
လူကို လူလို ဆက်ဆံတဲ့ နိုင်ငံသစ်တစ်ခုရဖို့ ဒီစိတ်နဲ့ တိုက်ခဲ့တယ်လို့ ဒေါက်တာတေဇာဆန်းပြော
အမေး ။ ။ ဒီလောက် ကပ်ကြီး (၃) ပါး ဆိုက်နေတဲ့ အခြေအနေမှာ ခင်ဗျားဘာ့ကြောင့်၊ ဘယ်လို အသက်ရှင်နေတာလဲ။ ဒေါက်တာတေဇာဆန်း။ ။ စွဲမြဲခိုင်မာတဲ့ ယုံကြည်ချက်နဲ့ မျှော်လင့်ချက်ကြောင့်ပါပဲ။ ဘာကို ယုံကြည်လဲဆိုတော့ ဒီတိုက်ပွဲက ငါတို့နိုင်ကို နိုင်မယ့် ပွဲဆိုတာ။ ဘာကို မျှော်လင့်လဲဆိုတော့ အနာဂ တ်မျိုးဆက်သစ်တွေအတွက် နေပျော်တဲ့ နိုင်ငံတော်သစ်တစ်ခု၊ တစ်နည်းပြောရရင် လူကို လူလို ဆက်ဆံတဲ့ နိုင်ငံသစ်တစ်ခု။ဒီစိတ်နဲ့ တိုက်ခဲ့တယ်၊ […]