
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန် မစ္စခရစ်စတင်းက မြန်မာပြည်သူတွေကို တွစ်တာကနေ နှုတ်ဆက်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန် မစ္စခရစ်စတင်းက ကုလသံတမန်အဖြစ် သူတာဝန်ယူတာ ဒီကနေ့ (၃၁.၁၀.၂၀၂၁) နေ့ဟာ နောက်ဆုံးဖြစ်ကြောင်း မြန်မာပြည်သူတွေကို တွစ်တာကနေ နှုတ်ဆက်ပါတယ်။ သူရေးထားတာက – “ဒီနေ့ဟာ ကုလသမဂ္ဂအထူးသံတမန်အဖြစ် အလုပ်လုပ်ခြင်းရဲ့ နောက်ဆုံးနေ့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသူ နိုင်ငံသားများ အစစအရာရာ အဆင်ပြေချောမွေ့ပါစေကြောင်း ဆုတောင်းပါတယ်။ တိုင်းပြည်အာဏာ ပြည်သူ့ဆီပြန်လည်ရောက်ရှိတဲ့အခါ ကျမ ပြန်လာပါ့မယ်။ အဲဒီ့အခါ ကျမတို့ ငြိမ်းချမ်းရေးအရသာကို အောင်ပွဲခံကြတာပေါ့။ ဒီလိုဖြစ်လာဖို့ သိပ်မဝေးတော့ဘူးလို့ ကျမ […]