ၾကားသိသမွ်

ပိန်းကန်ရဲစခန်းတိုက်ခိုက်ခံရမှု စစ်​ကောင်စီတပ်သား ၂၀ခန့်​ ‌ေ.ဟု ခရမ်းPDF ​ပြော

ပိန်းကန်ရဲစခန်းတိုက်ခိုက်ခံရမှု စစ်​ကောင်စီတပ်သား ၂၀ခန့်​သေဟု ခရမ်းPDF ​ပြော ခရမ်းမြို့နယ် ပိန်းကန်ရဲစခန်းတိုက်ခိုက်မှုနှင့် ယင်းနေရာသို့ စစ်ကူလာသည့် အကြမ်းဖက်စစ်ကောင်စီကားများကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ခန့်​သေဆုံးကြောင်း ခရမ်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယ​နေ့(ဖေဖော်ဝါရီ ၂၈ ရက်) ပိန်းကန်ရဲစခန်းကို M79 ဗုံး‌လောင်ချာဖြင့် တိုက်ခိုက်ခဲ့ရာ အပြန် အလှန်ပစ်ခတ်မှုများဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးအနည်းဆုံးသေဆုံးသည်ဟု ၎င်းက ပြောသည်။ ထို့​နောက် ယင်းနေရာသို့ ခရမ်းမြို့မှစစ်ကူလာရောက်သည့် အကြမ်းဖက်စစ်ကောင်စီကားလေးစီးကို တမံကြီးကျေးရွာအနီး အဝေးထိန်းဗုံးဖြင့် […]

ၾကားသိသမွ်

CDM သူနာပြုဆရာမတစ်ဦး မိမိကိုယ်ကို အဆုံးစီရင်မှုဖြစ်ပွား

CDM သူနာပြုဆရာမတစ်ဦး မိမိကိုယ်ကို အဆုံးစီရင်မှုဖြစ်ပွား BVJ-ဖေဖော်ဝါရီ ၂၈၊၂၀၂၂ ဒီနေ့ (၂၈.၂.၂၀၂၂)တနင်္လာနေ့က သူနာပြုဆရာမမယုယုဝေ မန္တလေးက အဆောင်တစ်ခုမှာ မိမိကိုယ်ကိုအဆုံးစီရင်သွားခဲ့ပါတယ်။ မယုယုဝေဟာ စစ်တပ်က အာဏာသိမ်းပြီး​နောက် အကြမ်းမဖက်အာဏာဖီဆန်​ရေးလှုပ်ရှားမှု(CDM)ပြုလုပ်ထား သူဖြစ်တယ်လို့ လည်းသိရပါတယ်။ သူ ကိုယ့်ကိုယ်ကိုယ်ကြိုးဆွဲချ အဆုံးစီရင်ခဲ့တာနဲ့ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီးလူမူကူညီကယ်ဆယ်ရေးဦးဆောင်ကော်မတီစာမျက်နှာမှာ ဓာတ်ပုံတွေနဲ့တကွ ဖော်ပြထားတာတွေ့ရပါတယ်။ ၁၀၆A ၆၃လမ်းမှာရှိတဲ့ အမျိုးသမီးဘော်ဒါဆောင် မှာ ကြိုးဆွဲချသေဆုံးနေတဲ့ မယုယုဝေရဲ့ရုပ်အလောင်းကို အားမာန်လူငယ်လူမှုကယ်ဆယ်​ရေးအသင်းက ကားနဲ့ မော်ကျူရီကို ပို့ဆောင်ကူညီပေးခဲ့တယ်လို့ တိုင်းဒေသကြီး […]

ၾကားသိသမွ်

အိုင်စီဂျေအမှုကနေ မြန်မာ မလွတ်မြောက်နိုင်ဘူးလို့ ဂမ်ဘီယာကိုယ်စားလှယ်ဆို

မြန်မာဟာ လူမျိုးတုံးသတ်ဖြတ်မှု ကာကွယ်တားဆီးရေးနဲ့ ပြစ်ဒဏ်ပေးရေးဆိုင်ရာ ပဋိဥာဥ်ရဲ့ အဖွဲ့ဝင်ဖြစ်ပြီး ဒီပဋိဥာဥ်ထဲက ပုဒ်မ ၉ ကိုလည်း ခြွင်းချက်မထားတဲ့အတွက် ဒီအမှုကနေ မလွတ်မြောက်နိုင်ဘူးလို့ ဂမ်ဘီယာကိုယ်စားလှယ် ဒေါ့ဒါ ဂျာလိုးက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ လျှောက်လဲလိုက်ပါတယ်။​ ဖေဖော်ဝါရီ ၂၈ ရက်က အပြီးသတ်လျှောက်လဲချက်မှာ ဂမ်ဘီယာကိုယ်စားလှယ်က အဲဒီလို ပြောတာ ဖြစ်ပါတယ်။​ ပုဒ်မ ၉ မှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး တာဝန်ရှိတဲ့ နိုင်ငံနဲ့ အငြင်းပွားမှုတွေအကြောင်း […]

ၾကားသိသမွ်

လေတပ်မှ CDM လုပ်သူ စံချိန်တင်များလာ၊ တပ်ထဲတွင် ဆိုင်းဘုတ်ထောင်၍ CDM မလုပ်ရန် သတိပေးနေရဟုဆို

မင်းအောင်လှိုင်နှင့်စစ်တပ်၏ ပြည်သူအပေါ် သတ်ဖြတ်နေသော လုပ်ရပ်ကို လက်မခံနိုင်တော့၍ လေတပ်မှ CDM လုပ်သူ စံချိန်တင်များလာ၊ တပ်ထဲတွင် ဆိုင်းဘုတ်ထောင်၍ CDM မလုပ်ရန် သတိပေးနေရဟုဆို ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်စစ်တပ်က ပြည်သူကို သတ် ဖြတ် နေသော လုပ်ရပ်များကို လက်မခံနိုင်တော့၍ လေတပ်အတွင်းမှ CDM လုပ်ပြီး ပြည်သူ့ဘက်သို့ ခိုလှုံလာသော အရာရှိနှင့်စစ်သည်များ များပြား လာနေပြီး တပ်ထဲတွင် ဆိုင်းဘုတ်ထောင်ကာ […]

ၾကားသိသမွ်

မြန်မာစစ်ကောင်စီတပ်သားများကို ပူတင်က ယူကရိန်းပို့

ကြားဖြတ် သတင်း မြန်မာစစ်ကောင်စီတပ်သားများကို ပူတင် ယူကရိန်းပို့ News Now သတင်းဌာန ရုရှား စစ်သားများ ယူကရိန်း စစ်မြေပြင်၌ အလောင်းများပုံနေပြီဖြစ်ရာ အကျဆုံးအလွန်ပင် ပြားနေသောကြောင့် ပူတင်က မြန်မာ စစ်ကောင်စီ တပ်သားများကို ယူကရိန်းပို့နေပြီဖြစ်ကြောင်းတပ်တွင်းသတင်းအရသိရသည်။ ရုရှား နိုင်ငံ မော်စကို ရောက် မြန်မာ စစ်တပ် မှ ပညာသင် စစ်သည် များ ယူကရိန်း သို့ ရှေ့တန်း ထွက်ရမည် ဟု […]

ၾကားသိသမွ်

ရဲရင့်သူတို့လျှောက်တဲ့လမ်း(ရုပ်သံ)

ရဲရင့်သူတို့လျှောက်တဲ့လမ်း – အပိုင်း ၁၀ ဒီမိုကရေစီကို လိုချင်ကြတယ် အဆိုးနဲ့အကောင်းကြားက တော်လှန်ရေးဖြစ်လို့ အကောင်းဘက်ကို ရပ်တည်ချင်တယ်ဆိုတဲ့ ဒေါက်တာဆာဆာ နွေဦးတော်လှန်ရေးမှာ ရဲရဲရင့်ရင့်နဲ့ ပါဝင်ခဲ့တဲ့ သူတွေ အများကြီးပါ။ ရဲရင့်တဲ့သူတွေထဲကမှ အခက်အခဲတွေ အများကြီးနဲ့ ပါဝင်လာသူ တစ်ယောက်ကတော့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာ ကရော ဘယ်လိုတွေပါဝင်လာခဲ့တယ်ဆိုတာ ကို ကြည့်ရှု့ကြရအောင် ။ #ရဲရင့်သူတို့လျှောက်တဲ့လမ်း #DdayChannel ရဲရင့်သူတို့လျှောက်တဲ့လမ်း – အပိုင်း ၁၀ […]

ၾကားသိသမွ်

ယူကရိန်းသမ္မတက မြို့တော်ကို ကာကွယ်ပေးမယ့် စေတနာ့ဝန်ထမ်းတွေ အလိုရှိတယ်လို့ တောင်းဆိုခဲ့ပြီးနောက်

ယူကရိန်းသမ္မတ ဗလာဒီမာ ဇာလန်းစကီးက လက်နက်ဆွဲကိုင်ပီး မြို့တော်ကို ကာကွယ်ပေးမယ့် စေတနာ့ဝန်ထမ်းတွေ အလိုရှိတယ်လို့ တောင်းဆိုခဲ့ပြီးနောက် မြို့တော်ကိယက်ဗ်ကလူတွေက ချေမှုန်းရေးရိုင်ဖယ်တွေရဖို့ တန်းစီ နေကြတာကိုတွေ့ရပါတယ် ။ “ကျွန်တော့်မှာ ရွေးချယ်စရာမရှိဘူး။ ကျွန်တော့်အိမ်ကို ကျွန်တော်ကာကွယ်ရမယ်လို့ အသက်၂၁ နှစ် ကွန်ပျူတာပရိုဂရမ်မာ Hlib Bondarenko က ပြောပါတယ်။ ယူကရိန်းသမ္မတ ဗလာဒီမာ ဇာလန်းစကီးက လက်နက်ဆွဲကိုင်ပီး မြို့တော်ကို ကာကွယ်ပေးမယ့် စေတနာ့ဝန်ထမ်းတွေ အလိုရှိတယ်လို့ တောင်းဆိုခဲ့ပြီးနောက် မြို့တော်ကိယက်ဗ်ကလူတွေက […]

ၾကားသိသမွ်

ယနေ့ နယူးယောက်မြို့က NUG၏ အောင်ပွဲ..

နယူးယောက်တွင် NUG ငွေတိုက်စာချုပ်ရောင်းချပွဲ ၃ နာရီအတွင်း ဒေါ်လာ ၁၆၈,၂၀၀ ဖိုး ရောင်းချခဲ့ ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၈ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ Queens ရပ်ကွက်၊ Flushing Town Hall တွင် ဖေဖေါ်ဝါရီလ ၂၇ ရက်က အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ငွေတိုက်စာချုပ်များကို ရောင်းချပေးခဲ့ပြီး၃ နာရီအတွင်း ဒေါ်လာ ၁၆၈,၂၀၀ ဖိုး ရောင်းချနိုင်ခဲ့ကြောင်း သတင်းရရှိသည်။ ငွေတိုက်စာချုပ်ကို […]

ကြားသိသမျှ

မြန်မာနှင့် ယူကရိန်းပြည်သူလူထုနှင့်အတူ ရပ်တည်ကြောင်း ပြင်သစ်သံရုံးထုတ်ပြန်

မြန်မာနှင့် ယူကရိန်းပြည်သူလူထုနှင့်အတူ ရပ်တည်ကြောင်း ပြင်သစ်သံရုံးထုတ်ပြန် အီးယူနိုင်ငံများလည်း ရပ်တည်​ကြောင်းထုတ်ပြန် မြန်မာနှင့် ယူကရိန်း နိုင်ငံတို့မှ ပြည်သူလူထုနှင့်အတူ ရပ်တည်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးက ယနေ့”ထုတ်ပြန်သည်။ မြန်မာနှင့် ယူကရိန်းပြည်သူများ၏ ရပိုင်ခွင့်များနှင့် လွတ်လပ်ခွင့်များကို အပြည့်အဝ လေးစားလိုက်နာမှုရရှိရန် ပြင်သစ်သံရုံးက တောင်းဆိုသည်။ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများသည့် မြန်မာနှင့် ယူကရိန်းအလံများကိုင်ဆောင်၍ ‘မြန်မာနိုင်ငံ လွတ်လပ်ပါစေ’ ၊ ‘ယူကရိန်းနိုင်ငံ လွတ်လပ်ပါစေ’ စာသားများဖြင့် ဆန္ဒထုတ်ဖော်ပြသခဲ့ကြသည်။ ဥရောပသမဂ္ဂ(အီးယူ)နှင့် […]

ၾကားသိသမွ်

မန္တလေး သာသနာ ၂၅၀၀ ဗိမာန်ကို ခန်းမအဖြစ် ဌားရမ်းဖို့ စီစဉ်တဲ့အပေါ် ဝေဖန်မှုတွေရှိနေ

မန္တလေး သာသနာ ၂၅၀၀ ဗိမာန်ကို ခန်းမအဖြစ် ဌားရမ်းဖို့ စီစဉ်တဲ့အပေါ် ဝေဖန်မှုတွေရှိနေ မန္တလေးမြို့ ရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ သာသနာ ၂၅၀၀ အထိမ်းအမှတ် ဗိမာန် ကို ခန်းမအနေနဲ့ ဌားရမ်း ဖို့ ဂေါပက အဖွဲ့က စီစဉ်တဲ့အပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။ ဗိမာန်ခန်းမကို အလှူပွဲ ၊ မင်္ဂလာပွဲ ၊ ကုမ္ပဏီပြပွဲတွေ ၊ အခမ်းအနားတွေအတွက် ဌားရမ်း နိုင်တယ်လို့ ဂေါပက […]