“တစ်တိုင်းပြည်လုံးစစ်မျက်နှာပြင်ဖွင့်ရင်တော့ ဒီနေ့ဖွင့်ရင်နောက် ၁၅ရက်၊ရက်၂၀ဆို တော်လှန်ရေးကပြီးပြီပဲဗျ” ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးနဲ့ဆက်သွယ်မေးမြန်းခြင်း -moe joe ဘယ်သူတွေကရိုးသားဖို့လိုနေတာလဲ။စစ်မျက်နှာပြင်အခြေအနေဘယ်လိုရှိမလဲ။မင်းအောင်လှိုင်အခြေအနေဘယ်လိုလဲ။ဒီတိုက်ပွဲကနိုင်ပါ့မလား။စတဲ့အဖြေတွေသိရှိနိုင်ဖို့ မိုးကြိုးသတင်းဌာနက ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးနဲ့မေးမြန်းထားပါတယ်။ မေး။ အခုကတော်လှန်ရေးကလအတော်ကြာပြီဆိုတော့ ဗိုလ်နဂါးတို့ အားရပြီလို့ပြောလို့ရသလာစ။ပြောလို့မရသေးဘူးလား။ ဖြေ။ သွားနေတဲ့လူတွေ၊ကြိုးစားနေတဲ့ရဲဘော်တွေအတွက်အားရတယ်ဗျ။ဒါပေမဲ့တတိုင်းပြည်လုံးအတွက် ကြည့်ရင်တော့တော်တော်ကိုအားမရသေးဘူးဗျ။ပါဝင်မှုကနည်းတယ်။ပါဝင်နေတဲ့လူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုတော့ ငွေပဲပါပါ၊လူပဲပါပါအားရတယ်။ ကျန်နေသေးတယ်။လွတ်လပ်ရေးကို လိုချင်နေပြီးတော့ ပါးစပ်လောက်ပဲ ပါရင်PDFပဲလို့ရောပြီး အမည်ခံနေတဲ့လူတွေရှိနေသေးတယ်။ အဲဒါကတော့ ကျွန်တော်လက်မခံဘူး။ဘာဖြစ်လို့လဲဆိုတော့ ပါးစပ်လောက်ကတော့ ဘယ်သူနေနေလုပ်နိုင်တာပဲလေဗျာ။ပါးစပ်နဲ့ဆန့်ကျင်တယ်ဆိုတာလောက်ကတော့၊ဒီအချိန်မှာ ပါးစပ်နဲ့မရလောက်တော့မှ အသက်တွေ စွန့်တိုက်နေရတဲ့အချိန်မှာ ပါးစပ်လောက်နဲ့ဆိုတဲ့သူတွေကို အားမရသေးဘူး။ ဒါပေမဲ့ပါဝင်နေတဲ့လူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုအားရတယ်။ဘာဖြစ်လို့လဲဆိုတော့ […]