စစ်တုရင်စကားနဲ့ပြောရင်တော့ဗျူဟာခင်းပြီးပြီပေါ့။ အကွက်တွေ စိပ်လာပြီ။အမြန်ရွှေ့ကွက်တွေလာပြီပေါ့။ NUG ကလည်းစစ်ရေးမြှင့်တင်မယ်လို့ပြောထားတယ်။ ချောင်ပိတ်သွားတဲ့စစ်အုပ်စုကထွက်ပေါက်ကိုဘယ်လိုရှာမလဲ။ ဘယ်လိုချောင်ပိတ်မိတာလဲယူအက်စ်သံတမန်ထပ်ရောက်လာတယ်တွေ့စရာရှိသွက်သွက်တွေ့၊ထုတ်ပြန်စရာရှိ၊မြန်မြန်ထုတ်ပြန်တယ်။ အာဆီယံ+အိန္ဒိယမှာ တက်ရနိုးနိုးစကစရဲ့နောက်ဆုံးမျော်လင့်ချက်လည်းအိုးမည်းအသုတ်ခံရ။ဟိုကအမြန်ထုတ်ပြန်တယ်။စစ်ကောင်စီတက်ခွင့်မရှိဘူးဒါပါပဲ။ အဲဒီတော့ သံတမန်ရေးမှာသူတို့ကိုဘယ်သူ လက်ခံသလဲလတ်လတ်ဆတ်ဆတ်လူမွဲစာရင်းဝင်ဒေဝါလီခံသီရိင်္လကာနိုင်ငံကသာခန့်အပ်လွှာလာပေးတာပြရပုံ။ခုနေသီရိင်္လကာနဲ့ပေါင်းရင်တော့တပြားမရတဲ့အပြင်ဝိုင်းလျော်ရမည့်ကိန်းပဲရှိ။ လူထုတော်လှန်ရေးဘက်ကတော့ နွေဦးတော်လှန်ရေးဟာကမ္ဘာသင်ရိုး တကယ်ဖြစ်လာတယ်။ သံအမတ်ဦးကျော်မိုးထွန်းလုပ်သလိုပဲရုရှားသံအမတ်လိုက်လုပ်ခဲ့ရတာကိုး။မကြာသေးမီကတွေ့ခဲ့ကြမှာပါ။ စီးပွါးရေးမှာလဲစက်မှုကုန်ကြမ်းတွေအပါအဝင်လောင်စာဆီအဆုံး၊ဆိပ်ကမ်းရောက်မှငွေချေရမယ့်စနစ်တဲ့။ဒါတော့စစ်အုပ်စုရဲ့ဒေါ်လာတရွက်မှအပဲ့မခံ အနေအထားကြောင့်သာ။ဒါကြောင့်လည်းလျပ်စစ်မီးတွေဂဒီးဂဒီးပြတ် ၊လျှပ်စစ်ပစ္စည်းတွေအကုန်ပျက်ဆီးတာတွေကြုံရတာပဲ။ စာရင်းချုပ်တော့ဘာရသလဲ ဒီခေတ်ဘဏ္ဍာရေးမှာအတွက်အချက်အကောင်းဆုံးတွေဖြစ်တဲ့ကမ္ဘာ့ဘဏ်လိုအဖွဲ့အစည်းမျိုးကတောင်”မြန်မာ့စီးပွါးရေးကို တွက်ချက်ခြင်းငှါမစွမ်းသာတော့ဘူး ၊ဒါကြောင့်အလားအလာသုံးသပ်ချက်လည်းဘယ်လိုမှရေးလို့မရဘူး “လို့ညည်းတွားဝန်ခံပြီး မြန်မာတနိုင်ငံထဲ ထူးကဲချန်လှပ်ထားခံ ဘဝ ရောက်ခဲ့ပါပြီ။ စစ်ရေးမှာ တိုင်းရင်းသားတွေကစခန်းတွေပါသိမ်းပြတယ်။ စကစတပ်မှူးတွေကို ရာဇသံပြတ်ပြတ်ပေးတယ်။စကစ အသံတိတ်ဇာတ်ကားရိုက်သွားရ။ NUGကာ/ဝန် […]