ၾကားသိသမွ်

နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ရဲ့ ဖခင်ပိုင် နေအိမ်ကို စစ်ကောင်စီ ချိတ်ပိတ်

နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ရဲ့ ဖခင်ပိုင် နေအိမ်ကို စစ်ကောင်စီ ချိတ်ပိတ် ဇွန် ၂၅၊ ၂၀၂၂ ဒီနေ့ (ဇွန် ၂၅) မှာ NUG အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ရဲ့ ဖခင် ဦးအောင်ကြည်ပိုင်ဆိုင်တဲ့ မြောက်ဥက္ကလာမြို့နယ်၊ “ဂ” ရပ်ကွက်နီလာလမ်းကနေအိမ်ကို ဒီနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်ချိတ်ပိတ်ခဲ့တယ်လို့ မိသားစုနဲ့ နီးသပ်သူတစ်ဦးကပြောပါတယ်။ ” ဒီနေ့ မနက်ပိုင်းလောက်မှာ နေမယ်၊ ဒေါ်ဇင်မာအောင်ရဲ့ ဖခင်အိမ်ကို လာပြီးချိတ်ပိတ်သွားတယ်၊ […]

ၾကားသိသမွ်

ဒီလကုန်မှာ မြို့ပြအတွက်Project ကြီးကြီးမားမားတစ်ခု လာမယ်နော်

အခုလာမယ့်လကုန်မှာ မြို့ပြအတွက် Fundraising Project ကြီးကြီးမားမားတစ်ခု လုပ်ဖို့ရှိတယ်။ စစ်ကောင်စီရဲ့ အကွက်က မြို့ပြကို ငြိမ်အောင်ဖိမယ်။ UG တွေကို ဖမ်းမယ်။ မမိသူတွေတောင် မနေရဲဘဲ ထွက်သွားအောင် မောင်းထုတ်မယ်။ ငြိမ်ဝပ်ပိပြားနေပြီ၊ တော်လှန်ရေးမရှိတော့ဘူး အထင်ရောက်လာအောင် လုပ်မယ်။ အဲ့လိုလုပ်တာ အောင်မြင်သွားရင် အထောက်အပံ့နည်းသွားပြီဖြစ်တဲ့ တောတွင်းPDF တွေကို ဖိမယ်။ ရှင်းလင်းမယ်။ အဲ့အဆင့်ထပ်အောင်မြင်ရင် သူတို့ နိုင်ပြီ။ ဒါက သူတို့စီစဉ်ထားတဲ့ Plan ပဲ။ […]

ၾကားသိသမွ်

“ပြည်သူများအတွက် အန္တရာယ်များ လို့ အရေးပေါ် သတိပေးချက်ထုတ်ပြန်”

မုံရွာ-မန္တလေးလမ်းကို ယနေ့နံနက်ပိုင်းမှစ၍ ဖြတ်သန်းသွားလာခြင်းလုံးဝမပြုလုပ်ရန် PDF သတိ​ပေး -အောင်ဇေယျ/People’s Spring စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင်ယနေ့နံနက်ပိုင်းမှစတင်ကာ ဖြတ်သန်းသွားလာခြင်း လုံးဝမပြုလုပ်ရန် Moe Nyo Revolution Force က သတိပေးကြေညာသည်။ ယနေ့(ဇွန်လ၂၅ရက်နေ့)နံနက်မှစ၍ နောက်ထပ်အသိပေးချက် ထပ်မံမထုတ်ပြန်မချင်း မုံရွာ-မန္တလေးလမ်းမကြီး၊စစ်ကိုင်း-မြင်းမူ-မုံရွာလမ်းပိုင်းအား လုံးဝအသုံးပြုခြင်း မလုပ်ကြရန် Moe Nyo Revolution က အသိပေးသည်။ သွားလာခြင်းကြောင့် တစ်စုံတစ်ရာ ထိခိုက်မှုဖြစ်ပေါ်လာပါက တာဝန်ယူနိုင်မည်မဟုတ်ကြောင်း Moe NyoRevolution Forceက […]

ၾကားသိသမွ်

မုံရွာ-မန္တလေးလမ်းပိုင်းအားPDFများကယာယီပိတ်ပြီးနောက် စစ်​ကောင်စီတပ်ယာဥ်တစ်စီးအား မြင်းမူမြို့နယ်အတွင်းမိုင်းခွဲတိုက်ခိုက်(ရုပ်သံ)

မုံရွာ-မန္တလေးလမ်းပိုင်းအားPDFများကယာယီပိတ်ပြီနောက် ဖြတ်သန်းလာသည့်စစ်​ကောင်စီတပ်ယာဥ်တစ်စီးအား မြင်းမူမြို့နယ်အတွင်းမိုင်းခွဲတိုက်ခိုက်(ရုပ်သံ) ​အောင်​ဇေယျ၊ ရဲခေါင်/People’s Spring မုံရွာ-မန္တလေးလမ်းပိုင်းအားPDFများကယာယီပိတ်ပြီနောက်ဖြတ်သန်းလာသည့်စစ်​ကောင်စီတပ်ယာဥ်တစ်စီးအား မြင်းမူမြို့နယ်အတွင်းတွင် Moe Nyo Revolution Forceနှင့် မဟာမိတ်အဖွဲ့များက စတင်မိုင်းခွဲတိုက်ခိုက်ခဲ့သည်။ “တော်တော်အထိနာသွားပုံရတယ်ခင်ဗျ။ သူတို့မလာခင်ကြိုရောက်နေတဲ့သူတွေက ကျွန်တော်တို့မိုင်းဆွဲပြီးတော့ ထီး ဆောင်းနားမှာပစ်ခတ်နေတယ်လို့ကြားသိရတယ်။”ဟု Moe Nyo Revolution Forceအဖွဲ့ တာဝန်ရှိသူက ပြောသည်။ တိုက်ခိုက်မှုမှာ လုံးဝထိမှန်ခဲ့ပြီး ဒဏ်ရာအများအပြားရှိနိုင်၍ စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုကို စုံစမ်းနေကြောင်း M.N.R.Fက အသိပေးသည်။ရုပ်သံမှတ်တမ်းတွင်လည်း အမြန်​မောင်း​နေ​သောစစ်​ကောင်စီကား အနီးကပ်​ဗုံးပေါက်ကွဲခဲ့သာ်ကို​တွေ့ရသည်။ […]

ၾကားသိသမွ်

R2P၏ တာဝန်ရှိမှု၊ ကတိကဝတ်အတိုင်း လုပ်ဆောင်ဖို့ ကုလအား သံအမတ်ကြီး ဦးကျော်မိုးထွန်းတိုက်တွန်း

R2P၏ တာဝန်ရှိမှု၊ ကတိကဝတ်အတိုင်း စစ်တပ်ကိုအရေးယူရန် ကုလလုံခြုံရေးကောင်စီကို မြန်မာသံအမတ်ကြီးတိုက်တွန်း လီလီယန်/People’s Spring ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် စစ်တပ်၏ ရက်စက်သည့်လုပ်ရပ်များမှ ပြည်သူများအား ကာကွယ်ပေးရန်ဟူသော တာဝန်ရှိမှု၊ ကတိကဝတ်(R2P)အတိုင်း အရေးယူဆောင်ရွက်ရန် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂသို့ တိုက်တွန်းသည်။ ကာကွယ်မှုပေးရန် တာဝန်ရှိမှု(Responsibility to Protect-R2P)နှင့် လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးစုလိုက်သုတ်သင်ရှင်းလင်းမှုနှင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ပြစ်မှုများ ကာကွယ်တားဆီးရေးဆိုင်ရာ ဆွေးနွေးပွဲသို့ မြန်မာသံအမတ်ကြီးက မိန့်ခွန်းပြော တိုက်တွန်းခဲ့ခြင်းဖြစ်သည်။ […]

ၾကားသိသမွ်

“မလိုတမာ စိတ်ဖြင့် အငြိုးထားပြီး ရက်စက်စွာ လုပ်ခဲ့သည့် အကျိုးအမြတ်မည်သို့များထွက်ပေါ်လာနိုင်သနည်း”

မည်သို့များ အကျိုးအမြတ် ထွက်ပေါ်လာနိုင်သနည်း ************************* မင်းအောင်လှိုင်၏ အာဏာသိမ်း မှုသည် ဗိုလ်သန်းရွှေ ခေတ်နှင့် မတူ ဆိုးရွားသော အနေအထား နှင့် ရင်ဆိုင် နေရပြီ ဖြစ်သည်။ ဗိုလ်သန်းရွှေ စစ်အစိုးရသည် နိုင်ငံတကာ၏ ဖိအားများ၊ ဖယ်ကျဉ်ခံထားရမှုများ၊ စီးပွားရေး ဒဏ်ခတ်မှုများ လောက်သာ ရင်ဆိုင်ခဲ့ရပြီး ပြည်တွင်း ဆန့်ကျင် တွန်းလှန်မှုများမှာ မဆို သလောက် သာ ရှိခဲ့သည်။ သို့သော် မင်းအောင်လှိုင် အာဏာသိမ်းမှုက […]

ၾကားသိသမွ်

ဒေါ်အောင်ဆန်းစုကြည်ကို “ခွန်အားဖြည့်မိငယ်” သီချင်းဖြင့် အကျဥ်းသားများသံပြိုင်သီဆိုကာ အားပေး

နေပြည်တော်အချုပ်ထောင်ရှိ ဒေါ်အောင်ဆန်းစုကြည်ကို “ခွန်အားဖြည့်မိငယ်” သီချင်းဖြင့် အကျဥ်းသားများသံပြိုင်သီဆိုကာ အားပေး ဧရာဝတီတိုင်းမ် ဇွန်လ၂၅ ရက် နေပြည်တော် အချုပ်ထောင်တွင် ထောင်သွင်းအကျဉ်းချခံထားရသော နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို အားပေးသောအနေဖြင့် အကျဉ်းထောင်အတွင်းရှိ ထောင်သားများ အားလုံးက “ခွန်အားဖြည့်မိငယ်” သီချင်းကို သံပြိုင်သီဆိုခဲ့ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူတဦးထံမှ သိရသည်။ ဇွန် ၂၄ ရက်နေ့ အကျဉ်းထောင်ပိတ်ချိန် ည ၇ နာရီတွင် အဆိုပါသီချင်းကို ထောင်သားများအားလုံးက သံပြိုင်သီဆိုခဲ့ကြပြီး […]

ၾကားသိသမွ်

အွန်လိုင်းမှာပျံ့နေတဲ့ ရွံစရာကောင်းတဲ့ ပုဇွန်ခြောက်လုပ်နည်းကိစ္စ ပုဇွန်ခြောက်လုပ်ငန်းရှင်များဒဲ့ရှင်းပြီ

Follower သာ များမယ် နာမည်ကြီး ရမယ်ဆို အရာရာ ချနင်းဖို့ဝန်မလေးကြတော့ဘူး ပုဇွန်ခြောက် သဘောတရားက 😶ရေမသန့်ရင် အရောင်ထွက်မလှပါဘူးရေငန်ပါသွားရင် ပုဇွန်ငန်ပါတယ်ရေချို သန့်တာနဲ့ပြုတ်ရပါတယ် ရှေ့မှာ ငါးပြုတ်ထားလို့ရှိရင်တောင် ပုဇွန်အတွက် ရေပြန်လဲ ပေးရပါတယ် 😶 ပြုတ်ပြီးရင် ခြင်းနဲ့ ဒီတိုင်း ရေ စစ် ရုံပါတက်နင်းစရာ မလိုပါဘူး(Lol) 😶 အခင်း ပိုင်းနဲ့ လှန်းချိန်မှာလည်း လေးထောင့် ကွက် တွေ (လူ သွားဖို့ […]

ၾကားသိသမွ်

အရည်အသွေးနိမ့် တ.ရု.တ်ကြက်သွန်နီတွေ ဈေးအနိမ့်နဲ့ ရန်ကုန်ဈေးကွက်သို့ ဝင်လာ

တရုတ်ထုတ်ကြက်သွန်နီတွေ ရန်ကုန်ဈေးကွက်ကို မနေ့က ဝင်ရောက်လာတယ်လို့ ရန်ကုန်၊ ညောင်ပင်လေး ဈေးက ကြက်သွန်နဲ့ အာလူးရောင်းချသူ ကိုအောင်က ပြောပါတယ်။ ပြည်တွင်းက မုံရွာကြက်သွန်နီ တစ်ပိဿာကို ကျပ် ၁၉၀၀ ဝန်းကျင် ရှိနေချိန်မှာ တရုတ်ကြက်သွန်နီဈေးက တစ်ပိဿာကို ၁၅၀၀ ကျပ်သာ ရှိနေပါတယ်။   လက်ရှိ ရန်ကုန်ကို ဝင်လာတဲ့တရုတ်ကြက်သွန်နီဟာ အရင်ကြက်သွန်တွေလောက် အလုံးမကြီးပေမဲ့လည်း မြန်မာကြက်သွန်ထက်တော့ ကြီးနေဆဲ ဖြစ်ပါတယ်။ တရုတ်ကြက်သွန်နီက တစ်ပိဿာ ၁၅၀၀ […]

ကြားသိသမျှ

ယနေ့ ရွှေစျေး ငွေစျေးနှင့် တနေ့တာ နိုင်ငံခြားငွေလဲနှုန်းထား များ

မြန်မာ့ ရွှေဈေး/ငွေဈေး တနေ့တာ ဇွန်လ ၂၄ ရက်နေ့။ (ကမ္ဘာ့ရွှေဈေး) တစ်အောင်စ – ၁,၈၂၈ အမေရိကန်‌ဒေါ်လာ။ အကယ်ဒမီမီးလင်းရွှေ ( အဖွင့်ဈေး) ၂,၀၅၁,၀၀၀ ကျပ် (YGEA) အကယ်ဒမီမီးလင်းရွှေ ( အပိတ်ဈေး) ၂,၀၅၄,၀၀၀ ကျပ် (YGEA) ၁၆ ပဲရည် – ၂,၀၅၁,၀၀၀ ≤ ၂,၀၅၅,၀၀၀ ကျပ် ၁၅ ပဲရည် – ၁,၉၃၀,၅၀၀ ≤ […]