News

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် အရေးပေါ်ကြေညာချက်ထုတ်ပြန်

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် အရေးပေါ်ကြေညာချက်ထုတ်ပြန် ~~~ ■ စစ်ကောင်စီဟာ အခု သီတင်းပတ်အတွင်း ရခိုင်ပြည်နယ်အနှံ့က တပ်စခန်းတွေကို စစ်သည်၊ လက်နက်ခဲယမ်း ၊ စစ်သင်္ဘော၊ စစ်ကား၊ စစ်ရဟတ်ယာဉ်တွေ အပါအဝင် အရပ်ဘက်သုံးယာဉ်မျိုးစုံနဲ့ ကုန်း၊ ရေ၊ လေ လမ်းကြောင်းတွေကနေ ဆက်တိုက်အင်အားဖြည့်တင်းနေတဲ့အတွက် ရခိုင့်တပ်တော်အနေနဲ့ စစ်ကောင်စီသွားလာနေတဲ့လမ်းကြောင်းတွေမှာ ပြေးဆွဲနေကြတဲ့ ကုန်းလမ်း၊ ရေလမ်းယာဉ်အားလုံးကို စစ်ရေးအခြေအနေအရ ရပ်တန့်စစ်ဆေးသွားမှာဖြစ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က စက်တင်ဘာလ ၁၄ ရက် နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ […]

News

ကျဖို့ လမ်းမမြင်တဲ့ ဆန်ဈေးနဲ့ ဆန်တွေ စုထားရမယ့် အချိန် ရောက်တော့မှာလား…

ပြည်တွင်း ဆန်စျေးကွက်ထဲ တလအတွင်း ဆန်အမျိုးအစားအလိုက် စျေးနှုန်းတွေက ထပ်မံမြင့်တက်လာနေပြီး လက်လီစျေးကွက်ထဲ ရွှေဘိုပေါ်ဆန်းတစ်အိတ် ကျပ်တစ်သိန်းဝန်းကျင်အထိ ဖြစ်လာတယ်လို့ ဆန်ဝယ်ယူသူတွေဆီကနေ သိရပါတယ်။ မြန်မာနိုင်ငံဆန်စပါးအသင်းက ထုတ်ပြန်တဲ့ ဆန်စျေးနှုန်းတွေအရ ပြီးခဲ့တဲ့ သြဂုတ်လ ဒုတိယအပတ်နဲ့ အခု စက်တင်ဘာ ဒုတိယအပတ်တို့ နှိုင်းယှဉ်မယ်ဆိုရင် အမျိုးအစားအလိုက် ဆန်တစ်အိတ်ကို ကျပ် ၁၀၀၀၀ ၀န်းကျင်လောက် ထပ်မံမြင့်တက်ခဲ့တာ ဖြစ်ပါတယ်။ စက်တင်ဘာလ ဒုတိယအပတ်မှာတော့ ဖျာပုံပေါ်ဆန်းတစ်အိတ်ကို ၆၇၀၀၀ ကျပ်၊ တောင်ပျံတစ်အိတ်ကို […]

News

ရန်ကုန် စမ်းချောင်း ရပ်ကွက်ရုံး၊ မြောက်ဥက္ကလာ ယာဉ်ထိန်းရဲကင်း၊ သာကေတ၊ ကြည့်မြင်တိုင်တို့တွင် ဗုံးကွဲမှုများဖြစ်ပွား

ရန်ကုန် စမ်းချောင်း ရပ်ကွက်ရုံး၊ မြောက်ဥက္ကလာ ယာဉ်ထိန်းရဲကင်း၊ သာကေတ၊ ကြည့်မြင်တိုင်တို့တွင် ဗုံးကွဲမှုများဖြစ်ပွား ရန်ကုန်၊ စက်တင်ဘာ ၁၄ ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ် ရပ်ကွက်ရုံး၊ မြောက်ဥက္ကလာပမြို့နယ် ယာဉ်ထိန်းရဲကင်း၊ သာကေတမြို့ နယ်နှင့်ကြည့်မြင်တိုင်မြို့နယ်တို့တွင် ယနေ့ ဗုံးကွဲမှုများ ဆက်တိုက်ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရှိရသည်။ စက်တင်ဘာ ၁၄ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်အချိန် ကျွန်းတောတောင်ရပ် ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ဗုံးပေါက်ကွဲခဲ့ကြောင်း ၊ […]

News

အင်အား ၂၀၀ နီးပါးရှိတဲ့ စစ်ကောင်စီအဖွဲ့ကို ဗိုလ်နဂါးရဲ့အထူးကွန်မန်ဒို ၁၃ဦးကတို-က်ခို-က်၊

အင်အား ၂၀၀ နီးပါးရှိတဲ့ စစ်ကောင်စီအဖွဲ့ကို ဗိုလ်နဂါးရဲ့အထူးကွန်မန်ဒို ၁၃ဦးကတိုက်ခိုက်၊ စကစဘက်ကသေ ဆုံးမှုရှိ BVJ၊ စက်တင်ဘာ ၁၄၊ ၂၀၂၂ အင်အား ၂၀၀ နီးပါးခန့်ရှိတဲ့ စစ်ကောင်စီအဖွဲ့ကို ဗိုလ်နဂါးဦးဆောင်နေတဲ့မြန်မာ့တော်ဝင်နဂါးတပ်တော် MRDA ရဲ့အထူးကွန်မန်ဒို၁၃ဦးက ပြောက်ကးတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က သေဆုံးမှုတွေရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၁၄ ရက် ဒီနေ့မနက် ၇နာရီခွဲက ပုလဲမြို့နယ်၊ ပန်းရွာနဲ့မွေ့တုံကျေးရွာအနီးမှာအင်အား ၁၈၀ ခန့်ရှိတဲ့ စစ်ကောင်စီအဖွဲ့ကို မြန်မာ့တော်ဝင်နဂါးတပ်တော်(M.R.D.A) ရဲ့ […]

News

14.9.2022 (ဗုဒ္ဓဟူးနေ့) ယနေ့ နေ့လည်ပိုင်းတွင် ဖြစ်ပေါ်နေသောတအိအိကျနေဆဲ ရွှေစျေး ဒေါ်လာစျေး ၊တက်ကောင်းနေဆဲစက်သုံးဆီစျေး…

14.9.2022 (ဗုဒ္ဓဟူးနေ့) ယနေ့ နေ့လည်ပိုင်းတွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာ ငွေလဲနှုန်းသည် အရွက်ဈေး 3200 – 3300 ကျပ် ဝန်းကျင်ဖြစ်သည်။(ဈေးမငြိမ်ပါ ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်သည်။) ဗဟိုဘဏ်ရည်ညွှန်းဈေး ကတော့ ထုံးစံအတိုင်း 2100 (± 3) ကျပ်သာဖြစ်သည် ။ (ဘယ်မှာမှ ဝယ်လို့မရပါ။) တခြားငွေလဲနှုန်းများမှာ ယူရိုဒေါ်လာ 3150-3350 ကျပ် စင်္ကာပူဒေါ်လာ 2280 -2380 ကျပ် မလေးရှားရင်းဂစ် 670 – […]

News

O တပ်မတော်နဲ့ AA တပ်တော်တို့ထိပ်သီးခေါင်းဆောင်များ မိုင်းလားမှာမျက်နှာခြင်းဆိုင် တွေ့ဆုံဆွေးနွေး

“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် နှင့် ရက္ခိုင့်တပ်တော်တို့ မျက်နှာချင်းဆိုင်‌ တွေ့ဆုံဆွေးနွေး၊ ရက္ခိုင့်တပ်တော် ဒု-စစ်ဦးစီးချုပ် Dr.ညိုထွန်းအောင် မိုင်ထောင်ကျော် ဖြတ်ကျော်ပြီး အစည်းအဝေး တက်ရောက် ထိုက်ရန် (Article) “ဝ”ပြည်၏ မဟာမိတ် ရက္ခိုင့်တပ်တော် ဒု-စစ်ဦးစီးချုပ်လည်းဖြစ် ဗိုလ်မှူးချုပ်ညိုထွန်းအောင် ခုတလော မိုင်းလားသို့ လာရောက်ပြီး “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ခေါင်းဆောင်သစ်/ဟောင်းများနှင့် တွေ့ဆုံခဲ့ပါတယ်။ ဒု-စစ်ဦး စီးချုပ် Dr.ညိုထွန်းအောင်သည် ကချင်တပ်မတော် ဌာနချုပ်ရှိရာ လိုင်ဇာမှာ နေထိုင်သော်လည်း ယခုအကြိမ် တွေ့ဆုံဆွေးနွေးမည့် အခွင့်အရေးကို […]

News

ကုလသမဂ္ဂအထွေထွေညီလာခံဖွင့်ပွဲကို သံအမတ်ကြီးဦးကျော်မိုးထွန်းတက်ရောက်

ကုလသမဂ္ဂအထွေထွေညီလာခံဖွင့်ပွဲကို သံအမတ်ကြီးဦးကျော်မိုးထွန်းတက်ရောက် ▪︎မြန်မာကိုယ်စားပြုခွင့်ကို သံအမတ်ကြီးဦးကျော်မိုးထွန်းဆက်လက်ရရှိလိမ့်မည်ဟု NUG ၀န်ကြီးပြော People’s Spring ၇၇ ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံဖွင့်ပွဲအခမ်းအနားကို မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းတက်ရောက်ခဲ့ကြောင်း NUG ပြည်ထောင်စုဝန်ကြီးတစ်ဦးကပြောသည်။ မြန်မာစံတော်ချိန် ယမန်နေ့(စက်တင်ဘာ ၁၄ည)တွင်ကျင်းပခဲ့သော ၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံဖွင့်ပွဲကို အစီအစဥ် ၄ ရပ်ပါဝင်ပြီး လာမည့် တစ်နှစ်တာ ကုလသမဂ္ဂအထွေထွေညီလာ ခံကို တက်ရောက်ခွင့်ရရှိရေးအတွက် အဆုံးအဖြတ်ပြုမည့် Credentials Committee အဖွဲ့၀င်နိုင်ငံစာရင်းကို ကြေညာခဲ့သည်။ Credentials Committee တွင် […]

News

ကမ္ဘာ့ ၂၄ နိုင်ငံက စစ်တပ်အကြီးအကဲတွေ ရိုဟင်ဂျာဒုက္ခသည်စခန်းကို သွားရောက်

ကမ္ဘာ့ ၂၄ နိုင်ငံက စစ်တပ်အကြီးအကဲတွေ ရိုဟင်ဂျာဒုက္ခသည်စခန်းကို သွားရောက် ~~~ ■ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်နေတဲ့ ကမ္ဘာ့နိုင်ငံပေါင်း ၂၄ နိုင်ငံက စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေဟာ ကော့ဆက်ဘဇားပြည်နယ်က ရိုဟင်ဂျာဒုက္ခသည်စခန်းကို မနေ့က သွားရောက်ကြည့်ရှုခဲ့ကြပါတယ်။ သူတို့ဟာ ဘင်္ဂလားဒေ့ရှ် နဲ့ အမေရိကန်တို့ ဦးဆောင်ကျင်းပတဲ့ ၄၆ ကြိမ်မြောက် အင်ဒို-ပစိဖိတ် စစ်တပ်များ စီမံခန့်ခွဲမှုနှီးနှောဖလှယ်ပွဲ (IPAMS)-2022 ကို တက်ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေကြတာပါ။ အမေရိကန်စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး […]