မႏၲေလး အမရပူရ၊ ေတာင္သမန္အင္း ကန္ပတ္လမ္းတြင္ စစ္ေကာင္စီ ယာဥ္တစ္စီး မိုင္းခြဲခံရ၊ စစ္ေကာင္စီတပ္သားတခ်ိဳ႕ ေသဆုံးမႈရွိနိုင္ (႐ုပ္/သံ)

မႏၲေလး အမရပူရ၊ ေတာင္သမန္အင္း ကန္ပတ္လမ္းတြင္ စစ္ေကာင္စီ ယာဥ္တစ္စီး မိုင္းခြဲခံရ၊ စစ္ေကာင္စီတပ္သားတခ်ိဳ႕ ေသဆုံးမႈရွိနိုင္ (႐ုပ္/သံ)ရန္ကုန္၊ စက္တင္ဘာ ၅

မႏၲေလး၊ အမရပူရၿမိဳ႕ ေတာင္သမန္အင္း၀ ကန္ပတ္လမ္းတြင္ ယေန႔ စက္တင္ ဘာလ ၅ ရက္ နံနက္ ၁၁ နာရီခန႔္တြင္ အၾကမ္းဖက္စစ္ေကာင္စီယာဥ္ ၁ စီး မိုင္းခြဲတိုက္ခိုက္ခံရၿပီး ေသဆုံးမႈရွိနိုင္ေၾကာင္း သတင္းရရွိသည္။

“မိုင္းခြဲတာ အသံအက်ယ္ႀကီးပဲ၊ အနားက လူေတြ အကုန္ လန႔္ကုန္တာ၊ ေသလား မေသလားေတာ့ မသိဘူး၊ စစ္သား ၂ ေယာက္ကိုေတာ့ လူနာ တင္ကားနဲ႔ေခၚသြားၿပီ၊ အဲဒီနားတဝိုက္ေတာ့ အခု စစ္ေဆးေရး အရမ္းၾကပ္ေနၿပီ” ဟု မ်က္ျမင္ေဒသခံတစ္ဦးက ရန္ကုန္ေခတ္သစ္သို႔ ေျပာဆိုသည္။

ဗုံးေပါက္ကြဲၿပီးေနာက္ ယေန႔ ေန႔လယ္ပိုင္းတြင္ အၾကမ္းဖက္စစ္ေကာင္စီတပ္မ်ားက ကန္ပတ္လမ္းကို ပိတ္ဆို႔ၿပီး စစ္ေဆးမႈမ်ား ေဆာင္ရြက္ျခင္း၊ ရပ္ကြက္မ်ားႏွင့္လမ္းမ်ားကို ပိတ္ဆို႔ စစ္ေဆးမႈမ်ား ေဆာင္ရြက္ေနေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္။crd-

—————-

မန္တလေး အမရပူရ၊ တောင်သမန်အင်း ကန်ပတ်လမ်းတွင် စစ်ကောင်စီ ယာဉ်တစ်စီး မိုင်းခွဲခံရ၊ စစ်ကောင်စီတပ်သားတချို့ သေဆုံးမှုရှိနိုင် (ရုပ်/သံ)ရန်ကုန်၊ စက်တင်ဘာ ၅

မန္တလေး၊ အမရပူရမြို့ တောင်သမန်အင်းဝ ကန်ပတ်လမ်းတွင် ယနေ့ စက်တင် ဘာလ ၅ ရက် နံနက် ၁၁ နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီယာဉ် ၁ စီး မိုင်းခွဲတိုက်ခိုက်ခံရပြီး သေဆုံးမှုရှိနိုင်ကြောင်း သတင်းရရှိသည်။

“မိုင်းခွဲတာ အသံအကျယ်ကြီးပဲ၊ အနားက လူတွေ အကုန် လန့်ကုန်တာ၊ သေလား မသေလားတော့ မသိဘူး၊ စစ်သား ၂ ယောက်ကိုတော့ လူနာ တင်ကားနဲ့ခေါ်သွားပြီ၊ အဲဒီနားတဝိုက်တော့ အခု စစ်ဆေးရေး အရမ်းကြပ်နေပြီ” ဟု မျက်မြင်ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ဗုံးပေါက်ကွဲပြီးနောက် ယနေ့ နေ့လယ်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်များက ကန်ပတ်လမ်းကို ပိတ်ဆို့ပြီး စစ်ဆေးမှုများ ဆောင်ရွက်ခြင်း၊ ရပ်ကွက်များနှင့်လမ်းများကို ပိတ်ဆို့ စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။crd-

Add a Comment

Your email address will not be published. Required fields are marked *