News

လူထုတရားစီရင်ရေး ခံယူနိုင်စွမ်းရှိအောင် အသင့်ပြင်ထားကြရန်စစ်အုပ်စုကို ယာယီသမ္မတ သတိပေး

လူထုတရားစီရင်ရေး ခံယူနိုင်စွမ်းရှိအောင် အသင့်ပြင်ထားကြရန်စစ်အုပ်စုကို ယာယီသမ္မတ သတိပေး ▪️ကြားကာလ ဖွဲ့စည်းပုံရေးဆွဲနေမှု အပါအဝင် NUG၏ နိုင်ငံရေးလမ်းပြမြေပုံကိုချပြ ▪️ခုခံစစ်တစ်နှစ်အတွင်းစစ်ကောင်စီဘက်က ၂၀,၀၀၀ကျော်သေဆုံးပြီး တိုင်းရင်းသားလက်နက်ကိုင်နှင့် PDF ရဲဘော် ၁,၅၀၀ ကျော်ကျဆုံး ခင်ဝေ/People’s Spring စစ်အာဏာရှင်ဖြုတ်ချရေး အဆုံးသတ်တိုက်ပွဲအနှေးနှင့်အမြန် ပေါ်ပေါက်လာမည်ဖြစ်ပြီး ကျန်နေသည့် စစ်အုပ်စုများအနေဖြင့် လူထုတရားစီရင်ရေး ခံယူနိုင်စွမ်းရှိအောင် ယခုကတည်းက အသင့်ပြင်ထားကြရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။ ယနေ့ (စက်တင်ဘာ ၇ရက်) […]

News

မြင်းမူမြို့နယ်အတွင်းက Elite ကားပျောက်တဲ့နေရာမှာ DENKO ဆီဘောက်ဆာကား ၁ စီးထပ်မံပျောက်ဆုံး

မြင်းမူမြို့နယ်အတွင်းက Elite ကားပျောက်တဲ့နေရာမှာ DENKO ဆီဘောက်ဆာကား ၁ စီးထပ်မံပျောက်ဆုံး ဟိန်းစံ/ဧရာဝတီတိုင်းမ် (မြင်းမူ)၊ စက်တင်ဘာလ ၇ ရက် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း မန္တလေး-မုံရွာကားလမ်းမ ဂွေးပင်တောကျေးရွာအနီးမှာ စက်တင်ဘာလ ၆ ရက် မနေ့မနက်ပိုင်းက DENKO ဆီဘောက်ဆာကားတစီးပျောက်ဆုံးနေတယ်လို့ DENKO ဆီဆိုင်ဝန်ထမ်းအသိုင်း အဝိုင်းဆီကသိရပါတယ်။ ဂွေးပင်တောရွာ ဘုန်းကြီးကျောင်းအနီးမှာ ဒန်ကိုစက်သုံးဆီဘောက်ဆာ ဂါလံ ၂၈၀၀ ဆန့် ၈ ဘီး ယာဉ်တစီး ပျောက်ဆုံးနေပြီး […]

News

92/95 Ron စျေးနှုန်းထပ်မံမြင့်တက်လာပြီး ဒီဇယ်စျေးနှုန်း မဆိုစလောက်လေးကျလာတဲ့ တိုင်းဒေသအသီးသီးရှိ စက်သုံးဆီစျေးနှုန်းများ

92/95 Ron စျေးနှုန်းထပ်မံမြင့်တက်လာပြီး ဒီဇယ်စျေးနှုန်း မဆိုစလောက်လေးကျလာတဲ့ တိုင်းဒေသအသီးသီးရှိ စက်သုံးဆီစျေးနှုန်းများ ပြည်တွင်းမှာစက်သုံးဆီဈေး ကြီးမြင့်လာတာကြောင့်အခြေခံကုန်ဈေးနှုန်းကြီးမြင့်လာမှုကိုသက်သာစေဖို့ အတွက်အမေရိကန်ဒေါ်လာသန်း (၂၀၀) ကျော်ထုတ်ချေးပြီးသွားပြီဖြစ်ပြီး နောက်ထပ်လည်း စက်သုံးဆီနှင့် စားသုံးဆီတင်သွင်းသူတွေကို ဒေါ်လာများထပ်မံထုတ်ချေးပေးမည်ဟုဗဟိုဘဏ်ကထုတ်ပြန်ထားပါတယ်။ဒါပြင် ရုရှားမှ စက်သုံးဆီသင်္ဘောများ စတင်ဘာလထဲရောက်ရှိမယ်လို့ လည်းထုတ်ပြန်ထားတာပဲဖြစ်ပါတယ်။ သို့သော် ပြည်တွင်းရှိစက်သုံးဆီစျေးနှုန်းများမှာ စျေးနှုန်းကျသွားခြင်းမရှိဘဲ တက်ပြီးရင်းတက်နေပါတယ်။ စတင်ဘာလ(၆)ရက်နဲ့ (၇)ရက်အတွင်းပျမ်းမျှ တစ်လီတာကို ၁၀၀ဝန်းကျင်လောက်မြင့်တက်လာတာပဲဖြစ်ပါတယ်။ စတင်ဘာလ (၇)ရက်နေ့ ယနေ့ စျေးကွက်အတွင်းမှာဖြစ်ပေါ်နေတဲ့တိုင်းဒေသကြီးအသီးသီးရှိစက်သုံးဆီစျေးနှုန်းများကိုစုစည်းဖော်ပြပေးလိုက်ပါတယ်။ ရန်ကုန် 92 Ron […]

News

NCAလက်မှတ်ထိုးထားသည့် DKBAစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောစတီးနေအိမ် ဒရုန်းဖြင့် ဗုံးကြဲခံရ

NCAလက်မှတ်ထိုးထားသည့် DKBAစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောစတီးနေအိမ် ဒရုန်းဖြင့် ဗုံးကြဲခံရ ကိုကိုနေတိုး မဇ္ဈိမ။ ။ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA)ဗဟိုဌာနချုပ်ရှိရာ ဆုံဆည်းမြိုင်စခန်းဝန်းထဲရှိ DKBAစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောစတီးနေအိမ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။ ကရင်ပြည်နယ် မြဝတီခရိုင်၊ မြဝတီ-ဝေါလေ ကားလမ်းမဘေးရှိ DKBAဗဟိုဌာနချုပ် ဆုံဆည်းမြိုင်စခန်းရှိ ၎င်းနေအိမ်ကို စက်တင်ဘာ ၆ရက်နေ့ ည ၁၂နာရီဝန်းကျင်တွင် ဗုံကြဲတိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။ “ထိခိုက်မှုတော့မရှိဘူး နည်းနည်းပဲပျက်စီးသွားတာပါ၊ အိမ်ဘေးကို ကျတာပါ၊ သူ့(ဗိုလ်ချုပ်ကြီးစောစတီး)အိမ်နားမှာက စစ်ကောင်စီတပ်သားတွေရှိတယ်လေ၊ […]

News

PDF တပ်ရင်းပေါင်း ၃၀၀ကျော် ဖွဲ့စည်းထားနိုင်ပြီဟု D Day တစ်နှစ်ပြည့်တွင် NUG ယာယီသမ္မတပြော

PDF တပ်ရင်းပေါင်း ၃၀၀ကျော် ဖွဲ့စည်းထားနိုင်ပြီဟု D Day တစ်နှစ်ပြည့်တွင် NUG ယာယီသမ္မတပြော ======================= ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ရင်းပေါင်း ၃၀၀ကျော် ဖွဲ့စည်းထားနိုင်ပြီဟု ပြည်သူ့ခုခံတော်လှန်စစ် တစ်နှစ်ပြည့် (ယနေ့စက်တင်ဘာလ၇ရက်)တွင် ပြောသည့် မိန့်ခွန်းတွင် အမျိုးသားညီညွတ်‌ေရးအစိုးရ NUG ၏ ယာယီသမ္မတ ဒူဏ္ဝါလရှီးလက ဆိုသည်။ ထို့အပြင် NUG၏ ကာကွယ်ရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်တွင်မရှိသေးသည့် PDF အဖွဲ့များနှင့်လည်း ချိတ်ဆက်နေပြီး လမ်းဖွင့်ကြိုဆိုထားကြောင်းပြောသည်။ NUG […]

News

ယနေ့ စက်တင်ဘာ ၇ ၊ ၂၀၂၂ ဗုဒ္ဓဟူးနေ့ နေ့ လယ်ပိုင်း ဖြစ်ပေါ်နေသော ရွှေစျေး ၊ စက်သုံးဆီစျေးနှင့် ပြည်တွင်းနိုင်ငံခြားငွေလဲနှုန်းထားများ…

ယနေ့ စက်တင်ဘာ ၇ ၊ ၂၀၂၂ ဗုဒ္ဓဟူးနေ့ လယ်ပိုင်းဖြစ်ပေါ်နေသော ကမ္ဘာ့ရွှေစျေး ၊မြန်မာ့ရွှေစျေး ၊ ဒီဇယ်စျေးကျပြီး ဓာတ်ဆီစျေးတက်နေသည့် စက်သုံးဆီစျေးနှင့် ပြည်တွင်းနိုင်ငံခြားငွေလဲနှုန်းထားများ… ရန်ကုန်မြို့တွင် ဖြစ်ပေါ်သော အမေရိကန်ဒေါ်လာ ငွေလဲနှုန်းသည် မနက်ပိုင်းက တစ်ဒေါ်လာ ကျပ် 3550-3650 ဝန်းကျင် ဖြစ်သည်။ ဗဟိုဘဏ် ရည်ညွှန်းဈေး ကျပ် 2100 (± 3) ဖြစ်သည်။ အခြားငွေကြေးလဲနှုန်းများမှာ ယူရိုဒေါ်လာ 3300-3650 ကျပ်၊ […]

News

ရုရှားသမ္မတပူတင်ကို ကမ္ဘာ့ခေါင်းဆောင်ကြီးဟု မင်းအောင်လှိုင်ပြော

ရုရှားသမ္မတပူတင်ကို ကမ္ဘာ့ခေါင်းဆောင်ကြီးဟု မင်းအောင်လှိုင်ပြော ရုရှားနိုင်ငံတွင် ကျင်းပနေသော စီးပွားရေးဖိုရမ်အတွင်း သမ္မတပူတင်နှင့် ယနေ့ (စက်တင်ဘာ ၇) တွေ့ဆုံစဉ် ကမ္ဘာ့ခေါင်းဆောင်ကြီးဖြစ်သည်ဟု အာဏာသိမ်းခေါင်းဆောင်က မင်းအောင်လှိုင်က မြှောက်ပင့်ပြောဆိုလိုက်သည်။ ရုရှားနိုင်ငံအနေဖြင့် လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ ကတည်းက ခက်ခဲသောအချိန်ကာလကို ဖြတ်သန်း နေခဲ့ရပြီး ရုရှားသမ္မတသည် နိုင်ငံတကာအခင်းအကျင်းတွင် တည်ငြိမ်မှုရှိအောင် ဖန်တီးပေးနေသူ ဖြစ်ကြောင်း မင်းအောင်လှိုင်က ပြောဆိုသည်ဟု ရုရှားနိုင်ငံပိုင် သတင်းဌာန TASS က ရေးသားသည်။ “ရုရှားနိုင်ငံခေါင်းဆောင် […]

News

ကုလ သမဂ္ဂအတွင်းရေးမှူးချုပ် တကယ်စိုးရိမ်ရပြီ

ကုလ သမဂ္ဂအတွင်းရေးမှူးချုပ် တကယ်စိုးရိမ်ရပြီ ကုလသမဂ္ဂအထွေထွေညီလာခံတက်ရောက်မဲ့ အဖွဲ့ခေါင်းဆောင်နိုင်ငံခြားရေးဝန်ကြီးအပါဝင် ရုရှားကိုယ်စား လှယ်အဖွဲ့ဝင်အားလုံးကို အမေရိကန်က အခုထိ ပြည်ဝင်ခွင့်ဗီဇာ ထုတ်မပေးသေးဘူးလို့ ရုရှားအမြဲတမ်းကိုယ်စားလှယ် ဗာဆီလီ နီဗန်ညားက ပြောပါတယ်။ အမေရိကန်ဗီဇာအမြန်ရရေး ကူညီဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဆီကို စက်တင်ဘာ ၃ ရက်နေ့က စာပေးပို့ထားခဲ့ပေမဲ့ အခုထိ ထူးခြားမှုမရှိဘူးလို့လည်း ဗာဆီလီ နီဗန်ညားက ပြောပါတယ်။ ပြီးခဲ့တဲ့အပတ်က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂရဲအရာရှိများနဲ့ ငြိမ်းချမ်းရေးထိမ်းသိမ်းရေးဆိုင်ရာ အစည်းအဝေးမှာလည်း ရုရှားပြည်ထဲရေးဝန်ကြီး ဗလာဒီမာ ကိုလိုကော့ဆက်ဗ်ကို […]

News

မြင်းမူမြို့အထက(၁)ကျောင်းအတွင်းမှ စခ(၂၀)ခန့်အား၄၀မမနှင့် ပစ်ခတ်တိုက်ခိုက်၉ ရုပ်သံ

မြင်းမူမြို့အထက(၁)ကျောင်းအတွင်းမှ စစ်ခွေး(၂၀)ခန့်အား၄၀မမနှင့် ပစ်ခတ်တိုက်ခိုက် MMUမဟာမိတ်အဖွဲ့များသည် ၆.၉.၂၀၂၂ည(၈)နာရီ(၁၅)မိနစ်အချိန်ခန့်တွင် မြင်းမူမြို့အထက(၁)ကျောင်းအတွင်းမှစစ်ခွေး(၂၀)ခန့်အား ၄၀မမနှင့်ခွေးအုပ်စုကြားသို့ပစ်ခတ်ခြင်း၊အထူးပြုလုပ်ထားသောမိုင်း(မိုင်းဘီလူး)ဖြင့်မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးမြို့ရှောင်လမ်းတွင်လည်းအာရုံလွှဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပါသည်၊၊ ခွေးအုပ်စုကြားထဲသို့အပီအပြင်တိုက်ခိုက်နိုင်ခဲ့ခြင်းကြောင့်ခွေးအသေအပျောက်များနိုင်ပါသည်၊၊ စစ်ခွေးအချို့နှင့်တော်လှန်ရေးရဲဘော်များအပြန်အလှန်ပစ်ခတ်ခဲ့သော်လည်းတော်လှန်ရေးရဲဘော်များမှအထိအခိုက်မရှိအောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်၊၊ အဆိုပါ တိုက်မှု့ ကို အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့(PAFD).တပ်ခွဲDK PDF(MMU) People Knight Defence Foce Myinmu(PKDF MMU) .TAUNGTHA(TTA PDF).D.B.B.F အဖွဲ့မှတုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု DK PDF-MMU မှထုတ်ပြန်ထားပါသည်။ မြင်းမူမြို့အထက(၁)ကျောင်းအတွင်းမှ စစ်ခွေး များသည် ကျောင်းတွင်းအထိုင်ချကာ မြင်းမူနယ် မှ ကျေး ရွာ များကို […]

News

ဆုတောင်း ပြည့်ပြီထင်

ဆုတောင်း ပြည့်ပြီထင် ဗလာဒီဗော့စတော့တွင် ကျင်းပနေသည့် အရှေ့အာရှ စီးပွားရေး ဖိုရမ်သို့ တက်ရန်ဟု ဆိုကာ ရောက်ရှိနေသည့် မင်းအောင်လှိုင်အား ပူတင်မှ ဗုဒ္ဓဟုးနေ့တွင်လက်ခံ တွေ့ဆုံမည် ကရင်မလင်မှ ကြေညာချက် ထွက်လာ၍ မင်း‌ အောင်လှိုင် အဖို့သမ္မတ ဖြစ်ချင်သည့် ဆန္ဒပြီးလျှင် ဒုတိယ အပြင်းပြဆုံး ဆန္ဒပြည့်ဝသွားခဲ့ပြီ ဖြစ်သည်။ ဤသည်ကား မင်းအောင်လှိုင် ကာချုပ် ဖြစ်လာချိန်မှစပြီး ပူတင် နှင့် ပထမဆုံး တွေ့ခွင့်ရသွားခဲ့ခြင်းပင် ဖြစ်သည်၊ […]