News

သမ္မတဦးဝင်းမြင့်ကို ကျန်းမာရေးအကြောင်းပြ နုတ်ထွက်ရန် စစ်အရာရှိကြီး ၂ ဦးက ပြောဆို

သမ္မတဦးဝင်းမြင့်ကို ကျန်းမာရေးအကြောင်းပြ နုတ်ထွက်ရန် စစ်အရာရှိကြီး ၂ ဦးက ပြောဆိုပြီး မနုတ်ထွက်လျှင် အန္တရာယ်ရှိသည်ဟု ခြိမ်းခြောက်ခဲ့၊ သမ္မတက သေလျှင်သေပါစေဟုဆိုကာ စစ်တပ်တောင်းဆိုချက်ကို မလိုက်လျှောခဲ့ သမ္မတဦးဝင်းမြင့်ကို ကျန်းမာရေးအကြောင်းပြ၍ နုတ်ထွက်ပေးရန် စစ်တပ်ဘက်မှ အရာရှိကြီး ၂ ဦးက ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်အစောပိုင်းတွင် လာရောက်တောင်းဆိုခဲ့ပြီး သမ္မတ ဦးဝင်းမြင့်က ၎င်းသေလျှင် သေပါစေ စစ်တပ်၏ တောင်းဆိုချက်ကို မလိုက်လျှောခဲ့ကြောင်း ယနေ့ တရားရုံးတွင် […]

News

မဟာဗျူဟာမြောက် လွှမ်းမိုးမှု ကျဆုံးခန်း နဲ့ ရင်ဆိုင်နေရပြီ

စစ်တပ် ရင်ဆိုင်နေရသည့် မကြုံစဖူး ခြိမ်းခြောက်မှုနှင့် မဟာဗျူဟာမြောက် လွှမ်းမိုးမှု ကျဆုံးခန်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်းမှုကို ထိထိရောက်ရောက်လုပ်နိုင်ဖို့ သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားအရပ်ဘက် ခေါင်းဆောင်တွေကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ရက်နေ့မှာ ဖမ်းဆီးဖို့ အမိန့်ပေးခဲ့ပါတယ်။ သို့ပေမဲ့ သူနဲ့သူ့နောက်လိုက်တွေအတွက် နောက်ဆက်တွဲ ဘာတွေဖြစ်လာမလဲဆိုတာကိုတော့ အာဏာသိမ်း စစ်ခေါင်းဆောင်တစ်ယောက် မတွေးမိခဲ့ပါဘူး။ အာဏာသိမ်းတာကို ဆန့်ကျင့်ခုခံမယ့်သူအချို့ ရှိမယ်ဆိုတာကိုတော့ သူကြိုတွေးပြီးသားလို့ သေသေချာချာပြောနိုင်ပါတယ်။ ဒါပေမဲ့ […]

News

ကိုယ်တိုင် ဖြတ်သန်းခဲ့ရသော စစ်ကြောရေး ရဲ့ ညသုံးယံ

၂၀၂၁ ရဲ့ မတ်လ၂၇ရက်နေ့ဟာ ကျွန်တော်ဘဝ အတွက်တော့ မေ့မရတဲ့ နေ့တစ်နေ့ပါပဲ။ကျွန်တော်တို့နိုင်ငံ ဖက်ဆစ်ဂျပန်လက်အောက်ကနေ ရုန်းထွက်တော်လှန်တဲ့ နေ့ကလည်း မတ်လ ၂၇ ရက်ပါပဲ။ ဗိုလ်ချုပ်အောင်ဆန်းတို့ရဲ့ ရဲဘော်သုံကျိပ်ဟာ ဖက်ဆစ်ဂျပန် ကို တော်လှန်ခဲ့သလိုပဲ ကျွန်တော်တို့ပြည်သူများရဲ့ နွေဦးတော်လှန်ရေးဟာလည်း အရှိန်အမြင့်ဆုံး ရောက်ခဲ့တယ်ဆို မမှားပါဘူး။ မတ်လ ၂၇ ရက်နေ့မှာ ပြည်လုံးကျွတ်နီးပါး အာဏာလု စစ်အုပ်စုကို ခုခံတော်လှန်ခဲ့ကြတယ်။မနက်ပိုငးကတည်းက ရနကုန်မြို့အနှံ့မှာ သေနတ်သံတွေ ညံနေခဲ့ပါတယ်။မိတ်ဆွေတစ်ဦးနာရေးကြောင့်ပဲ သူငယ်ချင်းသုံးယောက် ကားတစ်စီးနဲ့ထွက်လာခဲ့တယ်။ […]

News

မြို့ပေါင်း ၂၀ ကျော်ကို အင်တာနက်ဖြတ်​တောက်လိုက်ပြီ

အကြမ်းဖက်စစ်ကောင်စီက သတင်းအမှောင်ချဖို့နဲ့ လူမဆန်စွာ ရက်စက်သတ်ဖြတ်မှုတွေ ကျူးလွန် ဖို့အတွက် မြန်မာနိုင်ငံ တိုင်းနဲ့ပြည်နယ်တချို့က မြို့ပေါင်း ၂၀ ကျော်ကို အင်တာနက်ဖြတ် တောက်မှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မန္တလေးတိုင်း၊ မြင်းခြံ၊ မိုးကုတ်မြို့တွေ၊ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့၊ စစ်ကိုင်းတိုင်း၊ အရာတော်၊ ယင်းမာပင်၊ ကနီ၊ ပုလဲ၊ ရေဦး၊ တန့်ဆည်၊ ဘုတလင်မြို့တွေမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့က စတင်ဖြတ်တောက်ထားခဲ့တာလို့ သိ […]

News

စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင် စိတ်ဆိုးနေ

နိုင်ငံတကာအသိုင်းအဝိုင်းအဖွဲ့အစည်းများမှ NUG,CRPH တို့ဖြင့် တွေ့ဆုံဆွေးနွေးမူ့များပြုလုပ်နေသော်လည်း၊စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံ ဆွေးနွေးခြင်းမရှိ၍ စိတ်ဆိုးနေကြောင်းသိရပြီး ယမန်နေ့ကပင် စစ်ကောင်စီနိုင်ငံခြားရေးဌာနမှ NUG,CRPHတို့ဖြင့်တွေ့ဆုံဆွေးနွေးခြင်းမပြုလုပ်ရန် အောက်ပါအတိုင်း ထုတ်ပြန်ထားသည်။ Annual Ministerial Meeting on the Responsibility to Protect အမည်ရှိ အစည်းအဝေးကို ၂၀-၉-၂၀၂၁ရက်တွင် (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံပြင်ပ၌ ကျင်းပခဲ့ပြီး၊ Global Center for Responsibility to Protect […]

News

ကချင်မြေမှ စိတ်ဝင်စားစရာကောင်းလှတဲ့ ဂေါ်ရ်ခါးတပ်

ကျနော်တို့ဟာ နှစ်ပေါင်းများစွာ ဂေါ်ရ်ခါး မိဘပြည်သူများရဲ့မေတ္တာငတ်ခဲ့ရာမှ ဒီတခါနွေဦးတော်လှန်ရေးအရွေ့မှာ ဂေါ်ရ်ခါး ပြည်သူများဟာ ကျနော်တို့ ကေအိုင်အေ ဂေါ်ရ်ခါး ရဲဘော်များကို သတိတရ ဂရုစိုက်လာပါတော့တယ်။ FBကွန်မန့်များမှာ ကျနော်တို့ ကေအိုင်အေ ဂေါ်ရ်ခါး ရဲဘော်များအတွက် ဆုတောင်းပေးသံများဟာ မကြုံစဖူးအကြုံထူးတော့အံ့သြပီတိ ဖြစ်ရတာ ဝန်ခံပါတယ်။ ရှေ့တန်းစစ်မြေပြင်တွေမှာ ရောက်လာတဲ့ရိက္ခာများဟာလွန်ခဲ့သောနှစ်ကာလများထက် အနည်းငယ်စိုပြေလာတွေကိုသတိထားမိပါတယ်။ ပုံမှန်ပံ့ပိုးနေကျ ကချင်လူထုရဲ့ ဆေးဝါးရိက္ခာများထက် အနည်းငယ် အမယ်စုံလာတာဟာ မြန်မာပြည်သူများနဲ့ ကျနော်တို့ ဂေါ်ရခါးလူထုရဲ့ ချွေးနှဲစာများပါဝင်လာမှန်းတန်းသိပါတယ်။ အကျိုးလို၍ […]

News

လက်နက်ဖြင့် လူထုအား အကြောက်တရားဖြင့်အုပ်ချုပ်ခြင်းမျိုး မလိုလားဟု စစ်ခေါင်းဆောင်ပြော

ဒီမိုကရေစီနည်းလမ်းမကျတဲ့ လက်နက်ဖြင့်အနိုင်ကျင့်ပြီး လူထုအား အကြောက်တရားနဲ့ အုပ်ချုပ်တာမျိုးကို မလိုလားကြောင်းနဲ့ တပ်မတော်အနေနဲ့ နိုင်ငံအုပ်ချုပ်ရေးကို တိုက်ရိုက်ဆောင်ရွက်ခြင်းမရှိဘဲ သက်ဆိုင်ရာအရပ်ဖက် အုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့ သာ ဆောင်ရွက်နေတယ်လို့ အာဏာသိမ်းအကြမ်းဖက်စစ်ခေါင်းဆောင်က ပြောကြားလိုက်ပါတယ်။ စက်တင်ဘာ ၂၄ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ စစ်ကောင်စီ အစည်းအဝေးမှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားစဉ် ထည့်သွင်းပြောသွားတာပါ။ မိမိတို့အနေနဲ့ နိုင်ငံသာယာဝပြောရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ နိုင်ငံသာယာဝပြောရေးအတွက် စည်းကမ်းရှိတဲ့ ဒီမိုကရေစီစနစ်၊ ဝင်ငွေကောင်း […]

News

မုန်တိုင်းငယ် ( Depression ) အဝါရောင်အဆင့်သတ်မှတ်

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံဘက် ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိတာကြောင့် အဝါရောင်အဆင့်သတ်မှတ်တယ်လို့ မိုးဇလဌာနက စက်တင်ဘာ ၂၅ ရက် ဒီနေ့မနက် ထုတ်ပြန်ထားပါတယ်။ ဒီနေ့မနက် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ် (Depression)ဟာ အနောက်ဘက်ကို ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ စစ်တွေမြို့ရဲ့ အနောက်တောင်ဘက် ရေမိုင် ၁၆၅ မိုင်ခန့်၊ ဂွမြို့ရဲ့ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၂၅၀ မိုင်ခန့်၊ ဟိုင်းကြီးကျွန်းရဲ့ […]

News

မလွတ်ဘူးဆိုရင် အသေပဲခံလိုက်မယ် ….ကိုကောင်းမင်းသန့်

၄၄ လမ်းဖြစ်စဉ်မှာတုန်းက သေဆုံးသွားတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့တဲ့ ကိုကောင်းမကင်းသန့်ဟာ သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တာမဟုတ်ဘဲ လွတ်မြောက်နယ်မြေ တနေရာကို ရောက်ရှိနေပါတယ်။ သူဘယ်လိုပုံစံမျိုး လွတ်မြောက်နယ်မြေကို ရောက်လာခဲ့သလဲ၊ ၄၄ လေးလမ်းဖြစ်စဉ်က ဘယ်လိုပုံစံ ဖြစ်ခဲ့သလဲဆိုတာ ကိုကောင်းမင်းသန့်နဲ့ ဒီဗွီဘီသတင်းထောက် အောင်သူက ဆက်သွယ်မေးမြန်းထားပါတယ်။ မေး။ ။ ပထဦးဆုံး မေးချင်တာက ၄၄ လမ်းဖြစ်စဉ်က ဘယ်လိုပုံစံမျိုး စဖြစ်ခဲ့တာလဲဆိုတာကို အရင်ဦးဆုံး ရှင်းပြပေးပါဦး။ ဖြေ။ ။ ဘယ်လိုပုံစံမျိုးစဖြစ်ခဲသလဲဆိုတော့ ကျနော်တို့ […]

News

၄၄ လမ်း ဒလန်အား လှိုင်သာယာ PDF ကျည်ဆန်ဖြင့် သတိပေး

ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်းရှိ တိုက်ခန်းတခုအား ယမန်နေ့က စစ်ကောင်စီမှ ဝင်ရောက်အကြမ်းဖက်စီးနင်းစဉ်အတွင်း အဆိုပါတည်နေရာအား စစ်ကောင်စီထံလမ်းညွှန်ကာ ပါဝင်ပတ်သက်ခဲ့သည်ဆိုသည့် သတင်းပေး (ဒလန်) အား အသက်အန္တရာယ် အာမခံမည်မဟုတ်ကြောင်း လှိုင်သာယာ PDF က သတိပေးစာ ယနေ့ (ဩဂုတ် ၁၁ ရက်) ညနေပိုင်းက ထုတ်ပြန်လိုက်သည်။ လှိုင်သာယာ PDF က သတင်းပေး (ဒလန်) ဆိုသူအား ကျည်ဆန် ၃ တောင့်နှင့်အတူ သတိပေးစာရေးကာ […]