားဝင္အေၾကာင္းၾကားစာကို ရရွိခဲ့ေၾကာင္း အမ်ိဳးသား ညီညြတ္ေရးအစိုးရ NUG က
ဩဂုတ္လ ၂၀ ရက္ေန႔က ေၾကညာခဲ့ပါတယ္။
ျမန္မာစစ္တပ္ဟာ ရခိုင္ျပည္နယ္က ရိုဟင္ဂ်ာေတြအေပၚ လူမ်ိဳးတုံးသုတ္သင္ရာေရာက္တဲ့
ရာဇဝတ္မႈေတြနဲ႔ စစ္ရာဇဝတ္မႈေတြ က်ဴးလြန္ခဲ့ေၾကာင္းစြပ္စြဲခံထားရၿပီး၊
နိုင္ငံတကာ ရာဇဝတ္တရား႐ုံး ICC မွာ ပုဒ္မ ၁၂ (၃ ) နဲ႔ တရားစြဲဆိုခံထားရတာပါ။
စြဲဆိုခ်က္ဟာ ဇူလိုင္လ ၁၇ ရက္ေန႔က တရား႐ုံးမွတ္ပုံတင္ဌာနဆီ ေရာက္ရွိသြားခဲ့ၿပီျဖစ္ေၾကာင္း
NUG ကေျပာပါတယ္။
စစ္တပ္ရဲ့ လတ္တေလာက်ဴးလြန္မႈေတြကို ေဖာ္ထုတ္ဖို႔သာမက အရင္က က်ဴးလြန္ခဲ့တဲ့
လုပ္ရပ္ေတြကိုပါ ICC တရား႐ုံးကို တင္ျပမွာ ျဖစ္ေၾကာင္းလည္း ေၾကညာထားပါတယ္။
————–
မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့အပေါ်
နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC က တရားစွဲဆိုဖို့ သဘောတူလက်ခံကြောင်း
တရားဝင်အကြောင်းကြားစာကို ရရှိခဲ့ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ NUG က
ဩဂုတ်လ ၂၀ ရက်နေ့က ကြေညာခဲ့ပါတယ်။
မြန်မာစစ်တပ်ဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသုတ်သင်ရာရောက်တဲ့
ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေ n ကျူးလွန်ခဲ့ကြောင်းစွပ်စွဲခံထားရပြီး၊
နိုင်ငံတကာရာဇဝတ်တရားရုံး ICC မှာ ပုဒ်မ ၁၂ (၃ ) နဲ့ တရားစွဲဆိုခံထားရတာပါ။
စွဲဆိုချက်ဟာ ဇူလိုင်လ ၁၇ ရက်နေ့က တရားရုံးမှတ်ပုံတင်ဌာနဆီ ရောက်ရှိသွားခဲ့ပြီဖြစ်ကြောင်း
NUG ကပြောပါတယ်။
စစ်တပ်ရဲ့ လတ်တလောကျူးလွန်မှုတွေကို ဖော်ထုတ်ဖို့သာမက အရင်က ကျူးလွန်ခဲ့တဲ့
လုပ်ရပ်တွေကိုပါ ICC တရားရုံးကို တင်ပြမှာ ဖြစ်ကြောင်းလည်း ကြေညာထားပါတယ်။
————–