News

တစ်ဒေါ်လာကို ၁ သောင်းဖြစ်တာ၊ တစ်ဒေါ်လာကို ၁ ကျပ်ဖြစ်တာ အဲဒါတွေက ဘာမှ အရေးမကြီးဘူး

ဒေါ်လာဈေးက တစ်ဒေါ်လာကို ၁ သောင်းဖြစ်တာ၊ တစ်ဒေါ်လာကို ၁ ကျပ်ဖြစ်တာ အဲဒါတွေက ဘာမှ အရေးမကြီးဘူး။ အရေးကြီးတာက အတက်၊ အကျရဲ့ အကွာအဝေး နဲ့ ဖြစ်တဲ့ အကြိမ်ရေ အဲဒါက အရေးကြီးတာ။ ဒေါ်လာဈေးက ၁ သောင်းဖြစ်လည်း တည်ငြိမ်နေရင် စီးပွားရေး လုပ်လို့ရတယ်။ တစ်သိန်း ဖြစ်လည်း လုပ်လို့ရတယ်။ တည်ငြိမ်နေဖို့ပဲ လိုတယ်။ အတက်အကျဟာ ဒီနေ့ ၅၀၀၀ ဖြစ်ပြီး မနက်ဖြန် […]

News

မြ၀တီ-ဝေါ်လေ လမ်းပေါ်တွင် လက်နက်၊ ရိက္ခာ လာကူသည် စစ်တပ်မှ ဗိုလ်ကြီး ရဲရင့်မောင်နှင့် အဖွဲ့ဝင် ၆ ဦးကို ဖမ်းဆီးရမိ၊

မြ၀တီ-ဝေါ်လေ လမ်းပေါ်တွင် လက်နက်၊ ရိက္ခာ လာကူသည် စစ်တပ်မှ ဗိုလ်ကြီး ရဲရင့်မောင်နှင့် အဖွဲ့ဝင် ၆ ဦးကို ဖမ်းဆီးရမိ၊ လက်နက် ၆ လက်နှင့် ၄၀၊ ၆၀ မမ ကျည် ၄၀၀ အပါအဝင် ခဲယမ်းရိက္ခာများ သိမ်းဆည်းရမိ ရန်ကုန်၊ စက်တင်ဘာ ၉ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မြဝတီ-ဝေါလေကားလမ်းတွင် လက်နက်နှင့် ရိက္ခာ လာပို့သည့် အကြမ်းဖက်စစ်တပ်၏ ခမရ ၁၀၂ […]

News

ယနေ့ ၉၊ ၉ ၊ ၂၀၂၂ ကြာသပတေးနေ့ ရွှေစျေး ငွေစျေး စက်သုံးဆီစျေးများ…..

ယနေ့ စက်တင်ဘာ ၉ ၊ ၂၀၂၂ ကြာသပတေးနေ့ ရန်ကုန်မြို့တွင် ဖြစ်ပေါ်သော အမေရိကန်ဒေါ်လာ ငွေလဲနှုန်းသည် တစ်ဒေါ်လာ ကျပ် 3580-3650 ဝန်းကျင် ဖြစ်သည်။ ဗဟိုဘဏ် ရည်ညွှန်းဈေး ကျပ် 2100 (± 3) ဖြစ်သည်။ အခြားငွေကြေးလဲနှုန်းများမှာ ယူရိုဒေါ်လာ 3400-3650 ကျပ်၊ စင်ကာပူ ဒေါ်လာ 2400-2650 ကျပ်၊ မလေးရှား ရင်းဂစ် 765-865 ကျပ်၊ ထိုင်း […]

News

မှောင်ခိုဈေးကွက်နဲ့ တရားဝင် ဈေးကွက် စျေးကွက်နှစ်ခုကို ခွင့်ပြုတဲ့ မူဝါဒအဖြစ် အကျိုးသက်ရောက်ပါတယ်

မြန်မာနိုင်ငံရှိ နိုင်ငံတကာကုမ္ပဏီများသည် ကြီးထွားလာနေသော အမေရိကန်ဒေါ်လာ ပြတ်လပ်မှုကြောင့် ရုန်းကန်နေရသည်။ မှားယွင်းသော နိုင်ငံခြားငွေထိန်းချုပ်မှုသည် အခြေအနေကို ပိုမိုဆိုးရွားစေပြီး စီးပွားရေးလုပ်ငန်း ဆက်လက်ရပ်တည်နိုင်‌ရေးကို အန္တရာယ်ပြုနေသည်။“နိုင်ငံခြားသုံးငွေ မရရှိတာက ကျွန်တော်တို့ရဲ့ အကြီးမားဆုံး ပြဿနာပါပဲ” ဟု မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသည့် ဂျပန်ကုန်သွယ်မှုလုပ်ငန်းတစ်ခု၏ ဒေသခံ အမှုဆောင်တစ်ဦးက ပြောသည်။ နိုင်ငံတွင်းရှိ နိုင်ငံခြားကုမ္ပဏီများသည် ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှုမှ ရရှိသော မြန်မာကျပ်ငွေကို ကုန်ကြမ်းဝယ်ယူရန် သို့မဟုတ် သွင်းကုန်များ တင်သွင်းရန်အတွက် အမေရိကန် […]

News

လက်ရှိအချိန်က တန်ပြန်ထိုးစစ်အကြိုကာလဖြစ် တယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် အသိပေး

လက်ရှိအချိန်က တန်ပြန်ထိုးစစ်အကြိုကာလအဖြစ် မှတ်ယူနိုင်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် အသိပေး ◾️ လွတ်မြောက်ဒေသတစ်ခု မကြာခင်ပေါ်လာတော့မယ်လို့ ပြောကြား စက်တင်ဘာ ၉ ၊ ၂၀၂၂ လက်ရှိအချိန်ကာလကို စစ်ရေးအရ တန်ပြန်ထိုးစစ်အကြိုကာလအဖြစ် မှတ်ယူနိုင်တယ်ဆိုတာနဲ့ ပြောက်ကျားလှုပ်ရှားမှု တွေကို ဒီထက်ပိုပြီးလုပ်ဆောင်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားလိုက်ပါတယ်။ ‘လက်ရှိပြင်ဆင်နေတာက တန်ပြန်ထိုးစစ်အတွက်။ ဒီနေ့ ဒီအချိန်ကို တန်ပြန်ထိုးစစ် အကြိုကာလလို့ မှတ်ယူလို့ရနိုင် တယ်။ တစ်ဖက်မှာ […]

News

ကွယ်လွန်သူ အဲလိဇဘက် ဘုရင်မကြီးနဲ့ ကျိန်စာသင့် ကမ္ဘာကျော် ကိုဟီးနူးစိန်ကြီး အကြောင်း

ကိုဟီးနူး စိန်ကြီးကို ၁၄၇၁-ခုနှစ်က အိန္ဒိယနိုင်ငံ Karnataka ကတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့အကြီးဆုံးစိန်စာရင်းဝင်ဖြစ်ပြီး ပါရှန်း ဘာသာဖြင့် အလင်းတောင်ကြီး ဟူ၍ အဓိပ္ပါယ်ရ ပါတယ်။ ( ဟိန္ဒူကျမ်းဂန်များတွေမှာတော့ ရှေးနှစ်ပေါင်း ၅ဝဝဝ ခန့်က အိန္ဒိယနိုင်ငံ ῾ ဂေါဒဗရီ ᾽ မြစ် အနီးမှ ရရှိခဲ့တယ်လို့ ဆိုပါတယ်)။ အရွယ်အစားနှင့် အချိုးမျှတမှုကြောင့် အလှဆုံးစာရင်းဝင်စိန်ကြီးလည်း ဖြစ်ပါတယ်။ စတင်တွေ့ရှိချိန်က ၇၉၃ ကာရက် ရှိခဲ့တာကြောင့် […]

News

တစ်ဒေါ်လာ ၃၅၀၀ ဝန်းကျင်က အခြေခံစျေးလိုဖြစ်သွားပြီ။ ပြန်ကျသွားဖို့က လမ်းမမြင်တော့

အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၃၅၀၀ ဝန်းကျင်တွင် အခြေခံစျေးအဖြစ် ရပ်တည်နေပြီး ပြန်လည် ကျဆင်းရန် လမ်းမမြင်၊ ဗဟိုဘဏ်သတ်မှတ်စျေး တစ်ဒေါ်လာ ၂၁၀၀ ကျပ် လုံး၀ အလုပ်မဖြစ် ရန်ကုန်၊ စက်တင်ဘာ ၉ အမေရိကန်ဒေါ်လာ တန်ဖိုးသည် တစ်ဒေါ်လာလျှင် ငွေကျပ် ၃၅၀၀ ကျပ်ဝန်းကျင်တွင် အခြေခံစျေးကွက်၏ သတ်မှတ်စျေးအဖြစ် ရပ်တည်နေပြီး ပြန်လည် ကျဆင်းရန် မလွယ်ကူတော့ကြောင်း ရန်ကုန်စီးပွားရေးအသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ စက်တင်ဘာလ ပထမအပတ်တွင် […]

News

NUG နိုင်ငံခြားရေးဝန်ကြီးနှင့် ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးတို့ မြန်မာ့အရေး တွေ့ဆုံဆွေး နွေး၊ NUG အစိုးရကို ချက်သမ္မတနိုင်ငံက အားပေးထောက်ခံ အသိအမှတ်ပြု

NUG နိုင်ငံခြားရေးဝန်ကြီးနှင့် ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးတို့ မြန်မာ့အရေး တွေ့ဆုံဆွေး နွေး၊ NUG အစိုးရကို ချက်သမ္မတနိုင်ငံက အားပေးထောက်ခံ အသိအမှတ်ပြု ရန်ကုန်၊ စက်တင်ဘာ ၉ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ လီပ့ါဗ်စကီး ( Mr. Jan Lipavský ) နှင့် ချက်သမ္မတနိုင်ငံ တွင် […]

News

ဗြိတိသျှ ဘုရင်မကြီး Elizabeth II ကွယ်လွန်

ဗြိတိသျှ ဘုရင်မကြီး Elizabeth II ကွယ်လွန်ပြီ ရန်ကုန်၊ စက်တင်ဘာ ၉ ဗြိတိန်ပြည်ထောင်စုကို ဆယ်စုနှစ် ၇ ခုကြာ အုပ်စိုးခဲ့သည့် အသက် ၉၆ နှစ်အရွယ် ဗြိတိန်ဘုရင်မကြီး Elizabeth II သည် ကွယ်လွန်သွားပြီဖြစ်ကြောင်း Buckingham နန်းတော်က ကြေညာလိုက်ပြီဖြစ်သည်။ ဖခင်ဖြစ်သူ ဘုရင် ဂျော့ခ်ျ VI ကွယ်လွန်ပြီးနောက် ၁၉၅၂ ခုနှစ်တွင် Elizabeth II ထီးနန်း ဆက်ခံနန်းတက်ခဲ့ခြင်းဖြစ်သည်။ […]

News

ရင်ခုံစိတ်လှုပ်ရှား ဖွယ်ရာတွေ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေပြီ

ရင်ခုံစိတ်လှုပ်ရှား ဖွယ်ရာတွေ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေပြီ ********************** ကမ္ဘာ့ဘဏ်မှ မြန်မာ စီးပွားရေး သည် လှုပ်လှိလှုပ်လဲ့ အခြေအနေဖြစ်ပြီး GDP သည် ၁၃ ရာနှုန်းခန့် ကျုံ့ဝင် သွားပြီ ဖြစ်၍ ယခင် အနေအထား အတိုင်း ပြန်ရောက်အောင် ဆယ်စုနှစ် မျှ ကြာနိုင်သည်။ လူဦးရေ၏ ၄၀ ရာနှုန်းသည်လည်း ကုလ သတ်မှတ်ထားသော ဆင်းရဲ မွဲတေမှု နှုန်း အောက်တွင် နေထိုင်လျှက် […]