ကြားသိသမျှ
ပြည်သူတွေဘက်က အလားအလာကောင်းကြောင်း ကုလအရာရှိဟောင်းတွေ ခန့်မှန်း
လာမယ့် စက်တင်ဘာလ ၁၄ ရက်နေ့မှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံ နီးကပ်လာချိန်မှာ မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီနဲ့ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရအမတ်တွေ အများစု ပါဝင်ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေး အစိုးရ NUG တို့ဟာ ဒီညီလာခံမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး တက်ရောက်ခွင့်ရဖို့ ကြိုးပမ်း အားထုတ်မှုတွေ ပိုပြီး အားကောင်းလာနေပါတယ်။ ကုလသမဂ္ဂ အထွေထွေ ညီလာခံစတင်တဲ့ အချိန်မှာ နိုင်ငံ ကိုးနိုင်ငံက ကိုယ်စားလှယ်တွေ […]
ကြားသိသမျှ
မန္တလေးကျောက်စိမ်းလောကမှာ ကျပ်သိန်းပေါင်း ၇၀,၀၀၀ ကျော် လိမ်လည်မှုဖြစ်
မန္တလေးကျောက်စိမ်းလောကမှာ ကျပ်သိန်းပေါင်း ၇၀,၀၀၀ ကျော် လိမ်လည်မှုဖြစ် မန္တလေးမြို့၏ကျောက်မျက်ရောင်းဝယ်ရေးလုပ်ငန်းလုပ်ငန်းရှင်များထံမှ ငွေကျပ်သိန်းပေါင်း ၇၀,၀၀၀ ကျော် လိမ်လည်မှုကြီး လွန်ခဲ့သည့်သီတင်းပတ်ကဖြစ်ပွားခဲ့သည်။ကျောက်စိမ်းဝိုင်းအတွင်း နာမည်ကြီးဓူဝံကျောက်မျက်ရောင်းဝယ်ရေးလုပ်ငန်း၏သားဖြစ်သူမှ လိမ်လည်သွားခြင်းဖြစ်သည်ဟု သတင်းအရင်းအမြစ်များက မဇ္ဈိမကို ပြောသည်။ချမ်းအေးသာစံမြို့နယ်တွင် ငှားရမ်းဖွင့်ထားသည့် ဓူဝံကျောက်မြက်ရောင်းဝယ်ရေး ဆိုင်ခန်းတွင် လိမ်လည်မှုကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ “အိမ်ခံ(ဆိုင်ခန်းပိုင်ရှင် )က ပစ္စည်းအရင်ပေးငွေတော့ တစ်ရက်နှစ်ရက်စောင့်ပေးပါဦးဆိုပြီး ပစ္စည်းတွေယူပြီးပြေးသွားတာလို့သိရတယ်။အခုသိရသလောက်ဆို သိန်းပေါင်း ခုနှစ်သာင်းကျော်တယ်။ လက်ကောက်တွေရော၊ပုတီးတွေရောလူအများကြီးစီက ပါသွားတယ်”ဟု ကျောက်မျက်လုပ်ငန်းရှင်တစ်ဦးကပြောသည်။ လိမ်လည်မှုပြုလုပ်သည်ဟု စွပ်ဆွဲခံရသူသည် မန္တလေးမြို့မှ နာမည်ကြီးဟာသဗီဒီယိုရိုက်ကူးရေးတွင် […]
ကြားသိသမျှ
မြစ်ငယ် CDM မီးရထားဝန်ထမ်း ၁၀၀၀ ကျော် ရာထူးမှထုတ်ပယ်ခံရ
မန္တလေးတိုင်း၊ မြစ်ငယ်မြို့ လူစီးတွဲနှင့် ကုန်တွဲစက်ရုံမှ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်သည့် မီးရထား ဝန်ထမ်း ၁၀၀၀ ကျော်အား ရာထူးမှထုတ်ပယ်လိုက်ကြောင်း စစ်ကောင်စီ လက်အောက်ခံ စက်ရုံအထွေထွေ မန်နေဂျာ ဖြစ်သူက ဩဂုတ် ၂၀ ရက်နေ့ ရက်စွဲဖြင့် ကြေညာခဲ့သည်။ ယင်းကြေညာချက်အရ ရာထူးမှထုတ်ပယ်ခံရသူများ အနေဖြင့် ပြစ်ဒဏ်နှင့်ပတ်သက်ပြီး ၆ လအတွင်း အယူခံ တင် သွင်းနိုင်ကြောင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် အတိုးမဲ့ချေးယူထားသည့် […]
ကြားသိသမျှ
စစ်တပ်က အတိုင်ပင်ခံပုဂ္ဂိုလ် နာမည်သုံးပြီး တပ်တွင်းစည်းရုံးရေး လုပ်ခဲ့သလား
လူထုထောက်ခံသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးမည် ဖြစ်သဖြင့် စစ်သည် များအနေဖြင့် အရပ်ဘက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် မပါဝင်ရန် တပ်တွင်း ဝါဒဖြန့် စည်းရုံးနေသည် ဆို သောသတင်းများ ယခုရက်ပိုင်းထွက်ပေါ်နေသည်။ ပြီးခဲ့သည့် ရက်က ချင်းပြည်နယ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးမည်ဆိုသော ကြေးနန်းကို ဗိုလ်ကြီးတဦးက ဖတ်ပြနေစဉ် ရဲဘော်တဦးက မယုံသဖြင့် ပစ်သတ်လိုက်သည်ဆိုသော သတင်းများ ထွက်လာပြီးနောက် တပ်တွင်း၌ ထိုသို့ […]
ကြားသိသမျှ
ဒီပဲယင်းမြို့နယ် ပျံကျ‌ကျေးရွာနဲ့ ကျခတ်ကျေးရွာအနီးမှာ စစ်ကောင်စီကားသုံးစီမိုင်းဆွဲတိုက်ခိုက်
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ပျံကျ‌ကျေးရွာနဲ့ ကျခတ်ကျေးရွာအနီးမှာ စစ်ကောင်စီကားသုံးစီး ဩဂုတ် ၃၁ ရက်နေ့ နေ့လယ် ၂ နာရီ ၄၅ မိနစ်အချိန်လောက်က မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒေသခံတဦးက “ကျနော်တို့ ကျခတ်နဲ့ပျံခတ်ကျေးရွာအနီးဖြစ်သွားတာ။ ဘယ်အဖွဲ့က လာလုပ်သွားတယ်လို့တော့ မသိဘူးဗျ။ စစ်ကောင်စီဘက်ကတော့ မိုင်းမိပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ရမ်းပစ်တာ ဆူညံနေတာပဲ။ ရွာထဲကလူတွေလည်း ပြေးသူကပြေး၊ ပိတ်မိသူတွေ ပိတ်မိနေတာတွေရှိတယ်။ အကျဆုံးကတော့ စစ်ကောင်စီဘက်တော့ များနိုင်တယ်ဗျ။ အတိအကျတော့ […]
ကြားသိသမျှ
ဝန်ခြုံးရွာကိုဒေီနေ့ မွန်းတည့် ၁၂ နာရီလောက်မှာ စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့
မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်း ကင်းမရွာနဲ့ ဝန်ခြုံးရွာကို စစ်ကောင်စီတပ်တွေက ဩဂုတ် ၃၁ ရက်မနက် ၈ နာရီလောက်မှာ လက်နက်ကြီးနဲ့ပစ်ခတ်ပြီး အင်အားသုံးနယ်မြေထိန်းချုပ်ဖို့ ကြိုးစားနေပါတယ်။ ပေါက်မြို့နယ်တောင်ပိုင်း ဝန်ခြုံးရွာကိုတော့ ဒီနေ့ မွန်းတည့် ၁၂ နာရီလောက်မှာ စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ်ခဲ့ပါတယ်။ ပေါက်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်သားအင်အား ၂၀၀ ကျော်က စစ်ကြောင်းနှစ်ခုခွဲပြီးထိုးစစ်ဆင်နေတယ်လို့ ပေါက်မြို့နယ်တောင်ပိုင်း PDF တပ်ဖွဲ့ဝင်တစ်ယောက်ကပြောပါတယ်။ ဩဂုတ် ၂၇ ရက်နေ့မှာ စစ်ကောင်စီက […]
Uncategorized
ပေါက်မြို့နယ် ဒိန်းကွင်းရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး (၁၀၀)ခန့်
ပေါက်မြို့နယ် ဒိန်းကွင်းရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး (၁၀၀)ခန့်သေ   ဩဂုတ် ၃၁ ရက်၊ ပေါက် မကွေးတိုင်းဒေသ ပေါက်မြို့နယ် ဒိန်းကွင်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်ယာဉ်တန်းကို ပေါက် PDF တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀၀)လောက် သေဆုံးခဲ့တယ်လို့ ပေါက် PDF တပ်ဖွဲ့ဝင်တစ်ဦးက အတည်ပြု ပြောဆိုခဲ့ပါတယ်။ မနေ့ ဩဂုတ် ၃၀ ရက် ညနေပိုင်းကဖြစ်ပွားခဲ့တဲ့ နာရီဝက်နီးပါးကြာ ပစ်ခတ်တိုက်ခိုက်မှုဟာ ပုသိမ်၊ […]
ကြားသိသမျှ
Uncategorized
ရန်ကုန်မြစ်ဝ၌ ၃ ရက်ကြာ စစ်ရေးလေ့ကျင့်ရန် စစ်ကောင်စီ စီစဉ်
အာဏာသိမ်းစစ်ကောင်စီ ရေတပ်ဟာ ရန်ကုန်မြစ်ဝနဲ့ မိုင် ၃၀ အကွာမှာ ၃ ရက်ကြာစစ်ရေးလေ့ကျင့်ဖို့ ပြင်ဆင်နေပြီး စက်တင်ဘာ ၁ ရက်နေ့မှာ စစ်ရေးလေ့ကျင့်ခန်း ဗျူဟာ ၁ အနေနဲ့ ဖရီးဂိတ်စစ်သင်္ဘော ၂ စီးအပါအဝင် စစ်ရေယာဉ် ၆ စီးထွက်ခွာမယ်လို့ ဒီဗွီဘီက DVB စုံစမ်းသိရပါတယ်။ အဲဒီစစ်ရေးလေ့ကျင့်မှုမှာ ပင်လယ်ပြင်အတွင်း အမြောက်တွေ ပစ်ခတ်လေ့ကျင့်မယ့် အစီအစဉ်တွေ ပါဝင်ပြီး စစ်ရေးလေ့ကျင်မှုလုပ်မယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဩဂုတ် ၃၁ […]
ကြားသိသမျှ
စစ်​ကောင်စီကို လက်နက်ဖြင့် အပြည့်အစုံဖြင့် စွန့်ခွာလာ​သော တပ်မ​တော်သားများကို ဆု​ငွေ သိန်း ၅၀ နှင့် ခိုလှုံခွင့်​ပေးမည်
စစ်​ကောင်စီကို လက်နက်ဖြင့် အပြည့်အစုံဖြင့် စွန့်ခွာလာ​သော တပ်မ​တော်သားများကို ဆု​ငွေ သိန်း ၅၀ နှင့် ခိုလှုံခွင့်​ပေးမည် ရန်ကုန်၊ သြဂုတ် ၃၁ ပြည်သူကို သတ်ဖြတ်နေသော အကြမ်းဖက် စစ်​ကောင်စီကို လက်နက်ဖြင့် အပြည့်အစုံဖြင့် စွန့်ခွာလာ​သော တပ်မ​တော်သားများကို ဆု​ငွေ သိန်း ၅၀ နှင့် ခိုလှုံခွင့်​ပေးမည်ဖြစ်ကြောင်း ပြည်သူ့တော်လှန်ရေးတပ်မတော် PRA က သတင်းထုတ်ပြန်သည်။ “အာဏာလုအကြမ်းဖက်စစ်ကောင်စီအဖွဲ့မှ ရုန်းထွက်၍ပြည်သူအားကိုးထိုက်သောတပ်မတော်သားဖြစ်လိုပါက ပြည်သူ့တော်လှန်ရေးတပ်မတော် (PRA) အနေနဲ့အစစအရာရာတာဝန်ယူပြီး […]